အလွတ်ခေါ်နိုင်မယ့်အီဘရာဟီမိုဗစ်နဲ့ ပြန်လည်ဆုံနိုင်ဖို့ စဉ်းစားနေတဲ့ မော်ရင်ဟို

photo-gettyimages

photo-AP

စပါးနည်းပြသစ်မော်ရင်ဟိုဟာ ဆွီဒင်ဂန္ထဝင်ကစားသမားအီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီမန်ယူတိုက်စစ်မှုးဟောင်းဟာ လာမယ့်နှစ်ရောက်တာနဲ့ မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်ဆီနဲ့ ၂ နှစ်ကြာကစားသမားဘ၀ အဆုံးသတ်မှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ကို အလွတ်ခေါ်ယူနိုင်တော့မှာပါ။ အင်္ဂလန်က Telegraph သတင်းစာရဲ့အဆိုအရတော့ မိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ အေစီမီလန်က ကြိုးပမ်းနေချိန်မှာ မော်ရင်ဟိုက ကြားဖြတ်နိုင်ဖို့ ကြည့်နေတယ်လို့ သိရပါတယ်။

photo-gettyimages

မော်ရင်ဟိုဟာ မန်ယူမှာရှိနေစဉ် ၂၀၁၆ တုန်းက အီဘရာဟီမိုဗစ်ကို အလွတ်ခေါ်ယူခဲ့ဖူးပါတယ်။ အဲဒီတုန်းက မိုဗစ်ဟာ မန်ယူအတွက် ၅၃ ပွဲမှာ ၂၉ ဂိုးပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ၃၈ နှစ်အရွယ် အဲဒီဆွီဒင်ဟာ ၂၀၁၈ မတ်လမှာ အိုးလထရက်ဖို့ဒ်ကနေ ထွက်ခွာသွားပေမယ့် မော်ရင်ဟိုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိနေဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ အင်တာမီလန်မှာကတည်းက အတူအလုပ်လုပ်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်ကတည်း မိုဗစ်ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ နိုင်လိုစိတ်ကို မော်ရင်ဟိုက တန်ဖိုးထားခဲ့တာပါ။

photo-gettyimages

ပြီးခဲ့တဲ့နွေရာသီမှာ ထွက်ခွာသွားတဲ့ လိုရန်တီနေရာ အစားမထိုးရသေးတာကြောင့် စပါးမှာ အထောင်တိုက်စစ်မှုးစစ်စစ်ဆိုလို့ ဟယ်ရီကိန်းတစ်ယောက်သာ ရှိနေဆဲပါ။ မိုဗစ်ရဲ့အေးဂျင့်ကတော့ အီတလီအသင်းတွေနဲ့ချိတ်ဆက်ဆွေးနွေးနေပြီး အဲဒီထဲမှာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ အေစီမီလန်ဟာ ပြန်လည်ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ ဒါပေမဲ့ မိုဗစ်ရဲ့များပြားလှတဲ့လစာငွေက အဓိကအတားအဆီးဖြစ်နေပါတယ်။ စပါးကလည်း မိုဗစ်အဲဒီလောက်တောင်းတာကို ပေးချင်မှာ မဟုတ်ပေမယ့် ရုတ်ချည်းဆိုသလို မော်ရင်ဟိုရောက်လာမှုကြောင့် ကစားသမားကို စိတ်ဝင်စားလာပြီလို့ ယုံကြည်ရပါတယ်။

[Zawgyi]

အလြတ္ေခၚႏိုင္မယ့္အီဘရာဟီမိုဗစ္နဲ႔ ျပန္လည္ဆုံႏိုင္ဖို႔ စဥ္းစားေနတဲ့ ေမာ္ရင္ဟို

စပါးနည္းျပသစ္ေမာ္ရင္ဟိုဟာ ဆြီဒင္ဂႏၳ၀င္ကစားသမားအီဘရာဟီမုိဗစ္ကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အဲဒီမန္ယူတုိက္စစ္မႈးေဟာင္းဟာ လာမယ့္ႏွစ္ေရာက္တာနဲ႔ ေမဂ်ာလိဂ္ကလပ္အယ္လ္ေအဂလက္ဆီနဲ႔ ၂ ႏွစ္ၾကာကစားသမားဘ၀ အဆုံးသတ္မွာျဖစ္ၿပီး ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ သူ႔ကို အလြတ္ေခၚယူႏိုင္ေတာ့မွာပါ။ အဂၤလန္က Telegraph သတင္းစာရဲ႕အဆုိအရေတာ့ မိုဗစ္ကို ျပန္လည္ေခၚယူဖို႔ ေအစီမီလန္က ႀကိဳးပမ္းေနခ်ိန္မွာ ေမာ္ရင္ဟိုက ၾကားျဖတ္ႏိုင္ဖို႔ ၾကည့္ေနတယ္လုိ႔ သိရပါတယ္။

ေမာ္ရင္ဟိုဟာ မန္ယူမွာရွိေနစဥ္ ၂၀၁၆ တုန္းက အီဘရာဟီမိုဗစ္ကို အလြတ္ေခၚယူခဲ့ဖူးပါတယ္။ အဲဒီတုန္းက မုိဗစ္ဟာ မန္ယူအတြက္ ၅၃ ပြဲမွာ ၂၉ ဂိုးျပန္သြင္းေပးႏိုင္ခဲ့ပါတယ္။ ၃၈ ႏွစ္အရြယ္ အဲဒီဆြီဒင္ဟာ ၂၀၁၈ မတ္လမွာ အိုးလထရက္ဖုိ႔ဒ္ကေန ထြက္ခြာသြားေပမယ့္ ေမာ္ရင္ဟိုနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးရွိေနဆဲပါပဲ။ သူတို႔ႏွစ္ေယာက္ဟာ အင္တာမီလန္မွာကတည္းက အတူအလုပ္လုပ္ခဲ့ၾကတာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္း မိုဗစ္ရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္မႈနဲ႔ ႏိုင္လိုစိတ္ကို ေမာ္ရင္ဟိုက တန္ဖိုးထားခဲ့တာပါ။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ထြက္ခြာသြားတဲ့ လိုရန္တီေနရာ အစားမထိုးရေသးတာေၾကာင့္ စပါးမွာ အေထာင္တုိက္စစ္မႈးစစ္စစ္ဆိုလို႔ ဟယ္ရီကိန္းတစ္ေယာက္သာ ရွိေနဆဲပါ။ မိုဗစ္ရဲ႕ေအးဂ်င့္ကေတာ့ အီတလီအသင္းေတြနဲ႔ခ်ိတ္ဆက္ေဆြးေႏြးေနၿပီး အဲဒီထဲမွာ သူ႔ရဲ႕အသင္းေဟာင္းျဖစ္တဲ့ ေအစီမီလန္ဟာ ျပန္လည္ေခၚယူႏိုင္ဖို႔ ေရပန္းစားေနပါတယ္။ ဒါေပမဲ့ မုိဗစ္ရဲ႕မ်ားျပားလွတဲ့လစာေငြက အဓိကအတားအဆီးျဖစ္ေနပါတယ္။ စပါးကလည္း မုိဗစ္အဲဒီေလာက္ေတာင္းတာကို ေပးခ်င္မွာ မဟုတ္ေပမယ့္ ရုတ္ခ်ည္းဆုိသလို ေမာ္ရင္ဟိုေရာက္လာမႈေၾကာင့္ ကစားသမားကို စိတ္၀င္စားလာၿပီလို႔ ယုံၾကည္ရပါတယ္။