အဂူရိုရဲ့ကြွက်သားဒဏ်ရာအပေါ် စိုးရိမ်မိတယ်လို့ ဂွါဒီယိုလာဖွင့်ဟ

PC ; Internet

ချဲလ်ဆီးကိုအနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူးအဂူရိုနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ဖွင့်ဟလိုက်ပါတယ်။အသက် ၃၁နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၃ဂိုးသွင်းပေးထားပြီး အဓိကခြေစွမ်းပြနေသူတစ်ဦးဖြစ်ပါတယ်။

PC ; Internet

ချဲလ်ဆီးနဲ့ပွဲတုန်းက ပွဲချိန် ၇၇မိနစ်အရောက်မှာတော့ အဂူရိုဟာ ဘယ်လိုမှဆက်ကစားနိုင်တဲ့အခြေအနေမရှိတော့တာကြောင့် ဂါဘရီရယ်ဂျီဆပ်နဲ့ လူစားလဲခံလိုက်ရပါတယ်။သူရရှိထားတဲ့ ဒဏ်ရာအမျိုးအစားဟာ ၃ပတ်လောက်အနားယူရမယ့် အခြေအနေမျိုးဖြစ်နေပြီး အတိအကျကိုတော့ လာမယ့် ၂၄နာရီအတွင်း သိရမှာပါ။

PC ; Internet

တကယ်လို့ ပုံမှန်ယူဆထားတဲ့အတိုင်း ၃ပတ်နားရရင်တော့ ရှက်တာဒိုးနက်စ်၊နယူးကာဆယ်၊ဘန်လေ၊မန်ယူ၊ ဒိုင်နမိုဇာဂရက်၊အာဆင်နယ်တို့နဲ့ကစားရမယ့် ပွဲစဉ်တွေကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့် အသင်းအတွက်စိန်ခေါ်မှုတွေပြင်းထန်နေတဲ့ဒီလိုရာသီမျိုးမှာ ဒီဇင်ဘာပွဲကျပ်ကာလမှာ အဂူရိုမကစားနိုင်မှာကို ဂါွဒီယိုလာကစိုးရိမ်နေတာပါ။

PC ; Internet

“ ဆာဂျီယိုရဲ့အခြေအနေဆိုးရွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မနက်ဖြန်အထိတော့ ဆရာဝန်ရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားရမှာပါ။ သူကတော့ ကစားနေရင်းဖြစ်သွားတယ်လို့ ယူဆနေပေမယ့် ကျွန်တော်ကတော့ ကြွက်သားကို အနည်းငယ်ဆွဲဆန့်လိုက်သလိုဖြစ်သွားတယ်လို့ထင်ပါတယ်။ ဘယ်လောက်အနားယူရမယ်ဆိုတာ မသိရသေးပေမယ့် ရာသီတစ်ခုရဲ့အကျပ်တည်းဆုံးနေ့ရက်တွေထဲက တစ်ချို့ပါဝင်လာနိုင်ပါတယ်”လို့ ဂွါဒီယိုလာက ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးကိုအႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ၾကြက္သားဒဏ္ရာရခဲ့တဲ့ တိုက္စစ္မွဴးအဂူရိုနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက ဖြင့္ဟလိုက္ပါတယ္။အသက္ ၃၁ႏွစ္အရြယ္ အာဂ်င္တီးနားတိုက္စစ္မွဴးဟာ ဒီရာသီမွာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစံု ၁၃ဂိုးသြင္းေပးထားၿပီး အဓိကေျခစြမ္းျပေနသူတစ္ဦးျဖစ္ပါတယ္။ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက ပြဲခ်ိန္ ၇၇မိနစ္အေရာက္မွာေတာ့ အဂူရိုဟာ ဘယ္လိုမွဆက္ကစားႏိုင္တဲ့အေျခအေနမရွိေတာ့တာေၾကာင့္ ဂါဘရီရယ္ဂ်ီဆပ္နဲ႔ လူစားလဲခံလိုက္ရပါတယ္။သူရရွိထားတဲ့ ဒဏ္ရာအမ်ိဳးအစားဟာ ၃ပတ္ေလာက္အနားယူရမယ့္ အေျခအေနမ်ိဳးျဖစ္ေနၿပီး အတိအက်ကိုေတာ့ လာမယ့္ ၂၄နာရီအတြင္း သိရမွာပါ။တကယ္လို႔ ပံုမွန္ယူဆထားတဲ့အတိုင္း ၃ပတ္နားရရင္ေတာ့ ရွက္တာဒိုးနက္စ္၊နယူးကာဆယ္၊ဘန္ေလ၊မန္ယူ၊ ဒိုင္နမိုဇာဂရက္၊အာဆင္နယ္တို႔နဲ႔ကစားရမယ့္ ပြဲစဥ္ေတြကိုလြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ဒါေၾကာင့္ အသင္းအတြက္စိန္ေခၚမႈေတြျပင္းထန္ေနတဲ့ဒီလိုရာသီမ်ိဳးမွာ ဒီဇင္ဘာပြဲက်ပ္ကာလမွာ အဂူရိုမကစားႏိုင္မွာကို ဂါြဒီယိုလာကစိုးရိမ္ေနတာပါ။“ ဆာဂ်ီယိုရဲ႕အေျခအေနဆိုးရြားႏိုင္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ မနက္ျဖန္အထိေတာ့ ဆရာ၀န္ရဲ႔ဆံုးျဖတ္ခ်က္ကို ေစာင့္ဆိုင္းသြားရမွာပါ။ သူကေတာ့ ကစားေနရင္းျဖစ္သြားတယ္လို႔ ယူဆေနေပမယ့္ ကၽြန္ေတာ္ကေတာ့ ၾကြက္သားကို အနည္းငယ္ဆြဲဆန္႔လိုက္သလိုျဖစ္သြားတယ္လို႔ထင္ပါတယ္။ ဘယ္ေလာက္အနားယူရမယ္ဆိုတာ မသိရေသးေပမယ့္ ရာသီတစ္ခုရဲ႔အက်ပ္တည္းဆံုးေန႔ရက္ေတြထဲက တစ္ခ်ိဳ႔ပါ၀င္လာႏိုင္ပါတယ္”လို႔ ဂြါဒီယိုလာက ဖြင့္ဟသြားခဲ့ပါတယ္။