၁၀ ပွဲဆက်နိုင်တဲ့ ပထမဆုံးအီတလီ အသင်းနည်းပြအဖြစ် မန်ချီနီစံချိန်တင်

Photo- Internet
Photo- Internet

အီတလီအသင်းဟာ မနေ့ညကဘော့စနီးယားကို အဝေးကွင်းမှာ ၃-၀ နဲ့နိုင်ပြီးတဲ့နောက် နည်းပြ မန်ချီနီဟာလည်း အီတလီအသင်းသမိုင်းမှာ ၁၀ ပွဲဆက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ အီတလီအတွက် ဂိုးတွေကို အဆာဘီ၊ အင်ဆိုင်းနဲ့ ဘယ်လော့တီ တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ အီတလီကို မန်ချီနီလက်ထက်မှာ ၁၀ ပွဲဆက်အနိုင်ဖြစ်စေခဲ့သလို ယူရို ၂၀၂၀ ခြေစစ်ပွဲအုပ်စု J မှာလည်း ရာနှုန်းပြည့်နိုင်ပွဲ ဖြစ်စေခဲ့ပါတယ်။ အီတလီဟာခြေစစ်ပွဲ ၉ ပွဲကစားခဲ့ရာမှာ ပွဲတိုင်းကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အရင်က အီတလီအတွက် ပွဲဆက်အများဆုံး စံချိန်တင်ထားသူကတော့ ဂန္ထဝင်နည်းပြကြီး ဗစ်တိုရီယိုပေါ့ဇို ဖြစ်ပြီး ၁၉၃၈ နဲ့ ၁၉၃၈ ကြားထဲမှာ ၉ ပွဲဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဒီပွဲအပြီးမှာ မန်ချီနီက”ကျေနပ်စရာဘဲဗျာ။ ဂန္ထဝင်နည်းပြကြီးပေါ့ဇိုရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်တာကို မကျေနပ်ဘူးပြောရင် လိမ်ရာကျမှာပေါ့။ ဘော့စနီးယားဟာ သန်မာပြီး မာကျောသလို နည်းစနစ်လည်းကောင်းလို့ ကစားရတာမလွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်သိပ်ကိုကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲစပြီးမကြာခင်မှာ လမ်းကြောင်းမှန်ပေါ် ချက်ခြင်းရောက်လာခဲ့တာပေါ့” လို့ပြောသွားပါတယ်။

Photo- Internet

ဒီနိုင်ပွဲကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲမအောင်ခဲ့တဲ့ အီတလီအသင်းဟာ ယူရို ၂၀၂၀ မှာဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းတွေထဲမှာ လည်းအပါအဝင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မန်ချီနီကတော့ ခြေစစ်ပွဲအောင်တာနဲ့ ဗိုလ်စွဲဖို့ရေပန်းစားတာကို ဆက်စပ်လို့မရဘူးလို့ ပြောသွားပါတယ်။

Photo- Internet

အီတလီဟာ ခြေစစ်ပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိတဲ့အတွက် ယူရိုပြိုင်ပွဲမှာ အုပ်စုအဆင့်မဲခွဲရင် ဦးစားပေးအဆင့်ရရှိဖို့ သေချာသလောက်ရှိနေတဲ့အပြင် ပထမဆုံး ၃ ပွဲကိုလည်း ရောမမြို့မှာဘဲ ကစားရတော့မယ်လို့ သိရပါတယ်။ အီတလီဟာ တနင်္လာနေ့ညမှာ အာမေးနီးယားနဲ့ အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

