အီဂျစ်နဲ့ပွဲတွေအများကြီးကစားရဖို့ရှိနေတဲ့ ဆာလက်အတွက် ကလော့ပ်စိုးရိမ်

PC ; Internet

အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ အဓိကပြိုင်ပွဲတွေမှာ ဆက်တိုက်ပါဝင်ကစားရဖွယ်ရှိနေတဲ့ တိုက်စစ်မှူးဆာလက်အတွက် လီဗာပူးနည်းပြဂျာဂင်ကလော့ပ် စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။ဆာလက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းနဲ့အတူ ပါဝင်ကစားခဲ့သလို ဒီနှစ်အစောပိုင်းမှာကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာလည်း ကိုယ်စားပြုပေးခဲ့သူပါ။ဒါ့အပြင် သူဟာ လာမယ့်နွေရာသီအိုလံပစ်ပွဲတော်မှာလည်း အီဂျစ်အသင်းအတွက် ကစားပေးဖို့ရှိနေပါတယ်။

PC ; Internet

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ အသက် ၂၃နှစ်အထက် ကစားသမား ၃ဦးပါဝင်ကစားခွင့်ပေးထားတာကြောင့် အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလက်ကိုသေချာပေါက်ခေါ်ယူဖို့ရှိနေပါတယ်။သူ့ရဲ့တိုက်စစ်မှူးဟာ လီဗာပူးအတွက် ပွဲပေါင်း ၆၀ ကျော်ကစားဖို့ရှိနေတာကြောင့် အိုလံပစ်ပြိုင်ပွဲပါထပ်နွှဲရရင် ကြံ့ခိုင်မှုထိခိုက်လာမှာကို ကလော့ပ်ကစိုးရိမ်နေတာဖြစ်ပါတယ်။

PC ; Internet

“အနာဂါတ်မှာ အ ခက်အခဲအနည်းငယ်ရှိလာနိုင်တာကို သိနေပါတယ်။ အီဂျစ်အသင်းက အိုလံပစ်ခြေစစ်ပွဲအောင်မြင်နေလို့ပါ။ ကျွန်တော်ဆာလက်နဲ့ စကားပြောဆိုဖို့ရှိနေပါတယ်။ ဒီနေ့အထိတော့ တိတိကျကျမသိရသေးပါဘူး။ သူတို့ဘက်ကအလိုရှိတယ်လို့ပြောလာမလား။ သူတို့ရဲ့နည်းပြကလိုအပ်တယ်လို့ပြောလာမလား။ ကျွန်တော်တို့ဘက်ကလွှတ်ပေးရမှာလား။ ကျွန်တော့်ဘက်ကတော့ဘာမှမသိရသေးပါဘူး” လို့ ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။အိုလံပစ်ပြိုင်ပွဲကို လာမယ့်နှစ် ဇူလိုင် ၂၂ရက်ကနေ သြဂုတ် ၈ရက်နေ့အထိ ကျင်းပသွားမှာပါ။ တကယ်လို့ အီဂျစ်အတွက် ဆာလက်ကစားပေးမယ်ဆိုရင် လီဗာပူးရဲ့ ရာသီကြိုကာလခြေစမ်းပွဲတွေနဲ့ လွဲချော်ဖို့ရှိနေပါတယ်။

(zawgyi)

အီဂ်စ္လက္ေရြးစင္အသင္းနဲ႔အတူ အဓိကၿပိဳင္ပြဲေတြမွာ ဆက္တိုက္ပါ၀င္ကစားရဖြယ္ရွိေနတဲ့ တိုက္စစ္မွဴးဆာလက္အတြက္ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ စိုးရိမ္ပူပန္ေနတယ္လို႔ သိရပါတယ္။ဆာလက္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီဂ်စ္အသင္းနဲ႔အတူ ပါ၀င္ကစားခဲ့သလို ဒီႏွစ္အေစာပိုင္းမွာက်င္းပခဲ့တဲ့ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာလည္း ကိုယ္စားျပဳေပးခဲ့သူပါ။ဒါ့အျပင္ သူဟာ လာမယ့္ေႏြရာသီအိုလံပစ္ပြဲေတာ္မွာလည္း အီဂ်စ္အသင္းအတြက္ ကစားေပးဖို႔ရွိေနပါတယ္။ဂ်ပန္ႏိုင္ငံမွာ က်င္းပမယ့္ ဒီၿပိဳင္ပြဲမွာ အသက္ ၂၃ႏွစ္အထက္ ကစားသမား ၃ဦးပါ၀င္ကစားခြင့္ေပးထားတာေၾကာင့္ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ဆာလက္ကိုေသခ်ာေပါက္ေခၚယူဖို႔ရွိေနပါတယ္။သူ႔ရဲ႕တိုက္စစ္မွဴးဟာ လီဗာပူးအတြက္ ပြဲေပါင္း ၆၀ ေက်ာ္ကစားဖို႔ရွိေနတာေၾကာင့္ အိုလံပစ္ၿပိဳင္ပြဲပါထပ္ႏႊဲရရင္ ႀက့ံခိုင္မႈထိခိုက္လာမွာကို ကေလာ့ပ္ကစိုးရိမ္ေနတာျဖစ္ပါတယ္။“အနာဂါတ္မွာ အ ခက္အခဲအနည္းငယ္ရွိလာႏိုင္တာကို သိေနပါတယ္။ အီဂ်စ္အသင္းက အိုလံပစ္ေျခစစ္ပြဲေအာင္ျမင္ေနလို႔ပါ။ ကၽြန္ေတာ္ဆာလက္နဲ႔ စကားေျပာဆိုဖို႔ရွိေနပါတယ္။ ဒီေန႔အထိေတာ့ တိတိက်က်မသိရေသးပါဘူး။ သူတို႔ဘက္ကအလိုရွိတယ္လို႔ေျပာလာမလား။ သူတို႔ရဲ႔နည္းျပကလိုအပ္တယ္လို႔ေျပာလာမလား။ ကၽြန္ေတာ္တို႔ဘက္ကလႊတ္ေပးရမွာလား။ ကၽြန္ေတာ့္ဘက္ကေတာ့ဘာမွမသိရေသးပါဘူး” လို႔ ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။အိုလံပစ္ၿပိဳင္ပြဲကို လာမယ့္ႏွစ္ ဇူလိုင္ ၂၂ရက္ကေန ၾသဂုတ္ ၈ရက္ေန႔အထိ က်င္းပသြားမွာပါ။ တကယ္လို႔ အီဂ်စ္အတြက္ ဆာလက္ကစားေပးမယ္ဆိုရင္ လီဗာပူးရဲ႕ ရာသီႀကိဳကာလေျခစမ္းပြဲေတြနဲ႔ လြဲေခ်ာ္ဖို႔ရွိေနပါတယ္။