၇ မိနစ်အတွင်း ၃ဂိုးသွင်းတဲ့ ယူနိုက်တက်ကို နောက်ထပ် Comeback ခွင့်မပေးတဲ့ရှက်ဖီး

Photo Credit

Photo Credit

တနင်္ဂနွေညရဲ့တစ်ပွဲတည်းသောပရီးမီးယားလိဂ်ပွဲက ရင်ခုန်မှုရသအမျိုးမျိုး ပေးစွမ်းနိုင်ခဲ့ပြီး ပထမပိုင်းမှာ ကစားပုံအတော်လေးဆိုးရွားခဲ့တဲ့ယူနိုက်တက်က ဒုတိယပိုင်းမှာ ၇မိနစ်အတွင်း ၃ဂိုးသွင်းယူကာ အကောင်းဆုံးပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ရှက်ဖီးကလည်း ပွဲချိန်မိနစ် ၉၀မှာ ချေပဂိုးသွင်းကာ ပုံစံကောင်းဆက်ထိန်းနိုင်ခဲ့ပါတယ်။

Photo Credit

ပထမပိုင်းကတော့ ရှက်ဖီးရဲ့ပွဲဖြစ်ခဲ့ပြီး ယူနိုက်တက်ကို တောက်လျှောက်ဖိအားပေးနိုင်ခဲ့ကာ ဧည့်သည်အသင်းကတော့ သူတို့အကြိုက် တန်ပြန်တိုက်စစ်ကနေ ချောင်းကစားဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ပွဲချိန် ၁၉ မိနစ်မှာ ဖလက်ခ်က ဦးဆောင်ဂိုးမသွင်းခင် ရှက်ဖီးယူနိုက်တက်ရဲ့အပိုင်ဂိုးသွင်းခွင့်တွေကို ယူနိုက်တက်ဂိုးသမား ဒီဂီယာ Double Save အဖြစ် နှစ်ကြိမ်ဆက်ကာကွယ်ခဲ့ရပါသေးတယ်။

Photo Credit

ယူနိုက်တက်က ပထမပိုင်းမှာ ဂိုးပေါက်တစ်ကြိမ်ပဲ တည့်ခဲ့ပြီး ဒါကလည်း မာရှယ်ရဲ့ဘယ်ခြေနဲ့ထောင့်ဖြတ်ကန်သွင်းချက်ကို အိမ်ရှင်ဂိုးသမား အသာကာကွယ်ခဲ့တဲ့အလုံးဖြစ်ကာ ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ်မှာ ပထမပိုင်းအတွင်း ဂိုးပေါက်တည့်မှုအနည်းဆုံးပွဲလည်းဖြစ်သွားပါတယ်။

Photo Credit

ပွဲချိန် ၅၂ မိနစ်မှာလည်း အိမ်ရှင်တိုက်စစ်မှူး မူဆက်က ပင်နယ်တီဧရိယာထိပ်ကနေ ဒီဂီယာရဲ့ဘယ်ဘက်အောက်ထောင့်ထဲ ချိန်ကန်သွားလို့ ဒုတိယမြောက်ဂိုးရခဲ့ပါတယ်။ ယူနိုက်တက်ပေးလိုက်ရတဲ့ ၂ဂိုးစလုံးက individual Error တွေကနေ ပေးလိုက်ရတာဖြစ်ပြီး ပထမဂိုးက ဖီးလ်ဂျုံးစ်ရဲ့အမှားကြောင့်ဖြစ်သလို ဒုတိယဂိုးကလည်း ပါရဲရားဆီကနေ ဘောလုံးပျက်သွားတာပါ။

Photo Credit

ဒါပေမဲ့ နောက်ပိုင်းမှာ ယူနိုက်တက်က ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ ရှက်ဖီးခံစစ်ရှင်းထုတ်လို့ ပြန်ကျလာတာကို ဘယ်နောက်ခံလူ ဘရန်ဒန်ဝီလျံက ညာခြေနဲ့မနားတမ်းကန်သွင်းယူနိုင်ခဲ့လို့ ပထမချေပဂိုးရရှိခဲ့ပါတယ်။

Photo Credit

စိတ်ဓာတ်တက်ကြွသွားတဲ့ယူနိုက်တက်က ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ဖြတ်တင်ဘောကို ဂရင်းဝုဒ်က အနီးကပ်ပိတ်သွင်းကာ ဒုတိယမြောက်ချေပဂိုးသွင်းသွားပါတယ်။

