၃ လပွဲပယ်က ပြန်လာနိုင်တဲ့ပွဲမှာပဲ ဘရာဇီးနည်းပြတစ်တီကို ပါးစပ်ပိတ်နေဖို့ ပြောခဲ့တဲ့မက်ဆီ

photo-foxsportasia

photo-gettyimages

ဘရာဇီးနည်းပြတစ်တီဟာ အာဂျင်တီးနားကို ၁-၀ ဂိုးနဲ့ရှုံးနိမ်ခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ပထမပိုင်းတုန်းက အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟလိုက်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ မက်ဆီဟာ အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တာပါ။ နိုင်ငံအသင်းမှာ ၃ လပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပြီးနောက် ပထမဆုံးပြန်ကစားတဲ့ပွဲမှပဲ  မက်ဆီဟာ အာဂျင်တီးနားအတွက် ဂိုးသွင်းနိုင်ခဲ့တာပါ။

photo-social media

ဒါပေမဲ့ အဲဒီပွဲရဲ့ပထမပိုင်းမှာ မက်ဆီနဲ့ဘရာဇီးနည်းပြတစ်တီတို့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ တစ်တီရဲ့ကွင်းဘေးက စောဒကတက်မှုတွေကို မက်ဆီတစ်ယောက် သည်းမခံနိုင်ဖြစ်ခဲ့ပုံရပါတယ်။ ဒါ့အပြင် သူ့မှာ ဘရာဇီးကို လုံးဝမကျေနပ်တဲ့စိတ်အခံလည်းရှိနေတာပါ။ ပြီးခဲ့တဲ့ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ကိုပါအမေရိကဟာ ဘရာဇီးအတွက် လုပ်ထားတဲ့ပြိုင်ပွဲလို့ စွပ်စွဲပြောကြားခဲ့တာကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က သူ့ကို ၃ လပွဲပယ်ခဲ့တာဖြစ်ပြီး အခုမှ ပြန်ကစားခွင့်ရတာပါ။ ဆော်ဒီက ဒီပွဲမှာ ရုပ်သံအနှေးပြကွက်တွေအရ မက်ဆီဟာ တစ်တီကို ပါးစပ်ပိတ်နေဖို့ အမူအယာလုပ်ပြခဲ့တာ တွေ့ရပါတယ်။ တစ်တီကလည်း အချင်းမာျးချိန် မက်ဆီက သူ့ကို ပါးစပ်ပိတ်နေဖို့ ပြောခဲ့ကြောင်း ဖွင့်ဟခဲ့တာပါ။

photo-gettyimages

”ကျွန်တော်မကျေနပ်ရတဲ့အကြောင်းအရင်းက မက်ဆီကို အဝါကတ်ပြသင့်တာပါ။ သူ့က ကျွန်တော့်ကို ပါးစပ်ပိတ်နေဖို့ ပြောခဲ့သလို ကျွန်တော်ကလည်း သူ့ကို ပါးစပ်ပိတ်နေဖို့ ပြောခဲ့တာပါ။ အဲဒါဖြစ်ခဲ့တာပါ။ အဲဒီအကြောင်း ဆက်မဖြေချင်တော့ပါဘူး။ ပိုကောင်းတဲ့ဒိုင်တစ်ယောက်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ယုံလွယ်အောင် လုပ်လို့ပါ။ အဲဒါကို သတိပေးကတ်ပြသင့်ပြီး ကျွန်တော့်ဘက်က စောဒကတက်တာ မှန်ပါတယ်”လို့ ဘရာဇီးနည်းပြတစ်တီက ပွဲအပြီးမှာ ပြောခဲ့တာပါ။

[Zawgyi]

၃ လပြဲပယ္က ျပန္လာႏိုင္တဲ့ပြဲမွာပဲ ဘရာဇီးနည္းျပတစ္တီကို ပါးစပ္ပိတ္ေနဖို႔ ေျပာခဲ့တဲ့မက္ဆီ

