အာတီတာနဲ့အာဆင်နယ်သတင်းကို ဂွါဒီယိုလာဖြေဖို့ငြင်းဆန်

PC ; Internet

နယူးကာဆယ်နဲ့ကစားရမယ့် အဝေးကွင်းပွဲစဉ်ကို အာတီတာလိုက်ပါလိမ့်မယ်လို့ မန်စီးတီးနည်းပြဂါွဒီယိုလာက အတည်ပြုပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ သူ့ရဲ့လက်ထောက်နည်းပြဟာ အာဆင်နယ်အတွက်ပစ်မှတ်ဖြစ်နေသလားဆိုတဲ့အပေါ်မှာတော့ ဘာမှမှတ်ချက်မပေးသွားခဲ့ပါဘူး။အာတီတာဟာ ၂၀၁၈တုန်းက အာစင်ဝင်းဂါးထွက်ခွာသွားပြီး အမ်မရီကိုမခန့်အပ်ခင်မှာ အသင်းဟောင်းအာဆင်နယ်နဲ့သတင်းထွက်ခဲ့ဖူးသူပါ။အခုလည်း ပြိုင်ပွဲစုံ ၇ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာကြောင့် အမ်မရီထုတ်ပယ်ခံလိုက်ရချိန်မှာ လန်ဒန်ကလပ်ကိုပြန်လိမ့်မယ်လို့ ယူဆမှုတွေရှိနေပါတယ်။

PC ; Internet

ဂွါဒီယိုလာကလည်း တိုင်နီဆိုက်ခရီးစဉ်မှာ စပိန်သားဟာ သူ့ရဲ့နည်းပြအဖွဲ့နဲ့အတူလိုက်ပါလိမ့်မယ်ဆိုတာလောက်သာ အတည်ပြုနိုင်ခဲ့တာပါ။“ အဖွဲ့ထဲမှာ သူရှိနေပါတယ်။နယူးကာဆယ်ကို သူလိုက်မှာပါ ” လို့ ဂွါဒီယိုလာကပြောဆိုခဲ့ပြီး ၃၇နှစ်သားအတွက် အာဆင်နယ်ရဲ့ချဉ်းကပ်မှုတွေရှိလားဆိုတဲ့မေးခွန်းကိုတော့ “ ဒါ ကျွန်တော့်ကိုမေးရမယ့် မေးခွန်းမဟုတ်ပါဘူး ” လို့ ဖြေသွားခဲ့တာပါ။ဒါ့အပြင် ထုတ်ပယ်ခံလိုက်ရတဲ့ ဆီဗီလာနဲ့ပီအက်စ်ဂျီနည်းပြဟောင်းအတွက်လည်း ကိုယ်ချင်းစာမိတယ်လို့ ဂွါဒီယိုလာက ပြောဆိုသွားပါတယ်။

PC ; Internet

“ သူ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။အချိန်တိုင်းမှာ နည်းပြတွေထုတ်ပယ်ခံနေရတာကလည်း သတင်းကောင်းမဟုတ်ပါဘူး။သူဟာ စပိန်နဲ့ပြင်သစ်မှာ မယုံနိုင်စရာတွေလုပ်ပြခဲ့ဖူးတဲ့ နည်းပြကောင်းတစ်ယောက်ပါ။ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဇီဒန်း ၃နှစ်ဆက်ရခဲ့သလို သူကလည်း ဆီဗီလာနဲ့အတူ ယူရိုပါလိဂ်ဖလားကို ၃နှစ်ဆက်သိမ်းပိုက်ခဲ့သူပါ။ဒါဟာ လူတိုင်းမလုပ်နိုင်တဲ့ အောင်မြင်မှုပါပဲ။ဒါပေမဲ့ ဘောလုံးလောကမှာ ရလဒ်တွေအပေါ်မီခိုနေရတယ်ဆိုတာ သူရောကျွန်တော်ပါ နားလည်ပါတယ်။ဒါ ရိုးရှင်းပါတယ်။ဒါပေမဲ့ သူ အမြန်ဆုံး အသင်းတစ်သင်းရှာတွေ့သွားမယ်ဆိုတာ ကျွန်တော်အသေအချာပြောနိုင်ပါတယ် ” လို့ ဂွါဒီယိုလာကဆိုပါတယ်။

(zawgyi)

