မိမိတို့အသင်း အောင်ပွဲကို ဓားပြတိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း အေဂျက်စ်တိုက်စစ်မှူး တာဒစ် စွပ်စွဲ

Photo Credit ; Getty Images

Photo Credit

အေဂျက်စ်အသင်းတိုက်စစ်မှူး ဒူဆန်တာဒစ်က ကွင်းလယ်ဒိုင် ဂီယန်လူကာရော့ချီရဲ့ဖျက်လိုဖျက်ဆီးလုပ်သွားတဲ့စွမ်းဆောင်ရည်ကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ မိမိတို့အသင်းရဲ့အောင်ပွဲ ဓားပြတိုက်ခံခဲ့ရကြောင်း စွပ်စွဲပြောကြားလိုက်ပါတယ်။
နယ်သာလန်အမှတ်ပေးချန်ပီယံ အေဂျက်စ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အိမ်ရှင်ချဲလ်ဆီးအသင်းကို ၄-၁ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဒါလေးဘလင်းနဲ့ ဂျိုးလ်ဗဲလ်မန်းတို့ ပွဲချိန် ၆၈ မိနစ်မှာ တစ်ပြိုင်တည်းထုတ်ပယ်ခံလိုက်ရပြီးနောက် ၄-၄ ဂိုးသရေကျသွားပါတယ်။

Photo Credit

တာဒစ်လည်း ကစားသမား ၂ယောက်စလုံးကို တစ်ပြိုင်တည်းထုတ်ပယ်လိုက်တဲ့ အီတလီနိုင်ငံသား ရော့ချီရဲ့ဆုံးဖြတ်ချက်အပေါ် နားလည်လက်ခံနိုင်စွမ်းမရှိဖြစ်နေပြီး အေဂျက်စ်အသင်းအနေနဲ့ အမှတ်ပြည့်ရဖို့ လုံလောက်တဲ့ခြေစွမ်း ထုတ်ပြနိုင်ခဲ့တယ်လု့ိ ပြောပါတယ်။

Photo Credit ; PA

”ကျွန်တော်တို့အသင်း ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၄-၁ ဂိုးနဲ့ဦးဆောင်နေချိန် အားလုံးကို ထိန်းကစားနိုင်ခဲ့ပြီးနောက် အမျိုးသားတစ်ယောက်က ကျွန်တော်တို့ဆီကနေ အရာအားလုံးကို ခိုးယူသွားပါတယ်။ သိပ်ကိုစိတ်ပျက်စရာကောင်းပါတယ်”

Photo Credit

”ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းအနေနဲ့ ဘောလုံးပွဲကို ဘယ်လိုကောင်းကောင်းကစားနိုင်ခဲ့သလဲဆိုတဲ့အကြောင်းနဲ့ လူတစ်ယောက်က ရောက်လာပြီး ကျွန်တော်တို့ဆီကနေ အားလုံးခိုးယူသွားလို့ပါ။ ဘလင်းရဲ့ဖျက်ထုတ်မှုကို ကျွန်တော်တု့ိလည်း တွေ့ခဲ့ပါတယ်။ ဒါက ဒုတိယမြောက်အဝါကတ်ပြရလောက်တဲ့အထိ မဆိုးရွားပါဘူး”

Photo Credit

”ပြီးတော့ ဗဲလ်မန်းလည်း ဒုတိယမြောက်အဝါကတ်ပြသမခံရသင့်သလို ပင်နယ်တီလည်း မပေးသင့်ပါဘူး။ ကျွန်တော့်ဘဝတစ်လျှောက် တစ်ကြိမ်တည်းနဲ့ ပြစ်ဒဏ် ၃ခါ ချမှတ်တာမျိုး တစ်ခါမှမမြင်ဖူးပါဘူး။ တကယ့်ကိုစိတ်ပျက်စရာပါ။ ကျွန်တော့်အနေနဲ့ ဆင်ခြေပေးတာမျိုးမကြိုက်သလို တခြားလူအကြောင်းလည်း မပြောချင်ပါဘူး”

Photo Credit

”ကျွန်တော်တို့အနေနဲ့ ချဲလ်ဆီးအသင်းထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပဲ ပြောသင့်ပေမယ့် တစ်ယောက်ယောက်က ကျွန်တော်တို့ရဲ့ပွဲကို ဖျက်ဆီးသွားခဲ့ပါတယ်”လို့ တာဒစ်က ဆိုပါတယ်။

Photo Credit

အဂျက်စ်အသင်းနည်းပြ တန်ဟက်ကလည်း ”ဒေါသထွက်တာထက် စိတ်ပျက်မိတာက ပိုပါတယ်။ ရလဒ်အပေါ် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းရဲ့ကစားပုံနဲ့ပတ်သက်လု့ိတော့ ဂုဏ်ယူမိပါတယ်။ ၁၁ယောက်ချင်းကစားချိန်မှာရော ၉ယောက်တည်းနဲ့ကစားခဲ့ရချိန်မှာရောပေါ့”လို့ ပြောပါတယ်။

Photo Credit

Zawgyi

မိမိတုိ႔အသင္း ေအာင္ပြဲကို ဓားျပတိုက္ခံလုိက္ရျခင္းျဖစ္ေၾကာင္း ေအဂ်က္စ္တုိက္စစ္မွဴး တာဒစ္ စြပ္စဲြ

