အာဖရိကအကောင်းဆုံးဆုကို ဆာလက် ၃နှစ်ဆက်သိမ်းပိုက်နိုင်မလား

PC ; Internet

၂၀၁၉ ခုနှစ် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် အယောက် ၃၀စာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ဒီဆုကိုရဖို့ ရေပန်းအစားဆုံးကစားသမားကတော့ လီဗာပူးတိုက်စစ်မှူးဆာလက်ပါပဲ။ဆာလက်ဟာ ၂၀၁၇-၁၈ ရာသီမှာ ၃၂ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရခဲ့သလို ၂၀၁၈ခုနှစ်အတွင်းမှာ လီဗာပူးနဲ့အီဂျစ်အတွက် ဂိုးပေါင်း ၄၄ ဂိုးသွင်းပေးနိုင်ခဲ့ပြီး သူ့ရဲ့အာဖရိကအကောင်းဆုံးဆုကို မနှစ်က ကာကွယ်နိုင်ခဲ့ပါတယ်။

PC ; Getty

၂၀၁၈-၁၉ ရာသီမှာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားသိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ၂၂ဂိုးနဲ့ ရွှေဖိနပ်ဆုပူးတွဲဆွတ်ခူးနိုင်ခဲ့တာကြောင့် အီဂျစ်တိုက်စစ်မှူးပဲရေပန်းစားနေတာပါ။တကယ်လို့ ဒီနှစ်မှာသာ အကောင်းဆုံးကစားသမားအဖြစ်ထမ်မံရွေးချယ်ခံရရင် အာဖရိကအကောင်းဆုံးကစားသမားဆုကို ဆာလက် ၃နှစ်ဆက်တိုက်ရရှိမှာဖြစ်ပါတယ်။

PC ; Internet

အသက် ၂၇နှစ်အရွယ်တိုက်စစ်မှူးရဲ့အကောင်းဆုံးပြိုင်ဘက်ကတော့ လီဗာပူးအသင်းဖော်မာနေးပါပဲ။ဆီနီဂေါလက်ရွေးစင်ဟာ မနှစ်က ဆာလက်၊အူဘာမီယန်းတို့နဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။လက်ရှိစာရင်းမှာ ၂၀၁၆ဆုရှင် မန်စီးတီးနဲ့အယ်ဂျီးရီးယားတိုက်စစ်မှူးမာရက်ဇ်လည်း ပါဝင်လာတာတွေ့ရပါတယ်။ဒါ့အပြင် အူဘာမီယန်းရဲ့အာဆင်နယ်အသင်းဖော် အိုင်ဗရီကို့စ်ကစားသမားပီပီ၊ လက်စတာရဲ့နိုင်ဂျီးရီးယားကွင်းလယ်လူအန်ဒီဒီ၊ပီအက်စ်ဂျီရဲ့ဆီနီဂေါကြယ်ပွင့်ဂူရီတို့လည်း ပါဝင်လာကြပါတယ်။

PC ; Internet

၂၀၁၉ အတွက် ဆုပေးပွဲအခမ်းအနားကို လာမယ့်ဇန်နဝါရီလ ၇ရက်နေ့ရောက်ရင် အီဂျစ်နိုင်ငံ ဟက်ဂ်ဟာဒါမြို့မှာကျင်းပသွားမှာဖြစ်ပါတယ်။

(zawgyi)

၂၀၁၉ ခုႏွစ္ အာဖရိကတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုအတြက္ ဆန္ကာတင္ အေယာက္ ၃၀စာရင္း ထြက္ေပၚလာခဲ့ပါၿပီ။ဒီဆုကိုရဖို႔ ေရပန္းအစားဆံုးကစားသမားကေတာ့ လီဗာပူးတိုက္စစ္မွဴးဆာလက္ပါပဲ။ဆာလက္ဟာ ၂၀၁၇-၁၈ ရာသီမွာ ၃၂ဂိုးနဲ႔ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုရခဲ့သလို ၂၀၁၈ခုႏွစ္အတြင္းမွာ လီဗာပူးနဲ႔အီဂ်စ္အတြက္ ဂိုးေပါင္း ၄၄ ဂိုးသြင္းေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕အာဖရိကအေကာင္းဆံုးဆုကို မႏွစ္က ကာကြယ္ႏိုင္ခဲ့ပါတယ္။၂၀၁၈-၁၉ ရာသီမွာ လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားသိမ္းပိုက္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း ၂၂ဂိုးနဲ႔ ေရႊဖိနပ္ဆုပူးတြဲဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ အီဂ်စ္တိုက္စစ္မွဴးပဲေရပန္းစားေနတာပါ။တကယ္လို႔ ဒီႏွစ္မွာသာ အေကာင္းဆံုးကစားသမားအျဖစ္ထမ္မံေရြးခ်ယ္ခံရရင္ အာဖရိကအေကာင္းဆံုးကစားသမားဆုကို ဆာလက္ ၃ႏွစ္ဆက္တိုက္ရရွိမွာျဖစ္ပါတယ္။အသက္ ၂၇ႏွစ္အရြယ္တိုက္စစ္မွဴးရဲ႕အေကာင္းဆံုးၿပိဳင္ဘက္ကေတာ့ လီဗာပူးအသင္းေဖာ္မာေနးပါပဲ။ဆီနီေဂါလက္ေရြးစင္ဟာ မႏွစ္က ဆာလက္၊အူဘာမီယန္းတို႔နဲ႔အတူ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ပူးတြဲဆြတ္ခူးႏိုင္ခဲ့ပါတယ္။လက္ရွိစာရင္းမွာ ၂၀၁၆ဆုရွင္ မန္စီးတီးနဲ႔အယ္ဂ်ီးရီးယားတိုက္စစ္မွဴးမာရက္ဇ္လည္း ပါ၀င္လာတာေတြ႔ရပါတယ္။ဒါ့အျပင္ အူဘာမီယန္းရဲ႕အာဆင္နယ္အသင္းေဖာ္ အိုင္ဗရီကို႔စ္ကစားသမားပီပီ၊ လက္စတာရဲ႕ႏိုင္ဂ်ီးရီးယားကြင္းလယ္လူအန္ဒီီဒီ၊ပီအက္စ္ဂ်ီရဲ႕ဆီနီေဂါၾကယ္ပြင့္ဂူရီတို႔လည္း ပါ၀င္လာၾကပါတယ္။၂၀၁၉ အတြက္ ဆုေပးပြဲအခမ္းအနားကို လာမယ့္ဇန္န၀ါရီလ ၇ရက္ေန႔ေရာက္ရင္ အီဂ်စ္ႏိုင္ငံ ဟက္ဂ္ဟာဒါၿမိဳ႔မွာက်င္းပသြားမွာျဖစ္ပါတယ္။