အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ၁၀ နှစ်အရွယ်က မန်ယူရီပို့တ်ကဒ်(Report Card)

photo-the sun

photo-social media

တိုက်စစ်မှုးမားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ၁၀ နှစ်အရွယ်က မန်ယူရီပို့တ်ကဒ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပြီး အဲဒီထဲမှာ ဒီလူငယ်ကြယ်ပွင့်က သူ့အနေနဲ့ နေ့စဉ်နေ့တိုင်းလေ့ကျင့်ဖို့လိုအပ်တယ်လို့ ဝန်ခံထားပါတယ်။ အခုအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲထွက်ကစားသမားဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အဲဒီရီပို့တ်ကဒ်ထဲမှာ သူ့အားသာချက်တွေက ဘာတွေ၊ ပိုကောင်းအောင် သူဘယ်လိုလုပ်နိုင်တယ်ဆိုတာ၊ မန်ယူယူ-၁၁ အသင်းမှာ ဘယ်သူက အကောင်းဆုံးဆိုတဲ့ စတဲ့မေးခွန်းတွေကို ဖြည့်စွက်ဖြေဆိုထားတာပါ။

photo-social media

ရီပို့တ်ကဒ်ရဲ့ရက်စွဲကတော့ ၂၀၀၇ စက်တင်ဘာလဖြစ်ပြီး မန်ယူအတွက် သူစတင်ပွဲဦးထွက်ခွင့်ရတဲ့ ၂၀၁၆ ဖေဖော်ဝါရီမတိုင်ခင် ၈ နှစ်ခွဲအကြာမှာဖြစ်ကာ သူ့ရဲ့စိတ်ကြိုက်နေရာက ညာတောင်ပံနဲ့ရှေ့တန်းလို့ ရက်ရှိဖို့ဒ်က ရေးထားပါတယ်။ သူ့ရဲ့အားသာချက်တွေက ဘာလဲဆိုတဲ့မေးခွန်းအောက်မှာတော့ ပြေးအားနဲ့ စကေးလို့ ရေးထားတာပါ။ ဘယ်နေရာမှာ ပိုကောင်းဖို့လိုသလဲဆိုတဲ့မေးခွန်းမှာတော့ အခု အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်က ဘယ်ခြေပိုကောင်းဖို့လိုတယ်လို့ ရေးထားပါတယ်။ ပြီးခဲ့တဲ့လ ချဲလ်ဆီးနဲ့ပွဲတုန်းက တရားလွန်ဖြစ်တဲ့သူ့ရဲ့ဖရီးကစ်သွင်းဂိုးကြောင့် သူ့ညာခြေအရမ်းကောင်းတယ်ဆိုတာကတော့ သိထားကြပြီးသားပါ။

photo-gettyimages

သူဘယ်လိုတိုးတက်နိုင်သလဲဆိုတဲ့မေးခွန်းအောက်မှာတော့ နေ့စဉ်နေ့တိုင်းလေ့ကျင့်ရင် တိုးတက်နိုင်တယ်လို့ ရက်ရှ်ဖို့ဒ်က ချရေးထားပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းကတော့ ယူ-၁၁ အသင်းရဲ့အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာရွေးပါ ဆိုတာပါပဲ။ ဒီတော့ ရက်ရှ်ဖု့ိဒ်က ဒက်ဗ်လို့ ဖြေဆိုခဲ့ပြီး သူ့ဆီမှာ ကစားသမားကောင်းတစ်ယောက်လိုအပ်တာတွေ အားလုံးရှိတယ်လို့  ရေးထားတာပါ။ ပရိသတ်တွေကတော့ ရက်ရှ်ဖို့ဒ်ပြောတဲ့ ဒက်ဗ်ဆိုတာ အခုအင်္ဂလန်ပဉ္စမတန်းဖြစ်တဲ့ နေရှင်းလိဂ်က ဝရက်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ ၂၃ နှစ်အရွယ် ကွင်းလယ်လူဒီဗွန်တီရက်မွန့်ကို ရည်ညွန်းတာလို့ ဆိုကြပါတယ်။ ရက်မွန့်ဟာ ၂၀၁၇ တုန်းက မန်ယူအသင်းနဲ့ စီနီယာစာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စကန်သော်ပီကို အငှားပို့ခံရပြီးကတည်းက မန်ယူအတွက် တစ်ပွဲမှာ ကစားပေးရခြင်း မရှိတော့ပါဘူး။ အဲဒီနောက်  ဆဲလ်ဖို့ဒ်စီးတီးကိုပြောင်းသွားပြီး ဒီနှစ်နွေရာသီရောက်မှ ဝရက်စ်ဟမ်းအသင်းကို ရောက်သွားတာပါ။

[Zawgyi]

အြန္လိုင္းမွာ ပ်ံ႔ႏွံ႔ေနတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ၁၀ ႏွစ္အရြယ္က မန္ယူရီပို႔တ္ကဒ္(Report Card)

