အာဂျင်တီးနားနဲ့ပွဲမှာ မက်ဆီနဲ့ အချင်းများခဲ့တယ်လို့ ကာဗာနီ အတည်ပြု

Photo Credit

Photo Credit

အာဂျင်တီးနားနဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ခြေစမ်းပွဲမှာ တစ်ဘက်အသင်းခေါင်းဆောင် မက်ဆီကို လက်သီးချင်းယှဉ်ထိုးဖို့ စတင်စိန်ခေါ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီက အဲဒီပွဲမှာ မိမိနဲ့ တိုက်စစ်မှူးမက်ဆီတု့ိအကြား အချင်းများခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ဥရုဂွေးအသင်းက ကာဗာနီရဲ့ဂိုးနဲ့ဦးဆောင်နေချိန်မှာ မက်ဆီက ပြိုင်ဘက်ကွင်းလယ်လူ ဗီဆီနိုရဲ့ဖျက်ထုတ်မှုအပေါ် ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Photo Credit

အဲဒီနောက် ကာဗာနီနဲ့ပါ ဆက်လက်အငြင်းပွားခဲ့ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ကာဗာနီက ”မင်း ငါနဲ့ယှဉ်ချမလား”လို့ မက်ဆီကို စိန်ခေါ်ခဲ့သလို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကလည်း ”အချိန်မရွေးပဲ”လို့ ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။ သူတု့ိနှစ်ယောက်ကို ဥရုဂွေးအသင်းဖော်လည်းဖြစ်၊ မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်လည်းဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ဝင်ဖြန်ဖြေခဲ့ရပြီး ဥရုဂွေးနောက်ခံလူ ဂိုဒင်ကလည်း ဝင်ထိန်းခဲ့ပါတယ်။

Photo Credit

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပွဲအပြီးမှာ ကာဗာနီက မိမိတို့နှစ်ဦးကြား အချင်းများမှုတွေဖြစ်ပွားခဲ့တာမှန်ပေမယ့် တစ်ယောက်ချင်းထိုးဖို့ စိန်ခေါ်ရလောက်တဲ့အထိတော့ ဆိုးရွားခြင်းမရှိဘူးလို့ ဆိုပါတယ်။ ”အချင်းများခဲ့တယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါက ဘောလုံးပွဲကစားနေတာလေ။ အာဂျင်တီးနားနဲ့ဥရုဂွေးတို့ရဲ့ကလပ်စီကိုပွဲတွေက အဲဒီအတိုင်းပါပဲ”လို့ ကာဗာနီက မယုတ်မလွန်ပြန်ဖြေပါတယ်။

Photo Credit

အာဂျင်တီးနားအသင်းဟာ တိုက်စစ်မှူး အဂွဲရိုးရဲ့ခေါင်းတိုက်ချက်နဲ့ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းကာ ပြနလည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးကျမှ မက်ဆီက ပင်နယ်တီကနေ ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ၂-၂ ဂိုးသရေကျသွားပါတယ်။

Photo Credit

မက်ဆီရဲ့နောက်ကျချေပဂိုးကြောင့် အာဂျင်တီးနားအသင်းလည်း ဥရုဂွေးနဲ့ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ၄ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်သွားပြီး နည်းပြကြီး တာဘာရက်ဇ်ဦးဆောင်တဲ့ဥရုဂွေးအသင်းက ၂၀၁၃ ခုနှစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အာဂျင်တီးနားကိုအနိုင်မရသေးတာဖြစ်ပါတယ်။

Photo Credit

Zawgyi

အာဂ်င္တီးနားနဲ႔ပြဲမွာ မက္ဆီနဲ႔ အခ်င္းမ်ားခဲ့တယ္လုိ႔ ကာဗာနီ အတည္ျပဳ

အာဂ်င္တီးနားနဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ေျခစမ္းပြဲမွာ တစ္ဘက္အသင္းေခါင္းေဆာင္ မက္ဆီကို လက္သီးခ်င္းယွဥ္ထိုးဖို႔ စတင္စိန္ေခၚခဲ့တယ္လုိ႔ သတင္းေတြထြက္ေပၚေနတဲ့ ဥ႐ုေဂြးတုိက္စစ္မွဴး ကာဗာနီက အဲဒီပြဲမွာ မိမိနဲ႔ တုိက္စစ္မွဴး မက္ဆီတု႔ိအၾကား အခ်င္းမ်ားခဲ့ေၾကာင္း အတည္ျပဳလုိက္ပါတယ္။ ဥ႐ုေဂြးအသင္းက ကာဗာနီရဲ႕ဂိုးနဲ႔ဦးေဆာင္ေနခ်ိန္မွာ မက္ဆီက ၿပိဳင္ဘက္ကြင္းလယ္လူ ဗီဆီႏိုရဲ႕ဖ်က္ထုတ္မႈအေပၚ ေဒါသတႀကီးျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

