ဥရောပထိပ်သီးလိဂ်အားလုံးရဲ့ ပြိုင်ပွဲစုံဂိုးအများဆုံးသွင်းထားသူ လီဝန်ဒေါစကီး

photo internet

ဒီရာသီမှာ ဘိုင်ယန်မြူးနစ်က ရောဘတ်လီဝန်ဒေါစကီးဟာ ခြေစွမ်းကောင်းတွေပြနေပါတယ်။အိုလမ်ပီယာကို့စ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲမှာ နောက်ထပ်တစ်ဂိုးထပ်သွင်းယူခဲ့ပြီး ဒီဂိုးက ဒီရာသီပြိုင်ပွဲစုံမှာ ၂၁ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။

photo internet

ဂိုးတွေအသွင်းကောင်းနေတဲ့ လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၈ပွဲဆက်နဲ့အထက်ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာပါတယ်။ ရှေ့ကနှစ်ယောက်ကတော့ ကမ္ဘာကျော်ဘောလုံးသမား တွေဖြစ်တဲ့ စီရော်နယ်ဒို (၉ပွဲ၊ ၂၀၁၂ကနေ ၂၀၁၄အတွင်း)နဲ့ မက်ဆီ (၈ပွဲ၊ ၂၀၁၅ကနေ ၂၀၁၇အတွင်း)တို့ဖြစ်ပါတယ်။

photo internet

ဒီလိုခြေစွမ်းတွေပြ ၊ ဂိုးတွေသွင်းနေတာကြောင့် လီဝန်ဒေါစကီးရဲ့ပရိသတ်တွေကတော့ သူ့ကို ကမ္ဘာ့တတိယအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာနေတယ်လို့ ယုံကြည်နေကြပါတယ်။ လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ ဥရောပထိပ်သီးလိဂ်အားလုံးရဲ့ ပြိုင်ပွဲစုံဂိုးအများဆုံးသွင်းထားသူဖြစ်နေပါတယ်။ သူ့အနေနဲ့ခြေစွမ်းဆက်ထိန်းနိုင်ပြီး ဂိုးတွေဆက်သွင်းနိုင်ဦးမယ်ဆိုရင်တော့ ဒီရာသီဥရောပရွှေဖိနပ်ဆုကို ရဖို့မျှော်မှန်းနိုင်ပါတယ်။

photo internet

လီဝန်ဒေါစကီးနဲ့အခြားကစားသမားတွေရဲ့ ကွာဟချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒေါစကီးက 17 ပွဲကစားပြီး 21 ဂိုးသွင်းထားကာ၊ ကိုင်ရိုအင်မိုဘိုင်းက 14 ပွဲကစား၊ 14 ဂိုးသွင်းထားပါတယ်။ ရာဟမ်းစတားလင်းနဲ့ ဆာဂျီယိုအဂွေးရိုး တို့က 14 ပွဲကစား 13 ဂိုးသွင်းထားပါတယ်။ 16ပွဲကစားပြီး 13 ဂိုးသွင်းထားသူကတော့ တီမိုဝါနားပါ။ မမ်ဖစ်ဒီပေးက 14 ပွဲကစား၊ 11 ဂိုးသွင်းထားကာ၊ အန်ဒရီယာဘယ်လော့တီက 17ပွဲကစား 11 ဂိုးသွင်းထားပါတယ်။ ရာအူးလ်ဂျီမီနက်ဇ် ကတော့ ပွဲ20 ကစား 11 ဂိုးသွင်းထားကာ၊ ဂျေမီဗာဒီက 12ပွဲကစား 10 ဂိုးသွင်းထားပါတယ်။ ဟယ်ရီကိန်းက 14 ပွဲကစား 10ဂိုးသွင်းထားကာ၊ ဆာဒီယိုမာနေးက 16ပွဲကစား၊ 10ဂိုးသွင်းထားပါတယ်။ 17ပွဲကစား 10ဂိုးသွင်းထားသူကတော့ တမ်မီအေဘရာဟမ်ဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ဥေရာပထိပ္သီးလိဂ္အားလုံးရဲ႕ ၿပိဳင္ပြဲစုံဂိုးအမ်ားဆုံးသြင္းထားသူ လီဝန္ေဒါစကီး

ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္က ေရာဘတ္လီဝန္ေဒါစကီးဟာ ေျခစြမ္းေကာင္းေတြျပေနပါတယ္။အိုလမ္ပီယာကို႔စ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲမွာ ေနာက္ထပ္တစ္ဂိုးထပ္သြင္းယူခဲ့ၿပီး ဒီဂိုးက ဒီရာသီၿပိဳင္ပြဲစုံမွာ ၂၁ဂိုးေျမာက္ျဖစ္ခဲ့ပါတယ္။

ဂိုးေတြအသြင္းေကာင္းေနတဲ့ လီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၈ပြဲဆက္နဲ႔အထက္ဂိုးသြင္းႏိုင္တဲ့ တတိယေျမာက္ကစားသမားျဖစ္လာပါတယ္။ ေရွ႕ကႏွစ္ေယာက္ကေတာ့ ကမာၻေက်ာ္ေဘာလုံးသမား ေတြျဖစ္တဲ့ စီေရာ္နယ္ဒို (၉ပြဲ၊ ၂၀၁၂ကေန ၂၀၁၄အတြင္း)နဲ႔ မက္ဆီ (၈ပြဲ၊ ၂၀၁၅ကေန ၂၀၁၇အတြင္း)တို႔ျဖစ္ပါတယ္။

ဒီလိုေျခစြမ္းေတြျပ ၊ ဂိုးေတြသြင္းေနတာေၾကာင့္ လီဝန္ေဒါစကီးရဲ႕ပရိသတ္ေတြကေတာ့ သူ႔ကို ကမာၻ႔တတိယအေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္လာေနတယ္လို႔ ယုံၾကည္ေနၾကပါတယ္။ လီဝန္ေဒါစကီးဟာ လက္ရွိအခ်ိန္မွာ ဥေရာပထိပ္သီးလိဂ္အားလုံးရဲ႕ ၿပိဳင္ပြဲစုံဂိုးအမ်ားဆုံးသြင္းထားသူျဖစ္ေနပါတယ္။ သူ႔အေနနဲ႔ေျခစြမ္းဆက္ထိန္းႏိုင္ၿပီး ဂိုးေတြဆက္သြင္းႏိုင္ဦးမယ္ဆိုရင္ေတာ့ ဒီရာသီဥေရာပေ႐ႊဖိနပ္ဆုကို ရဖို႔ေမွ်ာ္မွန္းႏိုင္ပါတယ္။

လီဝန္ေဒါစကီးနဲ႔အျခားကစားသမားေတြရဲ႕ ကြာဟခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ေဒါစကီးက 17 ပြဲကစားၿပီး 21 ဂိုးသြင္းထားကာ၊ ကိုင္႐ိုအင္မိုဘိုင္းက 14 ပြဲကစား၊ 14 ဂိုးသြင္းထားပါတယ္။ ရာဟမ္းစတားလင္းနဲ႔ ဆာဂ်ီယိုအေဂြး႐ိုး တို႔က 14 ပြဲကစား 13 ဂိုးသြင္းထားပါတယ္။ 16ပြဲကစားၿပီး 13 ဂိုးသြင္းထားသူကေတာ့ တီမိုဝါနားပါ။ မမ္ဖစ္ဒီေပးက 14 ပြဲကစား၊ 11 ဂိုးသြင္းထားကာ၊ အန္ဒရီယာဘယ္ေလာ့တီက 17ပြဲကစား 11 ဂိုးသြင္းထားပါတယ္။ ရာအူးလ္ဂ်ီမီနက္ဇ္ ကေတာ့ ပြဲ20 ကစား 11 ဂိုးသြင္းထားကာ၊ ေဂ်မီဗာဒီက 12ပြဲကစား 10 ဂိုးသြင္းထားပါတယ္။ ဟယ္ရီကိန္းက 14 ပြဲကစား 10ဂိုးသြင္းထားကာ၊ ဆာဒီယိုမာေနးက 16ပြဲကစား၊ 10ဂိုးသြင္းထားပါတယ္။ 17ပြဲကစား 10ဂိုးသြင္းထားသူကေတာ့ တမ္မီေအဘရာဟမ္ျဖစ္ပါတယ္။