အခြားနိုင်ငံတစ်ခုအတွက် ကစားပေးမယ်လို့ ဘင်ဇီမာခြိမ်းခြောက်

Photo- Internet
Photo- Internet

ရီးရဲလ်မက်ဒရစ် အသင်းတိုက်စစ်မှူ း ဘင်ဇီမာက ပြင်သစ်အသင်းမှာ သူဆက်လက်ပါဝင်ခွင့်မရဘူးဆိုရင် နိုင်ငံပြောင်းကစားသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ သူဟာကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူ း စာရင်းဝင်ဖြစ်ပေမယ့် လည်း ၂၀၁၅ ကတည်းက ပြင်သစ်အသင်းနဲ့အလှမ်းဝေးခဲ့တာပါ။

ဒါကလည်း သူ့ကစားဖော်ဟောင်းဖြစ်တဲ့ ဗယ်လ်ဘူနာရဲ့ လိင်ဆက်ဆံတဲ့ဗီဒီယိုကိုရိုက်ကူးပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့မှုကြောင့် ဖြစ်ပါတယ်။ အဲဒီပြဿ     နာကြောင့် ဘင်ဇီမာဟာ ပြင်သစ်အသင်းရဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတို့ ကိုလည်းလွဲချော်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်ဗိုလ်စွဲခဲ့တဲ့အတွက် သူမပါနိုင်ခဲ့တာကို အရမ်းကိုစိတ်ပျက်နေတာပါ။

Photo- Internet

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လီဂရာအက်က ဘင်ဇီမာဟာ တိုက်စစ်မှူ းကောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း ရီးရဲလ်အတွက် အကောင်းဆုံးခြေစွမ်းပြနေပေမယ့် ပြင်သစ်အသင်းနဲ့သူ့ရဲ့ပတ်သက်မှုက ပြီးဆုံးသွားပြီလို့ ပြောထားတဲ့အတွက် သူပြန်ပါဖို့ အခွင့်အရေးမရှိသလောက်ဖြစ်သွားပါတယ်။

Photo- Internet

ဒါကြောင့်လည်း လီဂရာအက်ကိုရည်ညွှန်းပြီး တွစ်တာကနေတစ်ဆင့် ဘင်ဇီမာက အခုလိုရေးသားခဲ့ပါတယ်။ သူက”လီဂရာအက်ရေ ခင်ဗျားဟာနည်းပြရဲ့ဆုံးဖြတ်ချက်တွေကို ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ ကျွန်တော်လည်း ပြင်သစ်လက်ရွေးစင်ဘ၀ ကိုအဆုံးသတ်ဖို့စဉ်းစားနေတာကို ခင်ဗျားကိုသိစေချင်ပါတယ်။ ကျွန်တော်နဲ့ပြင်သစ်အသင်းတို့ ပတ်သက်မှု အဆုံးသတ်သွားပြီလို့ ခင်ဗျားကပြောနေလို့ ကစားပေးခွင့်ရှိတဲ့ နောက်နိုင်ငံတစ်ခုအတွက်ကစားဖို့ခွင့်ပြုပါ” လို့ ဖော်ပြသွားပါတယ်။

Photo- Internet

ဘင်ဇီမာဟာ အယ်ဂျီးရီးယားနွယ်ဖွားဖြစ်ပေမယ့် ဖီဖာရဲ့လက်ရှိစည်းမျဉ်းအရလက်ရွေးစင်အသင်းကြီးတစ်ခုမှာ ကစားပြီးတဲ့သူတိုင်း အသင်းပြောင်းခွင့် မရှိတော့လို့ ဘင်ဇီမာရဲ့ရည်မှန်းချက်ဖြစ်မြောက်လာမှာ မဟုတ်ဖူးလို့လည်း သိရှိရပါတယ်။

Photo- Internet

Zawgyi

အျခားႏိုင္ငံတစ္ခုအတြက္ ကစားေပးမယ္လို႔ ဘင္ဇီမာၿခိမ္းေျခာက္

ရီးရဲလ္မက္ဒရစ္ အသင္းတိုက္စစ္မွဴ း ဘင္ဇီမာက ျပင္သစ္အသင္းမွာ သူဆက္လက္ပါ၀င္ခြင့္မရဘူးဆိုရင္ ႏိုင္ငံေျပာင္းကစားသြားမယ္လို႔ ၿခိမ္းေျခာက္လိုက္ပါတယ္။ သူဟာကမၻာ႔အေကာင္းဆုံး တိုက္စစ္မွဴ း စာရင္း၀င္ျဖစ္ေပမယ္႔ လည္း ၂၀၁၅ ကတည္းက ျပင္သစ္အသင္းနဲ႔အလွမ္းေ၀းခဲ့တာပါ။

