၂၉ မိနစ်တည်းနဲ့ လူစားလဲခဲ့ရလို့ ကွင်းလယ်လူဒိုင်ယာကို တောင်းပန်ခဲ့တဲ့ မော်ရင်ဟို

photo-gettyimages

photo-express

အိုလံပီယာကော့စ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂၉ မိနစ်တည်းနဲ့ ကွင်းလယ်လူအဲရစ်ဒိုင်ယာကို လူစားလဲမှုလုပ်ခဲ့ပြီးနောက် စပါးနည်းပြမော်ရင်ဟိုဟာ အဲဒီအင်္ဂလန်သားကို တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ အသင်းအတွက် ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ လုပ်စရာရှိတာကိုလုပ်တတ်တဲ့သူဆိုတာ ပထမဆုံးတွေ့ကြုံခံစားရတဲ့ စပါးကစားသမားဟာလည်း ဒိုင်ယာဖြစ်လာခဲ့တာပါ။

photo-EPA

အဲဒီပွဲမှာ စပါးဟာ ၂ ဂိုးပြတ်ရှုံးနေရာကနေ ပြန်လည်ရုန်းထပြီး ၄ ဂိုးပြန်သွင်းခဲ့ကာ နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်အတွက် သေချာသွားခဲ့ပါတယ်။ စပါးအနေနဲ့ ၁၉ မိနစ်ကတည်းက ၂ ဂိုးပြတ်ရှုံးနေခဲ့တာဖြစ်ပြီး အပြောင်းအလဲပြုလုပ်ဖို့အတွက် မော်ရင်ဟိုဟာ လုံးဝအချိန်မဆိုင်းခဲ့ဘဲ ၂၉ မိနစ်မှာတင် ခံစစ်အသားပေးကွင်းလယ်လူဒိုင်ယာအစား တိုက်စစ်အသားပေးကွင်းလယ်လူအဲရစ်ဆင်ကို လူစားသွင်းပြီး နည်းဗျူဟာအပြောင်းအလဲလုပ်ခဲ့ကာ သူ့ရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ ဆိုရအောင် စပါးဟာ ၄ ဂိုးပြန်သွင်းပြီး အကောင်းဆုံးပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။

photo-gettyimages

ပွဲအပြီးအင်တာဗျူးမှာတော့ မော်ရင်ဟိုက”လူသိရှင်ကြား ကျွန်တော်ပြောချင်တဲ့ ပထမဆုံးအကြောင်းအရာက ပွဲအပြီးအဝတ်အစားလဲခန်းထဲမှာ ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာပါ။ အဲဒါကတော့ အဲရစ်ဒိုင်ယာကို တောင်းပန်ခဲ့တာပါပဲ၊ အသင်းအတွက် အဲဒါကို ကျွန်တော်လုပ်ခဲ့တာပါ။ ဒိုင်ယာ ညံ့လို့မဟုတ်ပါဘူး။ အသင်းအတွက်နဲ့ အဖြေရှာဖု့ိအတွက်ပါ။ ကျွန်တော်တို့ဟာ ၂ ဂိုးပြတ်ရှုံးနေတာပါ။ သူတို့ဘက်က ပိတ်ကစားလာလို့ အယ်လီနဲ့ချိတ်ဆက်ဖို့ ကျွန်တော့်မှာ ဒုတိယလူလိုအပ်ခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော့်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအတွက်ပဲ လုပ်ခဲ့တာပါ။ ဒိုင်ယာလည်း နားလည်မှာပါ။ ဒီအတွက် ဝမ်းနည်းရပေမယ့် အသင်းကသာ အရေးကြီးဆုံးပါပဲ”လု့ိ ပြောခဲ့တာပါ။

[Zawgyi]

