၀က်စ်ဟမ်းကို အနိုင်ယူပြီး မော်ရင်ညိုရဲ့အဖွင့်ပွဲကို အလှပဆုံးဖြစ်စေခဲ့တဲ့စပါး

Photo Credit

Photo Credit

အားလုံးစိတ်ဝင်တစားစောင့်ကြည့်ခဲ့တဲ့ စပါးနည်းပြမော်ရင်ညိုရဲ့ပထမဆုံးပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ စပါးဟာ ဒီပွဲမှာ အထူးခြေစွမ်းပြကစားသွားပြီး သူတို့လိုပဲ ရလဒ်တွေဆိုးရွားနေတဲ့ဝက်စ်ဟမ်းကို အနိုင်ယူကာ ၉နာရီခွဲပွဲတွေမတိုင်ခင် အဆင့် ၁၄ နေရာကနေ အဆင့် ၆နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit

မော်ရင်ညိုဟာ လူစာရင်းကို အပြောင်းအလဲသိပ်မလုပ်ခဲ့ဘဲ အဲရစ်ဆင်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်အသားပေးပုံစံနဲ့ ပွဲထွက်လာတာဖြစ်ပြီး အထောင်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့အနောက်မှာ ဆွန်ဟောင်မင်၊ အယ်လီနဲ့ လူးကပ်စ်မိုရာတို့က လိုက်ပါကစားခဲ့ပါတယ်။

Photo Credit

ဒီပွဲမှာ စပါးအသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုက ချီးကျူးစရာကောင်းခဲ့ပြီး အထူးသဖြင့် လူးကပ်စ်မိုရာသွင်းယူသွားတဲ့ ဒုတိယမြောက်ဂိုးဆိုရင် အယ်လီက ကွင်းဘေးစည်နား အရှိန်လွန်လဲကျသွားတာကို အားမလျှော့ဘဲ လဲကျနေရင်းကနေ ဆွန်ဟောင်မင်ရဲ့ပြေးလမ်းထဲ ထိုးပေးလိုက်တာပါ။

https://twitter.com/NewmanGideon4/status/1198241229588324354

Video Credit

ဆွန်ဟောင်မင်ကလည်း ဘယ်တောင်ပံကနေ တောက်လျှောက်ဆွဲပြေးသွားပြီး ဂိုးရှေ့ဖြတ်တင်ပေးလိုက်တာကို မိုရာက အနီးကပ်ပိတ်သွင်းခဲ့တာပါ။ အဲဒီဂိုးမတိုင်ခင် ပွဲချိန် ၃၆ မိနစ်မှာ ဆွန်ဟောင်မင်က ဘယ်ခြေကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးပေးခဲ့တဲ့အယ်လီကလည်း ယခုရာသီပထမဆုံးဂိုးဖန်တီးမှုကို မော်ရင်ညိုရဲ့ပထမဆုံးပွဲမှာ ရယူနိုင်ခဲ့ပါတယ်။

https://twitter.com/Soccer_Matrix/status/1198236477613731845

Video Credit

ပွဲချိန် ၄၉ မိနစ်မှာ ညာတောင်ပံက အော်ရီယာဖြတ်တင်ဘောကို တိုက်စစ်မှူး ဟယ်ရီကိန်းက မြေထောက်ဘောအဖြစ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ စပါးအသင်း အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာ ဝက်စ်ဟမ်းအသင်းအတွက် အန်တိုနီယိုက ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပေမယ့် အိမ်ကွင်းမှာပဲ စပါးကို ဝက်စ်ဟမ်းအသင်း အရေးနိမ့်သွားပါတယ်။

Photo Credit

ပွဲပြီးခါနီးမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ် အနီးကပ်ပိတ်သွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံနေလို့ ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ နာကျင်အချိန်ပိုမှာ နောက်ခံလူ အော့ဘွန်နာက ဝက်စ်ဟမ်းအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူခဲ့ပါတယ်။

Photo Credit

စပါးအသင်းလည်း နည်းပြသစ်မော်ရင်ညိုရဲ့ပထမဆုံးပွဲမှာ ဇန်နဝါရီလနေက်ပိုင်း ပထမဆုံးလိဂ်အဝေးကွင်းနိုင်ပွဲပါ တစ်ခါတည်းရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

၀က္စ္ဟမ္းကို ဂိုးျပတ္အႏုိင္ယူၿပီး ေမာ္ရင္ညိဳရဲ႕အဖြင့္ပြဲကို အလွပဆုံးျဖစ္ေစခဲ့တဲ့စပါး