အဲဒီေနာက္ ကာဗာနီနဲ႔ပါ ဆက္လက္အျငင္းပြားခဲ့ၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ကာဗာနီက ”မင္း ငါနဲ႔ယွဥ္ခ်မလား” လုိ႔ မက္ဆီကို စိန္ေခၚခဲ့သလုိ ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီကလည္း ”အခ်ိန္မေရြးပဲ”လုိ႔ ေဒါသတႀကီး ျပန္လည္တုံ႔ျပန္ ခ့ဲေၾကာင္း သိရပါတယ္။ သူတု႔ိႏွစ္ေယာက္ကို ဥ႐ုေဂြးအသင္းေဖာ္လည္းျဖစ္၊ မက္ဆီရဲ႕ဘာစီလုိနာအသင္းေဖာ္လည္း ျဖစ္တဲ့ တုိက္စစ္မွဴး ဆြာရက္ဇ္က ၀င္ျဖန္ေျဖခဲ့ရၿပီး ဥ႐ုေဂြးေနာက္ခံလူ ဂိုဒင္ကလည္း ၀င္ထိန္းခဲ့ပါတယ္။

အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ပြဲအၿပီးမွာ ကာဗာနီကမိမိတုိ႔ႏွစ္ဦးၾကား အခ်င္းမ်ားမႈေတြျဖစ္ပြားခ့ဲတာမွန္ေပမယ့္ တစ္ေယာက္ ခ်င္းထိုးဖို႔ စိန္ေခၚရေလာက္တဲ့အထိေတာ့ ဆုိးရြားျခင္းမရွိဘူးလုိ႔ ဆုိပါတယ္။ ”အခ်င္းမ်ားခဲ့တယ္ဆုိတာကေတာ့ အမွန္ပါပဲ။ ဒါက ေဘာလုံးပဲြကစားေနတာေလ။ အာဂ်င္တီးနားနဲ႔ဥ႐ုေဂြးတို႔ရဲ႕ကလပ္စီကုိပဲြေတြက အဲဒီအတိုင္းပါပဲ”လုိ႔ ကာဗာနီက မယုတ္မလြန္ျပန္ေျဖပါတယ္။

အာဂ်င္တီးနားအသင္းဟာ တုိက္စစ္မွဴး အဂြဲ႐ိုးရဲ႕ေခါင္းတုိက္ခ်က္နဲ႔ ျပန္လည္ေခ်ပႏုိင္ခဲ့ေပမယ့္ ဥ႐ုေဂြးတိုက္စစ္မွဴး ဆြာရက္ဇ္က ျပစ္ဒဏ္ေဘာကို တုိက္႐ိုက္ကန္သြင္းကာ ျပနလည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ပဲြၿပီးခါနီးက်မွ မက္ဆီက ပင္နယ္တီကေန ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူႏုိင္ခဲ့လုိ႔ ပြဲအၿပီးမွာ ၂-၂ ဂုိးသေရက်သြားပါတယ္။ မက္ဆီရဲ႕ေနာက္က်ေ ခ်ပဂိုးေၾကာင့္ အာဂ်င္တီးနားအသင္းလညး္ ဥ႐ုေဂြးနဲ႔ရင္ဆုိင္ခဲ့တဲ့ေနာက္ဆုံး ၄ပြဲဆက္ ႐ံႈးပဲြမရွိစံခ်ိန္တင္သြားၿပီး နည္းျပ ၾကီး တာဘာရက္ဇ္ဦးေဆာင္တဲ့ဥ႐ုေဂြးအသင္းက ၂၀၁၃ ခုႏွစ္က ကမၻာ့ဖလားေျခစစ္ပဲြအျဖစ္ အႏုိင္ရရွိခဲ့ၿပီးေနာက္ပိုင္း အာဂ်င္တီးနားကိုအႏိုင္မရေသးတာျဖစ္ပါတယ္။