ချန်ပီယံလိဂ် ပွဲစဉ်-၄ မှ စိတ်ဝင်စားစရာ ထူးခြားမှတ်တမ်းများ

PC ; Internet

၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ် ၄ ကို ဒီသီတင်းပတ်မှာ ကစားသွားခဲ့ကြပါတယ်။ပွဲစဉ် ၂ပွဲ ကစားဖို့ကျန်နေသေးပေမယ့် ပီအက်စ်ဂျီ၊ဘိုင်ယန်မြူးနစ်နဲ့ဂျူဗင်တပ်တို့ ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြတာတွေ့ရတယ်။ထူးခြားတာက လက်ရှိအချိန်ထိ ဒီရာသီချန်ပီယံလိဂ် သွင်းဂိုး ၂၀၇ အနက် ၅၆ဂိုးကို ဒီပွဲစဉ်မှာ သွင်းယူသွားခဲ့ကြတာပါပဲ။ဒါ့အပြင် အခုချိန်ထိ ဂိုးတစ်ဂိုးမှမရသေးတဲ့ အသင်းအဖြစ် ဂါလာတာဆာရေးမှတ်တမ်းဝင်နေတာ၊ရီးရဲလ်လူငယ်တိုက်စစ်မှူးလေးရိုဒရီဂိုက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၉၆ကြိမ်မြောက် ဟက်ထရစ်ကိုသွင်းယူသွားတာအပါအဝင် ထူးခြားတဲ့မှတ်တမ်းတစ်ချို့ရှိနေပါသေးတယ်။

pc ; Internet

ဟာလန်းခြေစွမ်းအံ့မခန်း
ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ဆယ်ကျော်သက်လေးတွေထဲမှာ ခေါင်းတစ်လုံးပိုမြင့်နေတာက ရက်ဘူးလ်ဆဲလ်ဘတ်တိုက်စစ်မှူးဟာလန်းပါပဲ။ဒီနော်ဝေတိုက်စစ်မှူးလေးဟာ သူ့ရဲ့ချန်ပီယံလိဂ်ပထမဆုံး ၄ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တယ်။တစ်နည်းအားဖြင့် ချန်ပီယံလိဂ်ပထမဆုံး ၄ပွဲမှာ ၇ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်။ချန်ပီယံလိဂ်ပထမဆုံး ၄ပွဲဆက်ဂိုးသွင်းနိုင်တဲ့ကစားသမားစာရင်းမှာတော့ ၄ယောက်မြောက်ပေါ့။ပေါ်တိုက ဇီကားလို့စ်၊ဂျူဗင်တပ်က ဒဲလ်ပီယာရိုနဲ့ အက်သလက်တီကိုက ဒီယေဂိုကော်စတာတို့နောက်ပိုင်း မှတ်တမ်းဝင်သွားခဲ့တာပါ။

PC ; Internet

မက်ဒရစ်မြေက သူရဲကောင်းလေး
ရီးရဲလ်ရဲ့ဘရာဇီးသား လူငယ်တိုက်စစ်မှူးလေးရိုဒရီဂိုကလည်း ဂါလာတာစာရေးကို ၆ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက် ၁၈ နှစ်နဲ့ဟက်ထရစ်ဂိုးသွင်းနိုင်တဲ့ ၅ ယောက်မြောက်ကစားသမား ဖြစ်လာသလို ဒီရာသီနဲ့ကြည့်ရင် တတိယမြောက်လူငယ်ကစားသမားလေးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့တာပါ။ ရီးရဲလ်ဂန္ထဝင်တိုက်စစ်မှူးရာအူးလ်က ဒီမှတ်တမ်းမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားဆဲဖြစ်ပါတယ်။ ရိုဒရီဂိုကတော့ ချန်ပီယံလိဂ်ဟက်ထရစ်ရှင်တွေထဲမှာ Perfect Hat-Trick သွင်းနိုင်တဲ့ ၉၆ ဦးမြောက်ကစားသမားဖြစ်လာသလို ဘရာဇီးသားတွေထဲမှာ အသက်အငယ်ဆုံးကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

