အေဂျက်ကို ၁-၄ နဲ့ရှုံးနေချိန် ကွင်းထဲကထွက်သွားတဲ့ ချဲလ်ဆီးပရိသတ်တွေကို ဖာဒီနန်ဝေဖန်ပြစ်တင်

photo-daily express

photo-BT Sport

အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁-၄ နဲ့ရှုံးနေချိန် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲက ထွက်သွားတဲ့ ချဲလ်ဆီးပရိသတ်အချို့ကို ရုပ်သံသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ မန်ယူနောက်ခံလူဟောင်းရီယိုဖာဒီနန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အဲဒီပွဲမှာ အေဂျက်ကို ၃ ဂိုးပြတ်ရှုံးနေချိန်ဖြစ်တဲ့ ဒုတိယပိုင်းအစမှာ ချဲလ်ဆီးပရိသတ်အုပ်စုလိုက်အနည်းငယ်ဟာ ပွဲကိုဆက်မကြည့်တော့ဘဲ ကွင်းထဲကနေ ထွက်သွားခဲ့ကြတာပါ။ သူတို့အသင်း ပြန်မလာနိုင်တော့ဘူးဆိုတဲ့အထင်နဲ့ ဖြစ်ပါတယ်။

photo-reuters

ဒါပေမဲ့လည်း အေဂျက်ဘက်က ဘလိုင်းအပါအဝင် ဗဟိုနောက်ခံလူနှစ်ယောက် ဆက်တိုက်ဆိုသလိုပဲ အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး နှစ်ယော့လျော့သွားပြီးနောက်မှာတော့ ချဲလ်ဆီးဟာ ချေပဂိုး ၃ ဂိုးပြန်လိုက်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် အနိုင်ဂိုးတောင်ရခဲ့သေးပေမယ့် လက်ထိတယ်ဆိုပြီး VAR နဲ့ပယ်ချခံလိုက်ရတာကြောင့်သာ ၄-၄ နဲ့ အဆုံးသတ်ခဲ့တာပါ။ ကွင်းထဲကထွက်သွားတဲ့ ချဲလ်ဆီးပရိသတ်တွေကတော့ သူတို့အသင်းရဲ့ပြန်လာနိုင်မှုကို မြင်တွေ့ခွင့်မရလိုက်ကြပါဘူး။

photo-gettyimages

ဒါကြောင့်လည်း ဖာဒီနန်က”ဒီလိုထွက်သွားလို့ မရနိုင်ဘူးလေ။ ဒီကွင်းအတွင်းမှာရှိတဲ့ စိတ်ဓာတ်အားမန်နဲ့ ါ် ဒီအသင်းရဲ့တုံ့ပြန်ပုံနည်းလမ်းအရ ၁-၄ နဲ့ရှုံးနေတာတောင် ဒီကွင်းထဲကနေ ထွက်သွားလု့ိမရနိုင်ပါဘူး”လု့ိ BT Sport ရုပ်သံမှာ ဖာဒီနန်က ပြောခဲ့တာပါ။ အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်းဖြစ်တဲ့ဂယ်ရီလိုင်နီကာကလည်း ဖာဒီနန်နဲ့တစ်လေသံတည်းဖြစ်ပြီး ကွင်းထဲက ထွက်သွားတဲ့ပရိသတ်တွေဟာ နောင်တတွေအများကြီးရလိမ့်မယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။

[Zawgyi]

ေအဂ်က္ကို ၁-၄ နဲ႔ရႈံးေနခ်ိန္ ကြင္းထဲကထြက္သြားတ့ဲ ခ်ဲလ္ဆီးပရိသတ္ေတြကုိ ဖာဒီနန္ေ၀ဖန္ျပစ္တင္

ေအဂ်က္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၁-၄ နဲ႔ရႈံးေနခ်ိန္ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းထဲက ထြက္သြားတဲ့ ခ်ဲလ္ဆီးပရိသတ္အခ်ိဳ႕ကို ရုပ္သံသုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ မန္ယူေနာက္ခံလူေဟာင္းရီယိုဖာဒီနန္က ေ၀ဖန္ျပစ္တင္လုိက္ပါတယ္။ အဲဒီပြဲမွာ ေအဂ်က္ကို ၃ ဂိုးျပတ္ရႈံးေနခ်ိန္ျဖစ္တဲ့ ဒုတိယပိုင္းအစမွာ ခ်ဲလ္ဆီးပရိသတ္အုပ္စုလိုက္အနည္းငယ္ဟာ ပြဲကိုဆက္မၾကည့္ေတာ့ဘဲ ကြင္းထဲကေန ထြက္သြားခဲ့ၾကတာပါ။ သူတို႔အသင္း ျပန္မလာႏိုင္ေတာ့ဘူးဆိုတဲ့အထင္နဲ႔ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ေအဂ်က္ဘက္က ဘလိုင္းအပါအ၀င္ ဗဟိုေနာက္ခံလူႏွစ္ေယာက္ ဆက္တိုက္ဆိုသလုိပဲ အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီး ႏွစ္ေယာ့ေလ်ာ့သြားၿပီးေနာက္မွာေတာ့ ခ်ဲလ္ဆီးဟာ ေခ်ပဂိုး ၃ ဂိုးျပန္လိုက္သြင္းႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ အႏိုင္ဂိုးေတာင္ရခဲ့ေသးေပမယ့္ လက္ထိတယ္ဆိုၿပီး VAR နဲ႔ပယ္ခ်ခံလုိက္ရတာေၾကာင့္သာ ၄-၄ နဲ႔ အဆုံးသတ္ခဲ့တာပါ။ ကြင္းထဲကထြက္သြားတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ သူတို႔အသင္းရဲ႕ျပန္လာႏိုင္မႈကို ျမင္ေတြ႕ခြင့္မရလိုက္ၾကပါဘူး။

ဒါေၾကာင့္လည္း ဖာဒီနန္က”ဒီလိုထြက္သြားလို႔ မရႏိုင္ဘူးေလ။ ဒီကြင္းအတြင္းမွာရွိတဲ့ စိတ္ဓာတ္အားမန္နဲ႔ ၚ ဒီအသင္းရဲ႕တုံ႔ျပန္ပုံနည္းလမ္းအရ ၁-၄ နဲ႔ရႈံးေနတာေတာင္ ဒီကြင္းထဲကေန ထြက္သြားလု႔ိမရႏိုင္ပါဘူး”လု႔ိ BT Sport ရုပ္သံမွာ ဖာဒီနန္က ေျပာခဲ့တာပါ။ အဂၤလန္ဂႏၳ၀င္ကစားသမားေဟာင္းျဖစ္တဲ့ဂယ္ရီလိုင္နီကာကလည္း ဖာဒီနန္နဲ႔တစ္ေလသံတည္းျဖစ္ၿပီး ကြင္းထဲက ထြက္သြားတဲ့ပရိသတ္ေတြဟာ ေနာင္တေတြအမ်ားႀကီးရလိမ့္မယ္လုိ႔ ထပ္ေလာင္းေျပာၾကားလိုက္ပါတယ္။