Photo Credit

ဒ့ါအပြင် နောက် ၂မိနစ်အကြာမှာလည်း ဘယ်တောင်ပံကနေ ဒန်နီရယ်ဂျိမ်းစ် လှလှပပ ဆွဲပြေးလာပြီး ဒီအတိုင်း တည့်ဖြတ်မတင်ဘဲ ဂိုးရှေ့အသာချပေးလိုက်လို့ ဂိုးသမားလည်း ဟန်ချက်ပျက်သွားပြီး ရက်ရှ်ဖို့ဒ်က ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ဘယ်ခြေနဲ့ ပိတ်သွင်းကာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီအချိန်မှာ ယူနိုက်တက်ရဲ့ကစားပုံက အတော်လေးအားကောင်းနေပြီး ဒီပုံစံအတိုင်းဆက်ကစားရင် ၇မိနစ်အတွင်းသွင်းယူခဲ့တဲ့ ၃ဂိုးနဲ့အတူ နောက်ထပ် Comeback ပွဲတစ်ပွဲဖန်တီးနိုင်မှာဖြစ်ပေမယ့် ဆိုးလ်ရှားက အနိုင်ဂိုးကို ထိန်းချင်လို့ ကစားအားလျှော့လိုက်ပါတယ်။

Photo Credit

တိုက်စစ်မှူး မာရှယ်အစား ဗဟိုနောက်ခံလူ တွမ်ဇီဘီကို အစားထိုးကာ ခံစစ်အားဖြည့်ခဲ့တာကို ကြည့်ရင် ယူနိုက်တက် ထိန်းကစားသွားတာ သိသာပြီး ပွဲပြီးခါနီးမှာ ရှက်ဖီးက အဖိုးတန်ချေပဂိုးသွင်းယူသွားပါတယ်။ ဒါတောင် လူစားဝင်တိုက်စစ်မှူး မက်ဘာနီး ဂိုးသွင်းယူချိန်မှာ လက်ထိဘောဖြစ်၊ မဖြစ်ကို VAR နဲ့ ပြန်ကြည့်ခဲ့ပြီးမှ ဂိုးအဖြစ် အတည်ပြုခဲ့တာပါ။