Photo- Internet

Zawgyi

၁၀ ပြဲဆက္ႏိုင္တဲ႔ ပထမဆုံးအီတလီ အသင္းနည္းျပအျဖစ္ မန္ခ်ီနီစံခ်ိန္တင္

အီတလီအသင္းဟာ မေန႔ညကေဘာ႔စနီးယားကို အေ၀းကြင္းမွာ ၃-၀ နဲ႔ႏိုင္ၿပီးတဲ႔ေနာက္ နည္းျပ မန္ခ်ီနီဟာလည္း အီတလီအသင္းသမိုင္းမွာ ၁၀ ပြဲဆက္ႏိုင္တဲ႔ ပထမဆုံးနည္းျပအျဖစ္ စံခ်ိန္တင္ခဲ့တယ္လို႔ သိရပါတယ္။ အီတလီအတြက္ ဂိုးေတြကို အဆာဘီ၊ အင္ဆိုင္းနဲ႔ ဘယ္ေလာ႔တီ တို႔ကသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ဒီႏိုင္ပြဲဟာ အီတလီကို မန္ခ်ီနီလက္ထက္မွာ ၁၀ ပြဲဆက္အႏိုင္ျဖစ္ေစခဲ့သလို ယူရို ၂၀၂၀ ေျခစစ္ပြဲအုပ္စု J မွာလည္း ရာႏႈန္းျပည့္ႏိုင္ပြဲ ျဖစ္ေစခဲ့ပါတယ္။ အီတလီဟာေျခစစ္ပြဲ ၉ ပြဲကစားခဲ့ရာမွာ ပြဲတိုင္းကိုအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အရင္က အီတလီအတြက္ ပြဲဆက္အမ်ားဆုံး စံခ်ိန္တင္ထားသူကေတာ႔ ဂႏၳ၀င္နည္းျပႀကီး ဗစ္တိုရီယိုေပါ့ဇို ျဖစ္ၿပီး ၁၉၃၈ နဲ႔ ၁၉၃၈ ၾကားထဲမွာ ၉ ပြဲဆက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာ မန္ခ်ီနီက”ေက်နပ္စရာဘဲဗ်ာ။ ဂႏၳ၀င္နည္းျပႀကီးေပါ့ဇိုရဲ႕ စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္တာကို မေက်နပ္ဘူးေျပာရင္ လိမ္ရာက်မွာေပါ့။ ေဘာ႔စနီးယားဟာ သန္မာၿပီး မာေက်ာသလို နည္းစနစ္လည္းေကာင္းလို႔ ကစားရတာမလြယ္ခဲ့ပါဘူး။ က်ြန္ေတာ္တို႔ရဲ႕စြမ္းေဆာင္ရည္သိပ္ကိုေကာင္းမြန္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပြဲစၿပီးမၾကာခင္မွာ လမ္းေၾကာင္းမွန္ေပၚ ခ်က္ျခင္းေရာက္လာခဲ့တာေပါ့” လို႔ေျပာသြားပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားမွာ ေျခစစ္ပြဲမေအာင္ခဲ့တဲ႔ အီတလီအသင္းဟာ ယူရို ၂၀၂၀ မွာဗိုလ္စြဲဖို႔ေရပန္းစားတဲ႔အသင္းေတြထဲမွာ လည္းအပါအ၀င္ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ္႔ မန္ခ်ီနီကေတာ႔ ေျခစစ္ပြဲေအာင္တာနဲ႔ ဗိုလ္စြဲဖို႔ေရပန္းစားတာကို ဆက္စပ္လို႔မရဘူးလို႔ ေျပာသြားပါတယ္။

အီတလီဟာ ေျခစစ္ပြဲေတြမွာ ရာႏႈနး္ျပည့္ႏိုင္ပြဲရရွိတဲ႔အတြက္ ယူရိုၿပိဳင္ပြဲမွာ အုပ္စုအဆင့္မဲခြဲရင္ ဦးစားေပးအဆင့္ရရွိဖို႔ ေသခ်ာသေလာက္ရွိေနတဲ႔အျပင္ ပထမဆုံး ၃ ပြဲကိုလည္း ေရာမၿမိဳ႕မွာဘဲ ကစားရေတာ႔မယ္လို႔ သိရပါတယ္။ အီတလီဟာ တနလၤာေန႔ညမွာ အာေမးနီးယားနဲ႔ အိမ္ကြင္းကစားရမွာျဖစ္ပါတယ္။