၁၀ လကြာဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်နေတဲ့ လင်ဂတ်

photo-gettyimages

photo-givemesport

လူငယ်အများစုနဲ့ မန်ယူဟာ မနေ့ညက ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ အသင်းငယ်လေးအက်စ်တာနာကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ မန်ယူက နောက်တစ်ဆင့်တက်ပြီးသားဆိုတော့ ရလဒ်ပိုင်းအရတော့ အရေးမပါခဲ့ပါဘူး။ အုပ်စုတွင်းမှာ ပထမဆုံးရှုံးပွဲနဲ့ကြုံခဲ့ရပေမယ့်လည်း ကွင်းလယ်လူလင်ဂတ်ကတော့ ကျေနပ်ပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းခေါင်းဆောင်အဖြစ် သူပါဝင်ကစားရတဲ့ပွဲမှာ ကာလရှည်ကြာဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့လို့ပါပဲ။

photo-gettyimages

အက်စ်တာနဲ့ပွဲမတိုင်ခင် မန်ယူအတွက် သူနောက်ဆုံးဂိုးသွင်းပေးခဲ့တာက ၂၀၁၉ ဇန်နဝါရီမှာဖြစ်ပြီး အာဆင်နယ်နဲ့အက်ဖ်အေဖလားပွဲစဉ်မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း သူဟာ ကလပ်နဲ့နိုင်ငံအတွက် ပွဲ ၃၀ ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အက်စ်တာနာနဲ့ပွဲရောက်မှသာ သူဟာ ၁၀ လကြာဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။ ဂိုးသွင်းတာပဲဖြစ်ဖြစ်၊ ဂိုးဖန်တီးတာပဲဖြစ်ဖြစ် ဒီလိုမျိုး သွင်းဂိုးနဲ့ပတ်သက်လို့ ပံ့ပိုးမှုမလုပ်နိုင်တော့တာကြောင့်လည်း လင်ဂတ်ဟာ ဒီရာသီ မန်ယူမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာပါ။

photo-gettyimages

”ဂိုးသွင်းတာဟာ အမြဲကောင်းပါတယ်။ အဲဒါဟာ ယုံကြည်မှုလည်း ရှိစေတာပါ။ ကျွန်တော်တို့ လျင်လျင်မြန်မြန်နဲ့ စနိုင်ခဲ့သလို ပထမပိုင်းကိုလည်း စိုးမိုးခဲ့ပါတယ်။ ဒါပေမဲ့ စက္ကန့် ၃၀ ဆိုတဲ့ကာလလေးမှာ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းအောင် လုပ်နိုင်သင့်ပါတယ်။ ပြန်လာဖို့က လွယ်ကူတဲ့နေရာမဟုတ်ပါဘူး။ သူတို့မှာ အစွမ်းကုန်အားပေးတဲ့ ပရိသတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ခေါင်းမော့ခဲ့ကြပြီး မှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာနဲ့လည်း ကစားခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ၂၆ နှစ်အရွယ် လင်ဂတ်က မန်ယူရုပ်သံကိုပြောခဲ့တာပါ။

[Zawgyi]

၁၀ လၾကာဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့လုိ႔ ေက်နပ္ေပ်ာ္ရႊင္ေနတဲ့ လင္ဂတ္

လူငယ္အမ်ားစုနဲ႔ မန္ယူဟာ မေန႔ညက ယူရိုပါလိဂ္အေ၀းကြင္းပြဲစဥ္မွာ အသင္းငယ္ေလးအက္စ္တာနာကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ပါတယ္။ မန္ယူက ေနာက္တစ္ဆင့္တက္ၿပီးသားဆိုေတာ့ ရလဒ္ပိုင္းအရေတာ့ အေရးမပါခဲ့ပါဘူး။ အုပ္စုတြင္းမွာ ပထမဆုံးရႈံးပြဲနဲ႔ႀကံဳခဲ့ရေပမယ့္လည္း ကြင္းလယ္လူလင္ဂတ္ကေတာ့ ေက်နပ္ေပ်ာ္ရႊင္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသင္းေခါင္းေဆာင္အျဖစ္ သူပါ၀င္ကစားရတဲ့ပြဲမွာ ကာလရွည္ၾကာဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့လုိ႔ပါပဲ။

အက္စ္တာနဲ႔ပြဲမတိုင္ခင္ မန္ယူအတြက္ သူေနာက္ဆုံးဂိုးသြင္းေပးခဲ့တာက ၂၀၁၉ ဇန္န၀ါရီမွာျဖစ္ၿပီး အာဆင္နယ္နဲ႔အက္ဖ္ေအဖလားပြဲစဥ္မွာ ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း သူဟာ ကလပ္နဲ႔ႏိုင္ငံအတြက္ ပြဲ ၃၀ ကစားခဲ့ေပမယ့္ ဂိုးသြင္းယူႏုိင္ျခင္း မရွိခဲ့ပါဘူး။ အက္စ္တာနာနဲ႔ပြဲေရာက္မွသာ သူဟာ ၁၀ လၾကာဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့တာပါ။ ဂိုးသြင္းတာပဲျဖစ္ျဖစ္၊ ဂိုးဖန္တီးတာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး သြင္းဂိုးနဲ႔ပတ္သက္လုိ႔ ပံ့ပိုးမႈမလုပ္ႏိုင္ေတာ့တာေၾကာင့္လည္း လင္ဂတ္ဟာ ဒီရာသီ မန္ယူမွာ ပုံမွန္ေနရာရဖို႔ ရုန္းကန္ေနရတာပါ။

”ဂိုးသြင္းတာဟာ အၿမဲေကာင္းပါတယ္။ အဲဒါဟာ ယုံၾကည္မႈလည္း ရွိေစတာပါ။ ကၽြန္ေတာ္တို႔ လ်င္လ်င္ျမန္ျမန္နဲ႔ စႏိုင္ခဲ့သလို ပထမပိုင္းကိုလည္း စုိးမိုးခဲ့ပါတယ္။ ဒါေပမဲ့ စကၠန္႔ ၃၀ ဆုိတဲ့ကာလေလးမွာ ကၽြန္ေတာ္တို႔ဟာ ဒီထက္ပိုေကာင္းေအာင္ လုပ္ႏိုင္သင့္ပါတယ္။ ျပန္လာဖုိ႔က လြယ္ကူတဲ့ေနရာမဟုတ္ပါဘူး။ သူတုိ႔မွာ အစြမ္းကုန္အားေပးတ့ဲ ပရိသတ္ရွိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔အားလုံးက ေခါင္းေမာ့ခဲ့ၾကၿပီး မွန္ကန္တဲ့စိတ္ပိုင္းဆိုင္ရာနဲ႔လည္း ကစားခဲ့ပါတယ္”လို႔ ပြဲအၿပီးမွာ ၂၆ ႏွစ္အရြယ္ လင္ဂတ္က မန္ယူရုပ္သံကိုေျပာခဲ့တာပါ။