PC ; Internet

မအိုသေးတဲ့ ဘန်ဇီးမားရဲ့ခြေစွမ်းတွေ
ရီးရဲလ်ဝါရင့်တိုက်စစ်မှူးဘန်ဇီးမားကလည်း ချန်ပီယံလိဂ်သမိုင်းမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီရဲ့ ၁၅ ပွဲ ဆက် ဂိုးသွင်းနိုင်တဲ့မှတ်တမ်းကို လိုက်မီနိုင်ခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၀၅-၀၆ ရာသီတုန်းက ရိုဆင်ဘော့ကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့ချန်ပီယံလိဂ်ပထမဆုံးဂိုးကို လိုင်ယွန်အတွက်သွင်းယူပေးနိုင်ခဲ့ တာပါ။ ပြင်သစ်ကလပ်အတွက် ၃ ရာသီအတွင်း ချန်ပီယံလိဂ် ၁၂ ဂိုးသွင်းယူပေးခဲ့တဲ့နောက် ၂၀၀၈-၀၉ နွေရာသီမှာ ရီးရဲလ်ကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းကတော့ ၆၁ ဂိုး ရှိနေပြီး စီရော်နယ်ဒို(၁၂၈ဂိုး)၊ မက်ဆီ (၁၁၃ ဂိုး)တို့နောက်မှာ ရပ်တည်နေပါတယ်။

PC ; Internet

လူစားဝင်လာပြီးထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဗို
ဘာစီလိုနာဂိုးသမားဟောင်း ဘရာဗိုကတော့ ချန်ပီယံလိဂ်သမိုင်းမှာ လူစားဝင်လာပြီး ထုတ်ပယ်ခံရတဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူဟာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အီဒါဆင်အစား ဝင်ကစားခွင့်ရခဲ့ပေမယ့် အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရတာပါ။ ဒါကြောင့် ချီလီသားဟာ အရန်ခုံကထလာပြီး ထုတ်ပယ်ခံရတဲ့ ပထမဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။

PC ; Internet

ပြန်လာနိုင်ခဲ့တဲ့အပြာရောင်တွေ
ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ်-၄ မှာ ချီးကျူးစရာကောင်းတာက ချဲလ်ဆီးရဲ့ ပြန်လာနိုင်စွမ်းပါပဲ။ ချဲလ်ဆီးဟာ ၃ ဂိုးပေးလိုက်ရပြီးတဲ့နောက် သရေကျအောင် ပြန်လည်ရုန်းကန်နိုင်တဲ့ တတိယမြောက်အင်္ဂလိပ်အသင်းအဖြစ် ချန်ပီယံလိဂ်သမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အေစီမီလန်နဲ့ ၂၀၀၄-၀၅ ဗိုလ်လုပွဲမှာ ပထမဆုံးအကြိမ်အ ဖြစ် လီဗာပူးစွမ်းဆောင်နိုင်ခဲ့ပြီးနောက်ပိုင်းပေါ့။ ၂၀၁၂ ချန်ပီယံလိဂ်ဖလားပိုင်ရှင် ချဲလ်ဆီးဟာ လူနှစ်ယောက် ထုတ်ခံရတဲ့ အေဂျက်ဇ်ကို ဦးဆောင်ဂိုး ၃ ဂိုးပေးခဲ့ရပေမယ့် ၄ ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် ချန်ပီယံလိဂ်ပထမပိုင်းမှာ ပထမဆုံးအကြိမ် ၃ ဂိုးပေးခဲ့ရခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၀ အောက်တိုဘာတုန်းက ဘိုင်ယန်နဲ့ပွဲမှာ ကလုဂျ်ပြီးတဲ့နောက် ပထမပိုင်းအတွင်း OG ၂ ဂိုးပေးရတဲ့ ပထမဆုံးအ သင်းလည်းဖြစ်လာခဲ့ပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္ ပြဲစဥ္-၄ မွ စိတ္ဝင္စားစရာ ထူးျခားမွတ္တမ္းမ်ား

