အမှတ်ခွဲယူခဲ့ရပေမယ့် အသင်းရဲ့စွမ်းဆောင်မှုအပေါ် ဂွါဒီယိုလာကျေနပ်

PC ; Internet

နယူးကာဆယ်နဲ့အမှတ်ခွဲယူခဲ့ရပေမယ့် သူ့အသင်းရဲ့စွမ်းဆောင်မှုအတွက် ပျော်ရွှင်မိတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ဖွင့်ဟလိုက်ပါတယ်။စိန့်ဂျိမ်းပါ့ခ်ကပွဲစဉ်မှာ မန်စီးတီးဟာ ဒီဘရူနီရဲ့ ၈၂မိနစ်ဂိုးနဲ့ ကပ်နိုင်ဖို့အခြေအနေပေးခဲ့ပေမယ့် ရှယ်ဗေးရဲ့ ၂၅ကိုက်အကွာကကန်ချက်ဟာ စတိဗရုစ်ရဲ့အသင်းအတွက် ၁မှတ်ဖြစ်စေခဲ့ပါတယ်။ဒီပွဲသရေကျလိုက်တာကြောင့် လက်ရှိချန်ပီယံမန်စီးတီးဟာ ဘရိုက်တန်ကိုသာ လီဗာပူးအနိုင်ရရင် ဂျာဂင်ကလော့ပ်ရဲ့အသင်းနဲ့ ၁၁မှတ်ပြတ်သွားမှာဖြစ်ပါတယ်။

PC ; Internet

ဒါပေမဲ့ ဂွါဒီယိုလာကတော့ သူ့အသင်းရဲ့စွမ်းဆောင်မှုဟာ ၃မှတ်နဲ့ထိုက်တန်ခဲ့တယ်လို့ ပြောဆိုလိုက်တာပါ။” ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုမှာ ကျွန်တော်တို့ကစားနိုင်ခဲ့ပါတယ်။ရွေ့လျားမှုတွေ ကောင်းခဲ့တယ်။လုံလောက်တဲ့ အခွင့်အရေးဖန်တီးနိုင်မှုတွေရှိခဲ့တယ်။ဒါပေမဲ့ ရှယ်ဗေးရဲ့ဂိုးကြောင့် ကံမကောင်းခဲ့ဘူး။ခြုံပြောရရင် ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တာပါ။မနှစ်ကလိုအဆင့်မျိုးနဲ့ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ဖွင့်ဟသွားပါတယ်။

PC ; Internet

အိမ်ရှင်အသင်းရဲ့ အနုတ်လက္ခဏာဆန်တဲ့ဗျူဟာနဲ့ခံစစ်ကစားပုံအပေါ်မှာ မချင့်မရဲဖြစ်မိလားဆိုတဲ့ မေးခွန်းကိုလည်း ဂွါဒီယိုလာက “ ပြီးခဲ့တဲ့ ၄နှစ်မှာ ကျွန်တော်တို့ဒီလိုမျိုးတွေ ရင်ဆိုင်ခဲ့ရပြီးပါပြီ။ဒီနေ့ အဝေးကွင်းပွဲစဉ်မှာ ထပ်တွေ့တယ်။ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်”လို့ ဖြေကြားသွားခဲ့ပါတယ်။

PC ; Internet

တစ်ချိန်တည်းမှာပဲ နောက်ခံလူဂျွန်စတုန်းကတော့ လီဗာပူးနဲ့အမှတ်ကွာဟမှုကြီးမားနေပေမယ့် ပရီးမီးယားလိဂ်ဖလားကို ၃နှစ်ဆက်ရရယူဖို့မျှော်လင့်ချက်ကို မစွန့်လွှတ်သေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

နယူးကာဆယ္နဲ႔အမွတ္ခြဲယူခဲ့ရေပမယ့္ သူ႔အသင္းရဲ႕စြမ္းေဆာင္မႈအတြက္ ေပ်ာ္ရႊင္မိတယ္လို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက ဖြင့္ဟလိုက္ပါတယ္။စိန္႔ဂ်ိမ္းပါ့ခ္ကပြဲစဥ္မွာ မန္စီးတီးဟာ ဒီဘရူနီရဲ႕ ၈၂မိနစ္ဂိုးနဲ႔ ကပ္ႏိုင္ဖို႔အေျခအေနေပးခဲ့ေပမယ့္ ရွယ္ေဗးရဲ႕ ၂၅ကိုက္အကြာကကန္ခ်က္ဟာ စတိဗရုစ္ရဲ႕အသင္းအတြက္ ၁မွတ္ျဖစ္ေစခဲ့ပါတယ္။ဒီပြဲသေရက်လိုက္တာေၾကာင့္ လက္ရွိခ်န္ပီယံမန္စီးတီးဟာ ဘရိုက္တန္ကိုသာ လီဗာပူးအႏိုင္ရရင္ ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းနဲ႔ ၁၁မွတ္ျပတ္သြားမွာျဖစ္ပါတယ္။ဒါေပမဲ့ ဂြါဒီယိုလာကေတာ့ သူ႔အသင္းရဲ႕စြမ္းေဆာင္မႈဟာ ၃မွတ္နဲ႔ထိုက္တန္ခဲ့တယ္လို႔ ေျပာဆိုလိုက္တာပါ။” ေကာင္းမြန္တဲ့အဆင့္အတန္းတစ္ခုမွာ ကၽြန္ေတာ္တို႔ကစားႏိုင္ခဲ့ပါတယ္။ေရြ႔လ်ားမႈေတြြ ေကာင္းခဲ့တယ္။လံုေလာက္တဲ့ အခြင့္အေရးဖန္တီးႏိုင္မႈေတြရွိခဲ့တယ္။ဒါေပမဲ့ ရွယ္ေဗးရဲ႕ဂိုးေၾကာင့္ ကံမေကာင္းခဲ့ဘူး။ၿခံဳေျပာရရင္ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့တာပါ။မႏွစ္ကလိုအဆင့္မ်ိဳးနဲ႔ ကစားႏိုင္ခဲ့တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ ဂြါဒီယိုလာက ပြဲအၿပီးမွာ ဖြင့္ဟသြားပါတယ္။အိမ္ရွင္အသင္းရဲ႕ အႏုတ္လကၡဏာဆန္တဲ့ဗ်ဴဟာနဲ႔ခံစစ္ကစားပံုအေပၚမွာ မခ်င့္မရဲျဖစ္မိလားဆိုတဲ့ ေမးခြန္းကိုလည္း ဂြါဒီယိုလာက “ ၿပီးခဲ့တဲ့ ၄ႏွစ္မွာ ကၽြန္ေတာ္တို႔ဒီလိုမ်ိဳးေတြ ရင္ဆိုင္ခဲ့ရၿပီးပါၿပီ။ဒီေန႔ အေ၀းကြင္းပြဲစဥ္မွာ ထပ္ေတြ႔တယ္။ဒါေပမဲ့ ေနာက္ဆံုးမွာ ကၽြန္ေတာ္တို႔ ဂိုးေပးခဲ့ရတယ္”လို႔ ေျဖၾကားသြားခဲ့ပါတယ္။တစ္ခ်ိန္တည္းမွာပဲ ေနာက္ခံလူဂၽြန္စတုန္းကေတာ့ လီဗာပူးနဲ႔အမွတ္ကြာဟမႈႀကီးမားေနေပမယ့္ ပရီးမီးယားလိဂ္ဖလားကို ၃ႏွစ္ဆက္ရရယူဖို႔ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္ေသးဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။