ဘရာဇီးနည္းျပတစ္တီဟာ အာဂ်င္တီးနားကို ၁-၀ ဂိုးနဲ႔ရႈံးနိမ္ခဲ့တဲ့ ေျခစမ္းပြဲစဥ္ရဲ႕ပထမပိုင္းတုနး္က အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီနဲ႔ အေျခအတင္ျဖစ္ခဲ့တဲ့အေၾကာင္းကို ဖြင့္ဟလိုက္ပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ မက္ဆီဟာ အာဂ်င္တီးနားအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို သြင္းယူခဲ့တာပါ။ ႏိုင္ငံအသင္းမွာ ၃ လပြဲပယ္ျပစ္ဒဏ္ခ်ခံခဲ့ရၿပီးေနာက္ ပထမဆုံးျပန္ကစားတဲ့ပြဲမွပဲ  မက္ဆီဟာ အာဂ်င္တီးနားအတြက္ ဂိုးသြင္းႏိုင္ခဲ့တာပါ။

ဒါေပမဲ့ အဲဒီပြဲရဲ႕ပထမပိုင္းမွာ မက္ဆီနဲ႔ဘရာဇီးနည္းျပတစ္တီတို႔ အေျခအတင္ျဖစ္ခဲ့ၾကပါတယ္။ အဲဒီပြဲမွာ တစ္တီရဲ႕ကြင္းေဘးက ေစာဒကတက္မႈေတြကို မက္ဆီတစ္ေယာက္ သည္းမခံႏိုင္ျဖစ္ခဲ့ပုံရပါတယ္။ ဒါ့အျပင္ သူ႔မွာ ဘရာဇီးကို လုံး၀မေက်နပ္တဲ့စိတ္အခံလည္းရွိေနတာပါ။ ၿပီးခဲ့တဲ့ကိုပါအေမရိကၿပိဳင္ပြဲ ဆီမီးဖိုင္နယ္မွာ ဘရာဇီးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကိုပါအေမရိကဟာ ဘရာဇီးအတြက္ လုပ္ထားတဲ့ၿပိဳင္ပြဲလို႔ စြပ္စြဲေျပာၾကားခဲ့တာေၾကာင့္ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္က သူ႔ကို ၃ လပြဲပယ္ခဲ့တာျဖစ္ၿပီး အခုမွ ျပန္ကစားခြင့္ရတာပါ။ ေဆာ္ဒီက ဒီပြဲမွာ ရုပ္သံအေႏွးျပကြက္ေတြအရ မက္ဆီဟာ တစ္တီကို ပါးစပ္ပိတ္ေနဖို႔ အမူအယာလုပ္ျပခဲ့တာ ေတြ႕ရပါတယ္။ တစ္တီကလည္း အခ်င္းမာ်းခ်ိန္ မက္ဆီက သူ႔ကို ပါးစပ္ပိတ္ေနဖို႔ ေျပာခဲ့ေၾကာင္း ဖြင့္ဟခဲ့တာပါ။

”ကၽြန္ေတာ္မေက်နပ္ရတဲ့အေၾကာင္းအရင္းက မက္ဆီကုိ အ၀ါကတ္ျပသင့္တာပါ။ သူ႔က ကၽြန္ေတာ့္ကို ပါးစပ္ပိတ္ေနဖို႔ ေျပာခဲ့သလို ကၽြန္ေတာ္ကလည္း သူ႔ကို ပါးစပ္ပိတ္ေနဖို႔ ေျပာခဲ့တာပါ။ အဲဒါျဖစ္ခဲ့တာပါ။ အဲဒီအေၾကာင္း ဆက္မေျဖခ်င္ေတာ့ပါဘူး။ ပိုေကာငး္တဲ့ဒိုင္တစ္ေယာက္လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူက ယုံလြယ္ေအာင္ လုပ္လုိ႔ပါ။ အဲဒါကို သတိေပးကတ္ျပသင့္ၿပီး ကၽြန္ေတာ့္ဘက္က ေစာဒကတက္တာ မွန္ပါတယ္”လို႔ ဘရာဇီးနည္းျပတစ္တီက ပြဲအၿပီးမွာ ေျပာခဲ့တာပါ။