၂၀၁၉-၂၀၂၀ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ ၄ ကို ဒီသီတင္းပတ္မွာ ကစားသြားခဲ့ၾကပါတယ္။ပြဲစဥ္ ၂ပြဲ ကစားဖို႔က်န္ေနေသးေပမယ့္ ပီအက္စ္ဂ်ီ၊ဘိုင္ယန္ျမဴးနစ္နဲ႔ဂ်ဴဗင္တပ္တို႔ ၁၆သင္းအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾက တာေတြ႔ရတယ္။ထူးျခားတာက လက္ရွိအခ်ိန္ထိ ဒီရာသီခ်န္ပီယံလိဂ္ သြင္းဂိုး ၂၀၇ အနက္ ၅၆ဂိုးကို ဒီပြဲစဥ္မွာ သြင္းယူသြားခဲ့ၾကတာပါပဲ။ဒါ့အျပင္ အခုခ်ိန္ထိ ဂိုးတစ္ဂိုးမွမရေသးတဲ့ အသင္းအျဖစ္ ဂါလာတာဆာေရး မွတ္တမ္း၀င္ေနတာ၊ရီးရဲလ္လူငယ္တိုက္စစ္မွဴးေလးရိုဒရီဂိုက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ၉၆ႀကိမ္ေျမာက္ ဟက္ထရစ္ကိုသြင္းယူသြားတာအပါအ၀င္ ထူးျခားတဲ့မွတ္တမ္းတစ္ခ်ို႔ရွိေနပါေသးတယ္။
ဟာလန္းေျခစြမ္းအံ့မခန္း
ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေျခစြမ္းျပေနတဲ့ဆယ္ေက်ာ္သက္ေလးေတြထဲမွာ ေခါင္းတစ္လံုးပိုျမင့္ေနတာက ရက္ဘူးလ္ဆဲလ္ဘတ္တိုက္စစ္မွဴးဟာလန္းပါပဲ။ဒီေနာ္ေ၀တိုက္စစ္မွဴးေလးဟာ သူ႔ရဲ႕ခ်န္ပီယံလိဂ္ပထမဆံုး ၄ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့တယ္။တစ္နည္းအားျဖင့္ ခ်န္ပီယံလိဂ္ပထမဆံုး ၄ပြဲမွာ ၇ဂိုးသြင္းႏိုင္တဲ့ ပထမဆံုးကစား သမားျဖစ္လာခဲ့တယ္။ ခ်န္ပီယံလိဂ္ပထမဆံုး ၄ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ကစားသမားစာရင္းမွာေတာ့ ၄ေယာက္ေျမာက္ေပါ့။ ေပၚတိုက ဇီကားလို႔စ္၊ဂ်ဴဗင္တပ္က ဒဲလ္ပီယာရိုနဲ႔ အက္သလက္တီကိုက ဒီေယဂိုေကာ္စတာတို႔ေနာက္ပိုင္း မွတ္တမ္း၀င္သြားခဲ့တာပါ။
မက္ဒရစ္ေျမက သူရဲေကာင္းေလး
ရီးရဲလ္ရဲ႕ဘရာဇီးသား လူငယ္တိုက္စစ္မွဴးေလး႐ုိဒရီဂိုကလည္း ဂါလာတာစာေရးကို ၆ ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ အသက္ ၁၈ ႏွစ္နဲ႔ဟက္ထရစ္ဂိုးသြင္းႏိုင္တဲ့ ၅ ေယာက္ေျမာက္ကစားသမား ျဖစ္လာသလို ဒီရာသီနဲ႔ၾကည့္ရင္ တတိယေျမာက္လူငယ္ကစားသမားေလးအျဖစ္ မွတ္တမ္း၀င္သြားပါတယ္။ ဒါ့အျပင္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္သြင္းႏိုင္တဲ့ ဒုတိယေျမာက္အသက္အငယ္ဆံုးကစားသမား ျဖစ္လာခဲ့တာပါ။ ရီးရဲလ္ဂႏၳ၀င္တိုက္စစ္မွဴးရာအူးလ္က ဒီမွတ္တမ္းမွာ အသက္အငယ္ဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ထား ဆဲျဖစ္ပါတယ္။ ႐ိုဒရီဂိုကေတာ့ ခ်န္ပီယံလိဂ္ဟက္ထရစ္ရွင္ေတြထဲမွာ Perfect Hat-Trick သြင္းႏိုင္တဲ့ ၉၆ ဦးေျမာက္ကစားသမားျဖစ္လာသလို ဘရာဇီးသားေတြထဲမွာ အသက္အငယ္ဆံုးကစားသမား အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။
