အက်စ်တာနာနဲ့ ပွဲမှာပါလာမယ့် မန်ယူကစားသမားသစ် ရမ်ဇာနီဆိုတာ

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အက်စ်တာနာနဲ့ အိမ်ကွင်းကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ အရပ် ၅ ပေ ၄ လက်မသာရှိတဲ့ လူငယ်တောင်ပံကစားသမား လာဂျီရမ်မာဇာနီ ကိုထည့်သွင်းအသုံးပြုမယ်လို့ သိရပါတယ်။ သူဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ မန်ယူအကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပါတယ်။

ရမ်ဇာနီဟာ လျင်မြန်လွန်းသူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက မန်ယူနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ သူဟာ ကလပ်ရဲ့ ယူ-၂၃ အသင်းမှာ ပါဝင်ပြီးနောက် တိုးတက်မှုလျင်မြန်လာတဲ့အတွက် လူငယ်အသင်းနည်းပြတွေ ကိုယ်တိုင်ကအံအားသင့်ခဲ့ကြရသူဖြစ်ပါတယ်။

Photo- Internet

ဒါကြောင့်လည်း မန်ယူလက်ထောက်နည်းပြ မိုက်ဖီလန်ကိုယ်တိုင်က သွားရောက်ကြည့်ရှု့ပြီး ရမ်ဇာနီရဲ့အလားအလာကောင်းမှုကို ဆိုးလ်ရှားထံသတင်းပို့တင်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားက မန်ယူနဲ့ ဆန်းဒါးလန်းလူငယ်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ပွဲကိုကိုယ်တိုင်သွားကြည့်ကာ ရမ်ဇာနီရဲ့ခြေစွမ်းကိုလေ့လာခဲ့ပါတယ်။

Photo- Internet

ကစားသမားကလည်း ဆိုးလ်ရှားကိုစိတ်မပျက်စေခဲ့ဘဲ ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် ဂိုလည်းသွင်းယူပေးပြီး မန်ယူကို ၃-၀ နဲ့နိုင်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားဟာ စီနီယာအသင်းကြီးဆီခေါ်ယူပြီး အက်စ်တာနာနဲ့ပွဲလူစာရင်း မှာထည့်သွင်းခဲ့လို့ ရမ်ဇာနီဟာ မန်ယူအသင်းကြီးအတွက် ပွဲဦးထွက်ကစားရဖို့လည်းရှိနေပါတယ်။

Photo- Internet

ရမ်ဇာနီဟာ ဘယ်လ်ဂျီယံသားဖြစ်ပြီး အန်ဒါလက်ချ်နဲ့စတင်ပူးပေါင်းကာ ချာလ်တန်ကိုရောက်ခဲ့ပြီး အဲဒီကနေတစ်ဆင့် ၂၀၁၇ မှာ မန်ယူကိုရောက်လာတာပါ။ သူဟာ ယူ-၁၈ အသင်းမှာတုန်းကခြေစွမ်းမပေါ်လွင်ခဲ့ဘဲ ၂၁ ပွဲကစားရာမှာ တစ်ဂိုးသာသွင်းခဲ့တာပါ။ ဒါပေမယ့် ယူ-၂၃ အသင်းကိုရောက်လာပြီးချိန်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး ၁၃ ပွဲမှာ ၉ ဂိုးသွင်းကာ သူ့ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

Photo- Internet

Zawgyi

အက္စ္တာနာနဲ႔ ပဲြမွာပါလာမယ္႔ မန္ယူကစားသမားသစ္ ရမ္ဇာနီဆိုတာ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားဟာ အက္စ္တာနာနဲ႔ အိမ္ကြင္းကစားမယ္႔ ယူရိုပါလိဂ္ပြဲစဥ္မွာ အရပ္ ၅ ေပ ၄ လက္မသာရွိတဲ႔ လူငယ္ေတာင္ပံကစားသမား လာဂ်ီရမ္မာဇာနီ ကိုထည့္သြင္းအသုံးျပဳမယ္လို႔ သိရပါတယ္။ သူဟာ အသက္ ၁၈ ႏွစ္သာရွိေသးတဲ႔ မန္ယူအကယ္ဒမီက ထြက္ေပၚလာတဲ႔ ကစားသမားျဖစ္ပါတယ္။

ရမ္ဇာနီဟာ လ်င္ျမန္လြန္းသူျဖစ္ၿပီး ၿပီးခဲ့တဲ႔ေႏြရာသီက မန္ယူနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ပါတယ္။ သူဟာ ကလပ္ရဲ႕ ယူ-၂၃ အသင္းမွာ ပါ၀င္ၿပီးေနာက္ တိုးတက္မႈလ်င္ျမန္လာတဲ႔အတြက္ လူငယ္အသင္းနည္းျပေတြ ကိုယ္တိုင္ကအံအားသင့္ခဲ့ၾကရသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း မန္ယူလက္ေထာက္နည္းျပ မိုက္ဖီလန္ကိုယ္တိုင္က သြားေရာက္ၾကည့္ရႈ႕ၿပီး ရမ္ဇာနီရဲ႕အလားအလာေကာင္းမႈကို ဆိုးလ္ရွားထံသတင္းပို႔တင္ျပခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဆိုးလ္ရွားက မန္ယူနဲ႔ ဆန္းဒါးလန္းလူငယ္အသင္းေတြ ယွဥ္ၿပိဳင္ၾကတဲ႔ ပြဲကိုကိုယ္တိုင္သြားၾကည့္ကာ ရမ္ဇာနီရဲ႕ေျခစြမ္းကိုေလ႔လာခဲ့ပါတယ္။

ကစားသမားကလည္း ဆိုးလ္ရွားကိုစိတ္မပ်က္ေစခဲ့ဘဲ ေျခစြမ္းျပႏိုင္ခဲ့တဲ႔အျပင္ ဂိုလည္းသြင္းယူေပးၿပီး မန္ယူကို ၃-၀ နဲ႔ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း ဆိုးလ္ရွားဟာ စီနီယာအသင္းႀကီးဆီေခၚယူၿပီး အက္စ္တာနာနဲ႔ပြဲလူစာရင္း မွာထည့္သြင္းခဲ့လို႔ ရမ္ဇာနီဟာ မန္ယူအသင္း္ႀကီးအတြက္ ပြဲဦးထြက္ကစားရဖို႔လည္းရွိေနပါတယ္။

ရမ္ဇာနီဟာ ဘယ္လ္ဂ်ီယံသားျဖစ္ၿပီး အန္ဒါလက္ခ်္နဲ႔စတင္ပူးေပါင္းကာ ခ်ာလ္တန္ကိုေရာက္ခဲ့ၿပီး အဲဒီကေနတစ္ဆင့္ ၂၀၁၇ မွာ မန္ယူကိုေရာက္လာတာပါ။ သူဟာ ယူ-၁၈ အသင္းမွာတုန္းကေျခစြမ္းမေပၚလြင္ခဲ့ဘဲ ၂၁ ပြဲကစားရာမွာ တစ္ဂိုးသာသြင္းခဲ့တာပါ။ ဒါေပမယ္႔ ယူ-၂၃ အသင္းကိုေရာက္လာၿပီးခ်ိန္မွာေတာ႔ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၁၃ ပြဲမွာ ၉ ဂိုးသြင္းကာ သူ႔ဂိုးသြင္းစြမ္းရည္ကို ျပသႏိုင္ခဲ့သူျဖစ္ပါတယ္။