Photo Credit

Zawgyi

၇ မိနစ္အတြင္း ၃ဂိုးသြင္းတဲ့ ယူႏိုက္တက္ကို ေနာက္ထပ္ Comeback ခြင့္မေပးတဲ့ရွက္ဖီး

တနဂၤေႏြညရဲ႕တစ္ပဲြတည္းေသာပရီးမီးယားလိဂ္ပဲြက ရင္ခုန္မႈရသအမ်ိဳးမ်ိဳး ေပးစြမ္းႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ ကစားပုံအေတာ္ေလးဆုိးရြားခ့ဲတ့ဲယူႏုိက္တက္က ဒုတိယပိုင္းမွာ ၇မိနစ္အတြင္း ၃ဂိုးသြင္းယူကာ အေကာင္းဆုံးျပန္လာႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ရွက္ဖီးကလည္း ပြဲခ်ိန္မိနစ္ ၉၀မွာ ေခ်ပဂိုးသြင္းကာ ပုံစံေကာင္းဆက္ထိန္းႏိုင္ခဲ့ပါတယ္။
ပထမပိုင္းကေတာ့ ရွက္ဖီးရဲ႕ပြဲျဖစ္ခဲ့ၿပီး ယူႏိုက္တက္ကို ေတာက္ေလွ်ာက္ဖိအားေပးႏိုင္ခဲ့ကာ ဧည့္သည္အသင္းကေတာ့ သူတို႔အႀကိဳက္ တန္ျပန္တုိက္စစ္ကေန ေခ်ာင္းကစားဖုိ႔ ႀကိဳးစားခ့ဲေပမယ့္ အရာမထင္ခဲ့ပါဘူး။ ပြဲခ်ိန္ ၁၉ မိနစ္မွာ ဖလက္ခ္က ဦးေဆာင္ဂိုးမသြင္းခင္ ရွက္ဖီးယူႏုိက္တက္ရဲ႕အပိုင္ဂိုးသြင္းခြင့္ေတြကို ယူႏုိက္တက္ဂိုးသမား ဒီဂီယာ Double Save အျဖစ္ ႏွစ္ႀကိမ္ဆက္ကာကြယ္ခဲ့ရပါေသးတယ္။
ယူႏုိက္တက္က ပထမပိုင္းမွာ ဂိုးေပါက္တစ္ႀကိမ္ပဲ တည့္ခဲ့ၿပီး ဒါကလည္း မာရွယ္ရဲ႕ဘယ္ေျခနဲ႔ေထာင့္ျဖတ္ကန္သြင္းခ်က္ကို အိမ္ရွင္ဂိုးသမား အသာကာကြယ္ခဲ့တဲ့အလုံးျဖစ္ကာ ဆုိးလ္ရွားလက္ထက္ ပရီးမီးယားလိဂ္မွာ ပထမပိုင္းအတြင္း ဂိုးေပါက္တည့္မႈအနည္းဆုံးပြဲလည္းျဖစ္သြားပါတယ္။
ပြဲခ်ိန္ ၅၂ မိနစ္မွာလည္း အိမ္ရွင္တိုက္စစ္မွဴး မူဆက္က ပင္နယ္တီဧရိယာထိပ္ကေန ဒီဂီယာရဲ႕ဘယ္ဘက္ေအာက္ေထာင့္ထဲ ခ်ိန္ကန္သြားလုိ႔ ဒုတိယေျမာက္ဂုိးရခဲ့ပါတယ္။ ယူႏိုက္တက္ေပးလုိက္ရတဲ့ ၂ဂုိးစလုံးက individual Error ေတြကေန ေပးလုိက္ရတာျဖစ္ၿပီး ပထမဂိုးက ဖီးလ္ဂ်ံဳးစ္ရဲ႕အမွားေၾကာင့္ျဖစ္သလုိ ဒုတိယဂိုးကလည္း ပါရဲရားဆီကေန ေဘာလုံးပ်က္သြားတာပါ။
ဒါေပမဲ့ ေနာက္ပိုင္းမွာ ယူႏုိက္တက္က ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာ ရွက္ဖီးခံစစ္ရွင္းထုတ္လုိ႔ ျပန္က်လာတာကုိ ဘယ္ေနာက္ခံလူ ဘရန္ဒန္၀ီလ်ံက ညာေျခနဲ႔မနားတမ္းကန္သြင္းယူႏုိင္ခဲ့လုိ႔ ပထမေခ်ပဂုိးရရွိခဲ့ပါတယ္။ စိတ္ဓာတ္တက္ႂကြသြားတဲ့ယူႏိုက္တက္က ဆက္လက္ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ျဖတ္တင္ေဘာကို ဂရင္း၀ုဒ္က အနီးကပ္ပိတ္သြင္းကာ ဒုတိယေျမာက္ေခ်ပဂိုးသြင္းသြားပါတယ္။
ဒ့ါအျပင္ ေနာက္ ၂မိနစ္အၾကာမွာလည္း ဘယ္ေတာင္ပံကေန ဒန္နီရယ္ဂ်ိမ္းစ္ လွလွပပ ဆြဲေျပးလာၿပီး ဒီအတုိင္း တည့္ျဖတ္မတင္ဘဲ ဂိုးေရွ႕အသာခ်ေပးလုိက္လုိ႔ ဂိုးသမားလည္း ဟန္ခ်က္ပ်က္သြားၿပီး ရက္ရွ္ဖုိ႔ဒ္က ဂိုးသမားမရွိေတာ့တ့ဲဂိုးေပါက္ထဲ ဘယ္ေျခနဲ႔ ပိတ္သြင္းကာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ ယူႏုိက္တက္ရဲ႕ကစားပုံက အေတာ္ေလးအားေကာင္းေနၿပီး ဒီပုံစံအတုိင္းဆက္ကစားရင္ ၇မိနစ္အတြင္းသြင္းယူခဲ့တဲ့ ၃ဂိုးနဲ႔အတူ ေနာက္ထပ္ Comeback ပဲြတစ္ပြဲဖန္တီးႏိုင္မွာျဖစ္ေပမယ့္ ဆုိးလ္ရွားက အႏိုင္ဂိုးကို ထိန္းခ်င္လုိ႔ ကစားအားေလွ်ာ့လုိက္ပါတယ္။
တုိက္စစ္မွဴး မာရွယ္အစား ဗဟိုေနာက္ခံလူ တြမ္ဇီဘီကို အစားထိုးကာ ခံစစ္အားျဖည့္ခဲ့တာကို ၾကည့္ရင္ ယူႏုိက္တက္ ထိန္းကစားသြားတာ သိသာၿပီး ပြဲၿပီးခါနီးမွာ ရွက္ဖီးက အဖိုးတန္ေခ်ပဂိုးသြင္းယူသြားပါတယ္။ ဒါေတာင္ လူစား၀င္တုိက္စစ္မွဴး မက္ဘာနီး ဂိုးသြင္းယူခ်ိန္မွာ လက္ထိေဘာျဖစ္၊ မျဖစ္ကို VAR နဲ႔ ျပန္ၾကည့္ခဲ့ၿပီးမွ ဂုိးအျဖစ္ အတည္ျပဳခဲ့တာပါ။