နယူးကာဆယ္နဲ႔ကစားရမယ့္ အေ၀းကြင္းပြဲစဥ္ကို အာတီတာလိုက္ပါလိမ့္မယ္လို႔ မန္စီးတီးနည္းျပဂါြဒီယိုလာက အတည္ျပဳေျပာဆိုလိုက္ပါတယ္။ဒါေပမဲ့ သူ႔ရဲ႕လက္ေထာက္နည္းျပဟာ အာဆင္နယ္အတြက္ပစ္မွတ္ျဖစ္ေနသလားဆိုတဲ့အေပၚမွာေတာ့ ဘာမွမွတ္ခ်က္မေပးသြားခဲ့ပါဘူး။အာတီတာဟာ ၂၀၁၈တုန္းက အာစင္၀င္းဂါးထြက္ခြာသြားၿပီး အမ္မရီကိုမခန္႔အပ္ခင္မွာ အသင္းေဟာင္းအာဆင္နယ္နဲ႔သတင္းထြက္ခဲ့ဖူးသူပါ။အခုလည္း ၿပိဳင္ပြဲစံု ၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာေၾကာင့္ အမ္မရီထုတ္ပယ္ခံလိုက္ရခ်ိန္မွာ လန္ဒန္ကလပ္ကိုျပန္လိမ့္မယ္လို႔ ယူဆမႈေတြရွိေနပါတယ္။ဂြါဒီယိုလာကလည္း တိုင္နီဆိုက္ခရီးစဥ္မွာ စပိန္သားဟာ သူ႔ရဲ႕နည္းျပအဖြဲ႔နဲ႔အတူလိုက္ပါလိမ့္မယ္ဆိုတာေလာက္သာ အတည္ျပဳႏိုင္ခဲ့တာပါ။“ အဖြဲ႔ထဲမွာ သူရွိေနပါတယ္။နယူးကာဆယ္ကို သူလိုက္မွာပါ ” လို႔ ဂြါဒီယုိလာကေျပာဆိုခဲ့ၿပီး ၃၇ႏွစ္သားအတြက္ အာဆင္နယ္ရဲ႕ခ်ဥ္းကပ္မႈေတြရွိလားဆိုတဲ့ေမးခြန္းကိုေတာ့ “ ဒါ ကၽြန္ေတာ့္ကိုေမးရမယ့္ ေမးခြန္းမဟုတ္ပါဘူး ” လို႔ ေျဖသြားခဲ့တာပါ။ဒါ့အျပင္ ထုတ္ပယ္ခံလိုက္ရတဲ့ ဆီဗီလာနဲ႔ပီအက္စ္ဂ်ီနည္းျပေဟာင္းအတြက္လည္း ကိုယ္ခ်င္းစာမိတယ္လို႔ ဂြါဒီယိုလာက ေျပာဆိုသြားပါတယ္။“ သူ႔အတြက္ ကၽြန္ေတာ္စိတ္မေကာင္းပါဘူး။အခ်ိန္တိုင္းမွာ နည္းျပေတြထုတ္ပယ္ခံေနရတာကလည္း သတင္းေကာင္းမဟုတ္ပါဘူး။သူဟာ စပိန္နဲ႔ျပင္သစ္မွာ မယံုႏိုင္စရာေတြလုပ္ျပခဲ့ဖူးတဲ့ နည္းျပေကာင္းတစ္ေယာက္ပါ။ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ဇီဒန္း ၃ႏွစ္ဆက္ရခဲ့သလို သူကလည္း ဆီဗီလာနဲ႔အတူ ယူရိုပါလိဂ္ဖလားကို ၃နွစ္ဆက္သိမ္းပိုက္ခဲ့သူပါ။ဒါဟာ လူတိုင္းမလုပ္ႏိုင္တဲ့ ေအာင္ျမင္မႈပါပဲ။ဒါေပမဲ့ ေဘာလံုးေလာကမွာ ရလဒ္ေတြအေပၚမီခိုေနရတယ္ဆိုတာ သူေရာကၽြန္ေတာ္ပါ နားလည္ပါတယ္။ဒါ ရိုးရွင္းပါတယ္။ဒါေပမဲ့ သူ အျမန္ဆံုး အသင္းတစ္သင္းရွာေတြ႔သြားမယ္ဆိုတာ ကၽြန္ေတာ္အေသအခ်ာေျပာႏိုင္ပါတယ္ ” လို႔ ဂြါဒီယိုလာကဆိုပါတယ္။