အရည်အချင်းမရှိတာက အဓိကအကြောင်းရင်းလို့ ဒီဂီယာပြောပြီ

PC ; Internet

ဆိုးရွားတဲ့ရာသီအစနေ့ရက်တွေနဲ့ကြုံတွေ့ခဲ့ရခြင်းနောက်ကွယ်က အကြောင်းအရင်းတွေထဲမှာ အသင်းရဲ့အရည်အချင်းကင်းမဲ့မှုက အဓိကအကြောင်းတစ်ရပ်ဖြစ်ခဲ့တယ်လို့ မန်ယူဂိုးသမားဒီဂီယာက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။သရဲနီတွေဟာ ခြေစွမ်းတည်ငြိမ်မှုမရှိသလို အနိမ့်အမြင့်အတက်အကျရလဒ်တွေနဲ့ ရာသီသစ်ကိုရင်ဆိုင်နေရပါတယ်။တစ်နည်းအားဖြင့် ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် အနိုင်မရသေးပါဘူး။ဒါ့အပြင် ပရီးမီးယားလိဂ် ပထမဆုံးအဝေးကွင်းနိုင်ပွဲရဖို့ ၇လကြာစောင့်စားခဲ့ရပြီး နောဝှစ်ချ်နဲ့ပွဲမှ အနိုင်ရခဲ့တာပါ။

PC ; Internet

ဒါကြောင့် အက်သလက်တီကိုကနေပြောင်းရွှေ့လာပြီးနောက်ပိုင်း ၁၀စုနှစ်အတွင်းမှာ မန်ယူရဲ့စီနီယာကစားသမားတစ်ဦးလည်းဖြစ်သလို အကောင်းဆုံးကစားသမားတစ်ဦးလို့လည်းဆိုရမယ့် ဒီဂီယာက သိပ်ကိုဆိုးရွားလွန်းတဲ့ခြေစွမ်းလို့ Sky Sports ရုပ်သံနဲ့အင်တာဗျူးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။“ အသင်းရဲ့ခြေစွမ်းနဲ့ရလဒ်ကတော့ မြင်တဲ့အတိုင်းပါပဲ။ပြီးခဲ့တဲ့ ရှက်ဖီးနဲ့ပွဲကိုပဲကြည့်လေ။ ပထမပိုင်းဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းခဲ့တာ အမှန်ပဲ။ဒီနှစ်ရဲ့ အဆိုးရွားဆုံးပွဲတစ်ပွဲလို့တောင်ပြောလို့ရတယ်။

PC ; Internet

ဒုတိယပိုင်းမှာ အသင်းရဲ့တုံ့ပြန်နိုင်မှုက အရေးကြီးခဲ့တယ်။ဒါပေမဲ့ လုံလောက်မှုတော့မရှိခဲ့ဘူး။ဇယားထိပ်ပိုင်းရောက်နိုင်ဖို့ဆိုရင် ဒီလိုပွဲမျိုးကို ကျွန်တော်တို့ အနိုင်ရသင့်တာပါ။၄၊ ၅ပွဲလောက်ဆက်တိုက်နိုင်ထားဖို့လိုတာပါ။ဒါပေမဲ့ လက်ရှိအခိုက်အတန့်မှာ အသင်းဟာ သိပ်အကောင်းကြီးမကစားနိုင်သေးပါဘူး။ကျွန်တော်တို့အားလုံး တတ်စွမ်းသမျှပေးဆပ်နေကြပေမယ့် အသင်းမှာ လုံလောက်တဲ့အရည်အချင်းမရှိဘူးဆိုတာ အမှန်တရားပါပဲ။

PC ; Internet

ကစားသမားတွေ ကြိုးစားမှုမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး။ကောင်လေးတွေဟာ လေ့ကျင့်ကွင်းမှာရော ပွဲချိန်အတွင်းမှာပါ အားကုန်ထုတ်နေကြတယ်။သတ်မှတ်ထားတဲ့ နေရာအလိုက်တွေမှာ အရည်အချင်းကင်းမဲ့နေတယ်လို့ ခင်ဗျားအနေနဲ့ထောက်ပြနိုင်ပါတယ်။ဒါပေမဲ့ သေချာတာက တိုက်ပွဲဝင်စိတ်ကင်းမဲ့နေတာမျိုး မဟုတ်ပါဘူး “ လို့ ဒီဂီယာက ပြောဆိုသွားခဲ့တာပါ။

(zawgyi)