၂၉ မိနစ္တည္းနဲ႔ လူစားလဲခဲ့ရလို႔ ကြင္းလယ္လူဒိုင္ယာကို ေတာင္းပန္ခဲ့တဲ့ ေမာ္ရင္ဟို

အုိလံပီယာေကာ့စ္ကို အႏိုင္ရခဲ့တဲ့့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၂၉ မိနစ္တည္းနဲ႔ ကြင္းလယ္လူအဲရစ္ဒိုင္ယာကို လူစားလဲမႈလုပ္ခဲ့ၿပီးေနာက္ စပါးနည္းျပေမာ္ရင္ဟိုဟာ အဲဒီအဂၤလန္သားကို ေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ အသင္းအတြက္ ဘယ္သူ႔မ်က္ႏွာကိုမွ မေထာက္ဘဲ လုပ္စရာရွိတာကိုလုပ္တတ္တဲ့သူဆိုတာ ပထမဆုံးေတြ႕ႀကဳံခံစားရတဲ့ စပါးကစားသမားဟာလည္း ဒိုင္ယာျဖစ္လာခဲ့တာပါ။

အဲဒီပြဲမွာ စပါးဟာ ၂ ဂိုးျပတ္ရႈံးေနရာကေန ျပန္လည္ရုန္းထၿပီး ၄ ဂိုးျပန္သြင္းခဲ့ကာ ႏိုင္ပြဲနဲ႔အတူ ေနာက္တစ္ဆင့္အတြက္ ေသခ်ာသြားခဲ့ပါတယ္။ စပါးအေနနဲ႔ ၁၉ မိနစ္ကတည္းက ၂ ဂုိုးျပတ္ရႈံးေနခဲ့တာျဖစ္ၿပီး အေျပာင္းအလဲျပဳလုပ္ဖို႔အတြက္ ေမာ္ရင္ဟိုဟာ လုံး၀အခ်ိန္မဆုိင္းခဲ့ဘဲ ၂၉ မိနစ္မွာတင္ ခံစစ္အသားေပးကြင္းလယ္လူဒိုင္ယာအစား တိုက္စစ္အသားေပးကြင္းလယ္လူအဲရစ္ဆင္ကို လူစားသြင္းၿပီး နည္းဗ်ဴဟာအေျပာင္းအလဲလုပ္ခဲ့ကာ သူ႔ရဲ႕ဆုံးျဖတ္ခ်က္မွန္တယ္လို႔ ဆိုရေအာင္ စပါးဟာ ၄ ဂိုးျပန္သြင္းၿပီး အေကာင္းဆုံးျပန္လည္ရုန္းထႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးအင္တာဗ်ဴးမွာေတာ့ ေမာ္ရင္ဟိုက”လူသိရွင္ၾကား ကၽြန္ေတာ္ေျပာခ်င္တဲ့ ပထမဆုံးအေၾကာင္းအရာက ပြဲအၿပီးအ၀တ္အစားလဲခန္းထဲမွာ ကၽြန္ေတာ္ ဘာလုပ္ခဲ့တယ္ဆိုတာပါ။ အဲဒါကေတာ့ အဲရစ္ဒိုင္ယာကို ေတာင္းပန္ခဲ့တာပါပဲ၊ အသင္းအတြက္ အဲဒါကို ကၽြန္ေတာ္လုပ္ခဲ့တာပါ။ ဒုိင္ယာ ညံ႔လို႔မဟုတ္ပါဘူး။ အသင္းအတြက္နဲ႔ အေျဖရွာဖု႔ိအတြက္ပါ။ ကၽြန္ေတာ္တို႔ဟာ ၂ ဂိုးျပတ္ရႈံးေနတာပါ။ သူတုိ႔ဘက္က ပိတ္ကစားလာလို႔ အယ္လီနဲ႔ခ်ိတ္ဆက္ဖုိ႔ ကၽြန္ေတာ့္မွာ ဒုတိယလူလိုအပ္ခဲ့ပါတယ္။ အဲဒါဟာ ကၽြန္ေတာ့္အတြက္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အသင္းအတြက္ပဲ လုပ္ခဲ့တာပါ။ ဒုိင္ယာလည္း နားလည္မွာပါ။ ဒီအတြက္ ၀မ္းနည္းရေပမယ့္ အသင္းကသာ အေရးႀကီးဆုံးပါပဲ”လု႔ိ ေျပာခဲ့တာပါ။