ေအဂ်က္စ္အသင္းတုိက္စစ္မွဴး ဒူဆန္တာဒစ္က ကြင္းလယ္ဒုိင္ ဂီယန္လူကာေရာ့ခ်ီရဲ႕ဖ်က္လိုဖ်က္ဆီးလုပ္သြားတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ မိမိတုိ႔အသင္းရဲ႕ေအာင္ပြဲ ဓားျပတိုက္ခံခဲ့ရေၾကာင္း စြပ္စြဲေျပာၾကားလုိက္ပါတယ္။ နယ္သာလန္အမွတ္ေပးခ်န္ပီယံ ေအဂ်က္စ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အိမ္ရွင္ခ်ဲလ္ဆီးအသင္းကို ၄-၁ ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဗဟိုေနာက္ခံလူေတြျဖစ္တဲ့ ဒါေလးဘလင္းနဲ႔ ဂ်ိဳးလ္ဗဲလ္မန္းတုိ႔ ပြဲခ်ိန္ ၆၈ မိနစ္မွာ တစ္ၿပိဳင္တည္းထုတ္ပယ္ခံလုိက္ရၿပီးေနာက္ ၄-၄ ဂိုးသေရက်သြားပါတယ္။ တာဒစ္လည္း ကစားသမား ၂ေယာက္စလုံးကို တစ္ၿပိဳင္တည္းထုတ္ပယ္လုိက္တဲ့ အီတလီႏိုင္ငံသား ေရာ့ခ်ီရဲ႕ဆုံးျဖတ္ခ်က္အေပၚ နားလည္လက္ခံႏိုင္စြမ္းမရွိျဖစ္ေနၿပီး ေအဂ်က္စ္အသင္းအေနနဲ႔ အမွတ္ျပည့္ရဖုိ႔ လုံေလာက္တဲ့ေျခစြမ္း ထုတ္ျပႏိုင္ခဲ့တယ္လု႔ိ ေျပာပါတယ္။ ”ကၽြန္ေတာ္တုိ႔အသင္း ပိုေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ၄-၁ ဂိုးနဲ႔ဦးေဆာင္ေနခ်ိန္ အားလုံးကို ထိန္းကစားႏုိင္ခဲ့ၿပီးေနာက္ အမ်ိဳးသားတစ္ေယာက္က ကၽြန္ေတာ္တုိ႔ဆီကေန အရာအားလုံးကို ခုိးယူသြားပါတယ္။ သိပ္ကိုစိတ္ပ်က္စရာေကာင္းပါတယ္”
”ဘာျဖစ္လုိ႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ ေဘာလုံးပဲြကို ဘယ္လုိေကာင္းေကာင္းကစားႏိုင္ခဲ့သလဲဆုိတဲ့အေၾကာင္းနဲ႔ လူတစ္ေယာက္က ေရာက္လာၿပီး ကၽြန္ေတာ္တုိ႔ဆီကေန အားလုံးခိုးယူသြားလုိ႔ပါ။ ဘလင္းရဲ႕ဖ်က္ထုတ္မႈကို ကၽြန္ေတာ္တု႔ိလည္း ေတြ႕ခ့ဲပါတယ္။ ဒါက ဒုတိယေျမာက္အ၀ါကတ္ျပရေလာက္တ့ဲအထိ မဆုိးရြားပါဘူး” ”ၿပီးေတာ့ ဗဲလ္မန္းလည္း ဒုတိယေျမာက္အ၀ါကတ္ျပသမခံရသင့္သလုိ ပင္နယ္တီလည္း မေပးသင့္ပါဘူး။ ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္ တစ္ႀကိမ္တည္းနဲ႔ ျပစ္ဒဏ္ ၃ခါ ခ်မွတ္တာမ်ိဳး တစ္ခါမွမျမင္ဖူးပါဘူး။ တကယ့္ကိုစိတ္ပ်က္စရာပါ။ ကၽြန္ေတာ့္အေနနဲ႔ ဆင္ေျခေပးတာမ်ိဳးမႀကိဳက္သလုိ တျခားလူအေၾကာင္းလည္း မေျပာခ်င္ပါဘူး” ”ကၽြန္ေတာ္တို႔အေနနဲ႔ ခ်ဲလ္ဆီးအသင္းထက္ ပိုေကာင္းေအာင္ကစားႏိုင္ခဲ့တယ္ဆိုတဲ့အေၾကာင္းပဲ ေျပာသင့္ေပမယ့္ တစ္ေယာက္ေယာက္က ကၽြန္ေတာ္တုိ႔ရဲ႕ပြဲကို ဖ်က္ဆီးသြားခဲ့ပါတယ္”လုိ႔ တာဒစ္က ဆုိပါတယ္။ အဂ်က္စ္အသင္းနည္းျပ တန္ဟက္ကလည္း ”ေဒါသထြက္တာထက္ စိတ္ပ်က္မိတာက ပိုပါတယ္။ ရလဒ္အေပၚ စိတ္ပ်က္မိပါတယ္။ ဒါေပမဲ့ အသင္းရဲ႕ကစားပုံနဲ႔ပတ္သက္လု႔ိေတာ့ ဂုဏ္ယူမိပါတယ္။ ၁၁ေယာက္ခ်င္းကစားခ်ိန္မွာေရာ ၉ေယာက္တည္းနဲ႔ကစားခဲ့ရခ်ိန္မွာေရာေပါ့”လုိ႔ ေျပာပါတယ္။