တိုက္စစ္မႈးမားကပ္စ္ရက္ရွ္ဖို႔ဒ္ရဲ႕ ၁၀ ႏွစ္အရြယ္က မန္ယူရီပို႔တ္ကဒ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ပ်႔ံႏွံ႔ေနၿပီး အဲဒီထဲမွာ ဒီလူငယ္ၾကယ္ပြင့္က သူ႔အေနနဲ႔ ေန႔စဥ္ေန႔တုိငး္ေလ့က်င့္ဖို႔လုိအပ္တယ္လို႔ ၀န္ခံထားပါတယ္။ အခုအဂၤလန္လက္ေရြးစင္အသင္းရဲ႕ပြဲထြက္ကစားသမားျဖစ္ေနတဲ့ ရက္ရွ္ဖို႔ဒ္ဟာ အဲဒီရီပို႔တ္ကဒ္ထဲမွာ သူ႔အားသာခ်က္ေတြက ဘာေတြ၊ ပုိေကာင္းေအာင္ သူဘယ္လုိလုပ္ႏိုင္တယ္ဆိုတာ၊ မန္ယူယူ-၁၁ အသင္းမွာ ဘယ္သူက အေကာင္းဆုံးဆုိတဲ့ စတဲ့ေမးခြန္းေတြကို ျဖည့္စြက္ေျဖဆိုထားတာပါ။

ရီပို႔တ္ကဒ္ရဲ႕ရက္စြဲကေတာ့ ၂၀၀၇ စက္တင္ဘာလျဖစ္ၿပီး မန္ယူအတြက္ သူစတင္ပြဲဦးထြက္ခြင့္ရတဲ့ ၂၀၁၆ ေဖေဖာ္၀ါရီမတုိင္ခင္ ၈ ႏွစ္ခြဲအၾကာမွာျဖစ္ကာ သူ႔ရဲ႕စိတ္ႀကိဳက္ေနရာက ညာေတာင္ပံနဲ႔ေရွ႕တန္းလို႔ ရက္ရွိဖုိ႔ဒ္က ေရးထားပါတယ္။ သူ႔ရဲ႕အားသာခ်က္ေတြက ဘာလဲဆုိတဲ့ေမးခြနး္ေအာက္မွာေတာ့ ေျပးအားနဲ႔ စေကးလို႔ ေရးထားတာပါ။ ဘယ္ေနရာမွာ ပိုေကာင္းဖို႔လုိသလဲဆိုတဲ့ေမးခြန္းမွာေတာ့ အခု အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္က ဘယ္ေျခပိုေကာင္းဖုိ႔လုိတယ္လို႔ ေရးထားပါတယ္။ ၿပီးခဲ့တဲ့လ ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက တရားလြန္ျဖစ္တဲ့သူ႔ရဲ႕ဖရီးကစ္သြင္းဂိုးေၾကာင့္ သူ႔ညာေျခအရမ္းေကာင္းတယ္ဆုိတာကေတာ့ သိထားၾကၿပီးသားပါ။

သူဘယ္လုိတုိးတက္ႏိုင္သလဲဆုိတဲ့ေမးခြန္းေအာက္မွာေတာ့ ေန႔စဥ္ေန႔တိုင္းေလ့က်င့္ရင္ တိုးတက္ႏိုင္တယ္လို႔ ရက္ရွ္ဖို႔ဒ္က ခ်ေရးထားပါတယ္။ စိတ္၀င္စားစရာအေကာင္းဆုံးေမးခြန္းကေတာ့ ယူ-၁၁ အသင္းရဲ႕အေကာင္းဆုံးကစားသမားက ဘယ္သူလဲဆုိတာေရြးပါ ဆိုတာပါပဲ။ ဒီေတာ့ ရက္ရွ္ဖု႔ိဒ္က ဒက္ဗ္လုိ႔ ေျဖဆိုခဲ့ၿပီး သူ႔ဆီမွာ ကစားသမားေကာင္းတစ္ေယာက္လိုအပ္တာေတြ အားလံုးရွိတယ္လို႔  ေရးထားတာပါ။ ပရိသတ္ေတြကေတာ့ ရက္ရွ္ဖို႔ဒ္ေျပာတဲ့ ဒက္ဗ္ဆိုတာ အခုအဂၤလန္ပဥၥမတန္းျဖစ္တဲ့ ေနရွင္းလိဂ္က ၀ရက္စ္ဟမ္းအသင္းမွာ ကစားေနတဲ့ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူဒီဗြန္တီရက္မြန္႔ကို ရည္ညြန္းတာလို႔ ဆိုၾကပါတယ္။ ရက္မြန္႔ဟာ ၂၀၁၇ တုန္းက မန္ယူအသင္းနဲ႔ စီနီယာစာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ စကန္ေသာ္ပီကို အငွားပို႔ခံရၿပီးကတည္းက မန္ယူအတြက္ တစ္ပြဲမွာ ကစားေပးရျခင္း မရွိေတာ့ပါဘူး။ အဲဒီေနာက္  ဆဲလ္ဖုိ႔ဒ္စီးတီးကိုေျပာင္းသြားၿပီး ဒီႏွစ္ေႏြရာသီေရာက္မွ ၀ရက္စ္ဟမ္းအသင္းကို ေရာက္သြားတာပါ။