မအိုေသးတဲ့ ဘန္ဇီးမားရဲ႕ေျခစြမ္းေတြ
ရီးရဲလ္၀ါရင့္တိုက္စစ္မွဴးဘန္ဇီးမားကလည္း ခ်န္ပီယံလိဂ္သမိုင္းမွာ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီရဲ႕ ၁၅ ပြဲ ဆက္ ဂိုးသြင္းႏိုင္တဲ့မွတ္တမ္းကို လိုက္မီႏိုင္ခဲ့့ပါတယ္။ ျပင္သစ္တိုက္စစ္မွဴးဟာ ၂၀၀၅-၀၆ ရာသီတုန္းက ႐ိုဆင္ေဘာ့ကို ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ သူ႕ရဲ႕ခ်န္ပီယံလိဂ္ပထမဆံုးဂိုးကို လိုင္ယြန္အတြက္သြင္းယူေပးႏို္င္ခဲ့ တာပါ။ ျပင္သစ္ကလပ္အတြက္ ၃ ရာသီအတြင္း ခ်န္ပီယံလိဂ္ ၁၂ ဂိုးသြင္းယူေပးခဲ့တဲ့ေနာက္ ၂၀၀၈-၀၉ ေႏြရာသီမွာ ရီးရဲလ္ကိုေျပာင္းေရႊ႕ လာခဲ့သူျဖစ္ပါတယ္။ သူ႕ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးစုစုေပါင္းကေတာ့ ၆၁ ဂိုး ရွိေနၿပီး စီေရာ္နယ္ဒို(၁၂၈ဂိုး)၊ မက္ဆီ (၁၁၃ ဂိုး)တို႔ေနာက္မွာ ရပ္တည္ေနပါတယ္။
လူစား၀င္လာၿပီးထုတ္ပယ္ခံခဲ့ရတဲ့ ဘရာဗို
ဘာစီလိုနာဂိုးသမားေဟာင္း ဘရာဗိုကေတာ့ ခ်န္ပီယံလိဂ္သမိုင္းမွာ လူစား၀င္လာၿပီး ထုတ္ပယ္ခံရတဲ့ ပထမဆံုးဂိုးသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ သူဟာ အတၱလႏၱာနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အီဒါဆင္အစား ၀င္ကစားခြင့္ရခဲ့ေပမယ့္ အနီကတ္နဲ႔ထုတ္ပယ္ခံလိုက္ရတာပါ။ ဒါေၾကာင့္ ခ်ီလီသားဟာ အရန္ခံုကထလာၿပီး ထုတ္ပယ္ခံရတဲ့ ပထမဆံုးဂိုးသမားျဖစ္လာခဲ့ပါတယ္။
ျပန္လာႏိုင္ခဲ့တဲ့အျပာေရာင္ေတြ
ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ပြဲစဥ္-၄ မွာ ခ်ီးက်ဴးစရာေကာင္းတာက ခ်ဲလ္ဆီးရဲ႕ ျပန္လာႏိုင္စြမ္းပါပဲ။ ခ်ဲလ္ဆီးဟာ ၃ ဂိုးေပးလိုက္ရၿပီးတဲ့ေနာက္ သေရက်ေအာင္ ျပန္လည္႐ုန္းကန္ႏုိင္တဲ့ တတိယေျမာက္အဂၤလိပ္အသင္းအျဖစ္ ခ်န္ပီယံလိဂ္သမိုင္းမွာ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ ေအစီမီလန္နဲ႔ ၂၀၀၄-၀၅ ဗိုလ္လုပြဲမွာ ပထမဆံုးအႀကိမ္အ ျဖစ္ လီဗာပူးစြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ပိုင္းေပါ့။ ၂၀၁၂ ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ ခ်ဲလ္ဆီးဟာ လူႏွစ္ေယာက္ ထုတ္ခံရတဲ့ ေအဂ်က္ဇ္ကို ဦးေဆာင္ဂိုး ၃ ဂိုးေပးခဲ့ရေပမယ့္ ၄ ဂိုးစီသေရက်ေအာင္ ကစားႏိုင္ခဲ့ပါတယ္။ ဒါဟာ သူတို႔အတြက္ ခ်န္ပီယံလိဂ္ပထမပိုင္းမွာ ပထမဆံုးအႀကိမ္ ၃ ဂိုးေပးခဲ့ရျခင္းလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၀ ေအာက္တိုဘာတုန္းက ဘိုင္ယန္နဲ႔ပြဲမွာ ကလုဂ်္ၿပီးတဲ့ေနာက္ ပထမပိုင္းအတြင္း OG ၂ ဂိုးေပးရတဲ့ ပထမဆံုးအ သင္းလည္းျဖစ္လာခဲ့ပါတယ္။