ဆိုးရြားတဲ့ရာသီအစေန႔ရက္ေတြနဲ႔ႀကံဳေတြ႔ခဲ့ရျခင္းေနာက္ကြယ္က အေၾကာင္းအရင္းေတြထဲမွာ အသင္းရဲ႕အရည္အခ်င္းကင္းမဲ့မႈက အဓိကအေၾကာင္းတစ္ရပ္ျဖစ္ခဲ့တယ္လို႔ မန္ယူဂိုးသမားဒီဂီယာက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။သရဲနီေတြဟာ ေျခစြမ္းတည္ၿငိမ္မႈမရွိသလို အနိမ့္အျမင့္အတက္အက်ရလဒ္ေတြနဲ႔ ရာသီသစ္ကိုရင္ဆိုင္ေနရပါတယ္။တစ္နည္းအားျဖင့္ ပရီးမီးယားလိဂ္ ၂ပြဲဆက္တိုက္ အႏိုင္မရေသးပါဘူး။ဒါ့အျပင္ ပရီးမီးယားလိဂ္ ပထမဆံုးအေ၀းကြင္းႏိုင္ပြဲရဖို႔ ၇လၾကာေစာင့္စားခဲ့ရၿပီး ေနာ၀ွစ္ခ်္နဲ႔ပြဲမွ အႏိုင္ရခဲ့တာပါ။ဒါေၾကာင့္ အက္သလက္တီကိုကေနေျပာင္းေရႊ႔လာၿပီးေနာက္ပိုင္း ၁၀စုႏွစ္အတြင္းမွာ မန္ယူရဲ႕စီနီယာကစားသမားတစ္ဦးလည္းျဖစ္သလို အေကာင္းဆံုးကစားသမားတစ္ဦးလို႔လည္းဆိုရမယ့္ ဒီဂီယာက သိပ္ကိုဆိုးရြားလြန္းတဲ့ေျခစြမ္းလို႔ Sky Sports ရုပ္သံနဲ႔အင္တာဗ်ဴးမွာ ေျပာဆိုလိုက္တာျဖစ္ပါတယ္။“ အသင္းရဲ႕ေျခစြမ္းနဲ႔ရလဒ္ကေတာ့ ျမင္တဲ့အတိုင္းပါပဲ။ၿပီးခဲ့တဲ့ ရွက္ဖီးနဲ႔ပြဲကိုပဲၾကည့္ေလ။ ပထမပိုင္းဟာ တုန္လႈပ္ေျခာက္ျခားစရာေကာင္းခဲ့တာ အမွန္ပဲ။ဒီႏွစ္ရဲ႕ အဆိုးရြားဆံုးပြဲတစ္ပြဲလို႔ေတာင္ေျပာလို႔ရတယ္။ဒုတိယပိုင္းမွာ အသင္းရဲ႕တံု႔ျပန္ႏိုင္မႈက အေရးႀကီးခဲ့တယ္။ဒါေပမဲ့ လံုေလာက္မႈေတာ့မရွိခဲ့ဘူး။ဇယားထိပ္ပိုင္းေရာက္ႏိုင္ဖို႔ဆိုရင္ ဒီလိုပြဲမ်ိဳးကို ကၽြန္ေတာ္တို႔ အႏိုင္ရသင့္တာပါ။၄၊ ၅ပြဲေလာက္ဆက္တိုက္ႏိုင္ထားဖို႔လိုတာပါ။ဒါေပမဲ့ လက္ရွိအခိုက္အတန္႔မွာ အသင္းဟာ သိပ္အေကာင္းႀကီးမကစားႏိုင္ေသးပါဘူး။ကၽြန္ေတာ္တို႔အားလံုး တတ္စြမ္းသမွ်ေပးဆပ္ေနၾကေပမယ့္ အသင္းမွာ လံုေလာက္တဲ့အရည္အခ်င္းမရွိဘူးဆိုတာ အမွန္တရားပါပဲ။ကစားသမားေတြ ႀကိဳးစားမႈမရွိဘူးလို႔ဆိုလိုတာမဟုတ္ဘူး။ေကာင္ေလးေတြဟာ ေလ့က်င့္ကြင္းမွာေရာ ပြဲခ်ိန္အတြင္းမွာပါ အားကုန္ထုတ္ေနၾကတယ္။သတ္မွတ္ထားတဲ့ ေနရာအလိုက္ေတြမွာ အရည္အခ်င္းကင္းမဲ့ေနတယ္လို႔ ခင္ဗ်ားအေနနဲ႔ေထာက္ျပႏိုင္ပါတယ္။ဒါေပမဲ့ ေသခ်ာတာက တိုက္ပြဲ၀င္စိတ္ကင္းမဲ့ေနတာမ်ိဳး မဟုတ္ပါဘူး “ လို႔ ဒီဂီယာက ေျပာဆိုသြားခဲ့တာပါ။