အားလုံးစိတ္၀င္တစားေစာင့္ၾကည့္ခဲ့တဲ့ စပါးနည္းျပေမာ္ရင္ညိဳရဲ႕ပထမဆုံးပဲြကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ စပါးဟာ ဒီပဲြမွာ အထူးေျခစြမ္းျပကစားသြားၿပီး သူတုိ႔လုိပဲ ရလဒ္ေတြဆုိးရြားေနတဲ့၀က္စ္ဟမ္းကို အႏိုင္ယူကာ ၉နာရီခြဲပြဲေတြမတုိင္ခင္ အဆင့္ ၁၄ ေနရာကေန အဆင့္ ၆ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။

ေမာ္ရင္ညိဳဟာ လူစာရင္းကို အေျပာင္းအလဲသိပ္မလုပ္ခဲ့ဘဲ အဲရစ္ဆင္ကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့ပါတယ္။ ဒါေပမဲ့ တုိက္စစ္အသားေပးပုံစံနဲ႔ ပြဲထြက္လာတာျဖစ္ၿပီး အေထာင္တုိက္စစ္မွဴး ဟယ္ရီကိန္းရဲ႕အေနာက္မွာ ဆြန္ေဟာင္ မင္၊ အယ္လီနဲ႔ လူးကပ္စ္မုိရာတုိ႔က လုိက္ပါကစားခဲ့ပါတယ္။ ဒီပြဲမွာ စပါးအသင္းသားေတြရဲ႕ႀကိဳးစားအားထုတ္မႈက ခ်ီးက်ဴးစရာ ေကာင္းခဲ့ၿပီး အထူးသျဖင့္ လူးကပ္စ္မုိရာသြင္းယူသြားတ့ဲ ဒုတိယေျမာက္ဂိုးဆုိရင္ အယ္လီက ကြင္းေဘး စည္ နား အရွိန္လြန္လဲက်သြားတာကို အားမေလွ်ာ့ဘဲ လဲက်ေနရင္းကေန ဆြန္ေဟာင္မင္ရဲ႕ေျပးလမ္းထဲ ထိုးေပးလုိက္တာပါ။

ဆြန္ေဟာင္မင္ကလည္း ဘယ္ေတာင္ပံကေန ေတာက္ေလွ်ာက္ဆြဲေျပးသြားၿပီး ဂိုးေရွ႕ျဖတ္တင္ေပးလုိက္တာကို မိုရာက အနီးကပ္ပိတ္သြင္းခဲ့တာပါ။ အဲဒီဂိုးမတုိင္ခင္ ပြဲခ်ိန္ ၃၆ မိနစ္မွာ ဆြန္ေဟာင္မင္က ဘယ္ေျခကန္ခ်က္နဲ႔ ဦးေဆာင္ဂိုး သြင္း ယူ ႏိုင္ခဲ့ၿပီး ဂိုးဖန္တီးေပးခဲ့တဲ့အယ္လီကလည္း ယခုရာသီပထမဆုံးဂိုးဖန္တီးမႈကို ေမာ္ရင္ညိဳရဲ႕ပထမဆုံးပြဲမွာ ရယူႏိုင္ခဲ့ပါ တယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာ ညာေတာင္ပံက ေအာ္ရီယာျဖတ္တင္ေဘာကို တုိက္စစ္မွဴး ဟယ္ရီကိန္းက ေျမေထာက္ေဘာအျဖစ္ ေခါင္းတုိက္သြင္းယူႏိုင္ခဲ့လုိ႔ စပါးအသင္း အဆုံးသတ္ဂိုးရရွိခဲ့ပါတယ္။ ပြဲခ်ိန္ ၇၃ မိနစ္မွာ ၀က္စ္ဟမ္းအသင္းအတြက္ အန္တိုနီယိုက ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ေပမယ့္ အိမ္ကြင္းမွာပဲ စပါးကို ၀က္စ္ဟမ္းအသင္း အေရးနိမ့္သြားပါတယ္။ ပြဲၿပီး ခါနီးမွာ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ အနီးကပ္ပိတ္သြင္းႏုိင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ လူကၽြံေနလုိ႔ ဂိုးအျဖစ္ သတ္မွတ္ျခင္းမခံခဲ့ရပါဘူး။ နာက်င္အခ်ိန္ပိုမွာ ေနာက္ခံလူ ေအာ့ဘြန္နာက ၀က္စ္ဟမ္းအတြက္ ဒုတိယေျမာက္ ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ စပါးအသင္းလည္း နည္းျပသစ္ေမာ္ရင္ညိဳရဲ႕ပထမဆုံးပြဲမွာ ဇန္န၀ါရီလေနက္ပိုင္း ပထမဆုံးလိဂ္ အေ၀းကြင္းႏိုင္ပဲြပါ တစ္ခါတည္းရယူသြားႏိုင္ခဲ့ပါတယ္။