အရေးကြုံချိန်မှာ မန်စီးတီးအတွက် အားကိုးရတဲ့ ဂိုးသမားတစ်ဖြစ်လဲ ညာနောက်ခံလူဝေါ်လ်ကာ

photo-gettyimages

photo-gettyimages

ဂိုးသမားမဟုတ်တဲ့ကစားသမားက ဂိုးဝင်ဖမ်းပြီး အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တယ်ဆိုတာ ဘောလုံးလောကမှာ ရှာမှရှားပါ။ ဒါပေမဲ့ အတ္တလန္တာနဲ့မန်စီးတီးတို့ရဲ့ပွဲကတော့ အဲဒီရှာမှရှားတဲ့ထဲမှာ တစ်ခုအပါအဝင် ဖြစ်သွားပါတယ်။ အဲဒီပွဲမှာ မန်စီးတီးဟာ စတာလင်းရဲ့အစောပိုင်းသွင်းယူမှုနဲ့ ပထမပိုင်းဦးဆောင်နိုင်ခဲ့ပေမယ့် ပထမဂိုးသမားအီဒါဆန်ဒဏ်ရာရသွားတာကြောင့် ဒုတိယပိုင်းမစခင်မှာ အရန်ဂိုးသမားဘရာဗိုနဲ့ လူစားလဲလိုက်ရပါတယ်။

photo-reuters

ဘရာဗိုစပါတဲ့ဒုတိယပိုင်းအစမှာပဲ မန်စီးတီးဟာ ချေပဂိုးပေးလိုက်ရပါတယ်။ ဒါပေမဲ့ ဘရာဗိုကလည်း ၈၁ မိနစ်အရောက်မှာ ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် အနီကတ်ပြအထုတ်ခံလိုက်ရပါတယ်။ မန်စီးတီးမှာ လဲစရာ ဂိုးသမားမရှိတော့ပါဘူး။ ကြံရာမရတဲ့အဆုံး နည်းပြဂွါဒီယိုလာဟာ ညနောက်ခံလူကီလီဝေါ်လ်ကာကို အရန်ခုံကနေ ထခိုင်းပြီး ဂိုးဖမ်းခိုင်းပါတော့တယ်။

photo-gettyimages

အဲဒီလက်ကျန်ပွဲချိန်ေ်လးမှာ ၁-၁ နဲ့ပဲ အဆုံးသတ်အောင် ဝေါ်လ်ကာဟာ မန်စီးတီးဂိုးပေါက်ကို ကာကွယ်ပေးနိုင်ခဲ့တာပါ။ ၈၇ မိနစ်မှာ သူဟာ အတ္တလန္တာဘက်က ဖရီးကစ်တိုက်ရိုက်ကန်သွင်းမှုကို ကာကွယ်ခဲ့ပါသေးတယ်။ အဲဒီကာကွယ်မှုကြောင့်လည်း ဝေါ်လ်ကာဟာ တစ်ပွဲလုံးမှာ အီဒါဆန်နဲ့ ဘရာဗိုတို့ထက် ဂိုးပေါက်ပိုကာကွယ်နိုင်တဲ့သူ ဖြစ်သွားပါတယ်။ ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့စနေ ရှုံးနေရာကနေ ပြန်နိုင်တဲ့ဆောက်သမ်တန်နဲ့ပွဲတုန်းကလည်း တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီနဲ့ မန်စီးတီးရဲ့သူရဲကောင်းဖြစ်ခဲ့သေးတယ်။

[Zawgyi]

အေရးႀကဳံခ်ိန္မွာ မန္စီးတီးအတြက္ အားကုိးရတဲ့ ဂိုးသမားတစ္ျဖစ္လဲ ညာေနာက္ခံလူေ၀ၚလ္ကာ

ဂိုးသမားမဟုတ္တဲ့ကစားသမားက ဂိုး၀င္ဖမ္းၿပီး အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့တယ္ဆိုတာ ေဘာလုံးေလာကမွာ ရွာမွရွားပါ။ ဒါေပမဲ့ အတၱလႏၱာနဲ႔မန္စီးတီးတုိ႔ရဲ႕ပြဲကေတာ့ အဲဒီရွာမွရွားတဲ့ထဲမွာ တစ္ခုအပါအ၀င္ ျဖစ္သြားပါတယ္။ အဲဒီပြဲမွာ မန္စီးတီးဟာ စတာလင္းရဲ႕အေစာပိုင္းသြင္းယူမႈနဲ႔ ပထမပိုင္းဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပထမဂိုးသမားအီဒါဆန္ဒဏ္ရာရသြားတာေၾကာင့္ ဒုတိယပိုင္းမစခင္မွာ အရန္ဂိုးသမားဘရာဗိုနဲ႔ လူစားလဲလိုက္ရပါတယ္။

ဘရာဗုိစပါတဲ့ဒုတိယပိုင္းအစမွာပဲ မန္စီးတီးဟာ ေခ်ပဂိုးေပးလုိက္ရပါတယ္။ ဒါေပမဲ့ ဘရာဗုိကလည္း ၈၁ မိနစ္အေရာက္မွာ ၿပိဳင္ဘက္ကစားသမားကို ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ အနီကတ္ျပအထုတ္ခံလိုက္ရပါတယ္။ မန္စီးတီးမွာ လဲစရာ ဂိုးသမားမရွိေတာ့ပါဘူး။ ႀကံရာမရတဲဲ့အဆုံး နည္းျပဂြါဒီယိုလာဟာ ညေနာက္ခံလူကီလီေ၀ၚလ္ကာကို အရန္ခုံကေန ထခိုင္းၿပီး ဂုိုးဖမ္းခိုင္းပါေတာ့တယ္။

အဲဒီလက္က်န္ပြဲခ်ိန္ေ္လးမွာ ၁-၁ နဲ႔ပဲ အဆုံးသတ္ေအာင္ ေ၀ၚလ္ကာဟာ မန္စီးတီးဂိုးေပါက္ကို ကာကြယ္ေပးႏိုင္ခဲ့တာပါ။ ၈၇ မိနစ္မွာ သူဟာ အတၱလႏၱာဘက္က ဖရီးကစ္တိုက္ရိုက္ကန္သြင္းမႈကုိ ကာကြယ္ခဲ့ပါေသးတယ္။ အဲဒီကာကြယ္မႈေၾကာင့္လည္း ေ၀ၚလ္ကာဟာ တစ္ပြဲလုံးမွာ အီဒါဆန္နဲ႔ ဘရာဗိုတို႔ထက္ ဂိုးေပါက္ပိုကာကြယ္ႏိုင္တဲ့သူ ျဖစ္သြားပါတယ္။ ေ၀ၚလ္ကာဟာ ၿပီးခဲဲ့တဲ့စေန ရႈံးေနရာကေန ျပန္ႏိုင္တဲ့ေဆာက္သမ္တန္နဲ႔ပြဲတုန္းကလည္း တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီနဲ႔ မန္စီးတီးရဲ႕သူရဲေကာင္းျဖစ္ခဲ့ေသးတယ္။