ဒါကလည္း သူ႔ကစားေဖာ္ေဟာင္းျဖစ္တဲ႔ ဗယ္လ္ဘူနာရဲ႕ လိင္ဆက္ဆံတဲ႔ဗီဒီယိုကိုရိုက္ကူးၿပီး ၿခိမ္းေျခာက္ေငြညွစ္ခဲ့မႈေၾကာင့္ ျဖစ္ပါတယ္။ အဲဒီျပႆ     နာေၾကာင့္ ဘင္ဇီမာဟာ ျပင္သစ္အသင္းရဲ႕ ယူရို ၂၀၁၆ ၿပိဳင္ပြဲနဲ႔ ၂၀၁၈ ကမၻာ႔ဖလားတို႔ ကိုလည္းလြဲေခ်ာ္ခဲ့ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားမွာ ျပင္သစ္ဗိုလ္စြဲခဲ့တဲ႔အတြက္ သူမပါႏိုင္ခဲ့တာကို အရမး္ကိုစိတ္ပ်က္ေနတာပါ။

ျပင္သစ္ေဘာလုံးအဖြဲ႔ခ်ဳပ္ ဥကၠ႒ လီဂရာအက္က ဘင္ဇီမာဟာ တိုက္စစ္မွဴ းေကာင္းတစ္ဦးျဖစ္ၿပီး လက္ရွိမွာလည္း ရီးရဲလ္အတြက္ အေကာင္းဆုံးေျခစြမ္းျပေနေပမယ္႔ ျပင္သစ္အသင္းနဲ႔သူ႔ရဲ႕ပတ္သက္မႈက ၿပီးဆုံးသြားၿပီလို႔ ေျပာထားတဲ႔အတြက္ သူျပန္ပါဖို႔ အခြင့္အေရးမရွိသေလာက္ျဖစ္သြားပါတယ္။

ဒါေၾကာင့္လည္း လီဂရာအက္ကိုရည္ညႊန္းၿပီး တြစ္တာကေနတစ္ဆင့္ ဘင္ဇီမာက အခုလိုေရးသားခဲ့ပါတယ္။ သူက”လီဂရာအက္ေရ ခင္ဗ်ားဟာနည္းျပရဲ႕ဆုံးျဖတ္ခ်က္ေတြကို ၀င္စြက္ဖက္မွာမဟုတ္ပါဘူး။ က်ြန္ေတာ္လည္း ျပင္သစ္လက္ေရြးစင္ဘ၀ ကိုအဆုံးသတ္ဖို႔စဥ္းစားေနတာကို ခင္ဗ်ားကိုသိေစခ်င္ပါတယ္။ က်ြန္ေတာ္နဲ႔ျပင္သစ္အသင္းတို႔ ပတ္သက္မႈ အဆုံးသတ္သြားၿပီလို႔ ခင္ဗ်ားကေျပာေနလို႔ ကစားေပးခြင့္ရွိတဲ႔ ေနာက္ႏိုင္ငံတစ္ခုအတြက္ကစားဖို႔ခြင့္ျပဳပါ” လို႔ ေဖာ္ျပသြားပါတယ္။

ဘင္ဇီမာဟာ အယ္ဂ်ီးရီးယားႏြယ္ဖြားျဖစ္ေပမယ္႔ ဖီဖာရဲ႕လက္ရွိစည္းမ်ဥ္းအရလက္ေရြးစင္အသင္းႀကီးတစ္ခုမွာ ကစားၿပီးတဲ႔သူတိုင္း အသင္းေျပာင္းခြင့္ မရွိေတာ႔လို႔ ဘင္ဇီမာရဲ႕ရည္မွန္းခ်က္ျဖစ္ေျမာက္လာမွာ မဟုတ္ဖူးလို႔လည္း သိရွိရပါတယ္။