သေးငယ်တဲ့ခြေလှမ်းအစပဲရှိသေးတယ်လို့ ကစားသမားတွေကို ပိုချက်တီနို သတိပေး

PC ; Internet

ဆားဘီးယားကလပ်ရက်စတားဘဲဂရိတ်ကို အဝေးကွင်းမှာဂိုးပြတ်အနိုင်ရခဲ့တာဟာ စပါးအသင်းအတွက် သေးငယ်တဲ့ခြေလှမ်းတစ်ရပ်စတင်ခြင်းပဲရှိသေးတယ်လို့ နည်းပြပိုချက်တီနိုက သူ့ရဲ့ကစားသမားတွေကို သတိပေးပြောကြားလိုက်ပါတယ်။ဗုဒ္ဓဟူးညက ရက်စတားဘဲဂရိတ်အသင်းကို(၄)ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲဟာ စပါးအသင်းအတွက်တော့ မေလ(၈)ရက်နောက်ပိုင်း ပထမဆုံးအဝေးကွင်းနိုင်ပွဲဖြစ်ခဲ့တာပါ။

PC ; Internet

“ အခုအဝေးကွင်းနိုင်ပွဲကအရမ်းကိုကောင်းမွန်ခဲ့ပါတယ်။ ယုံကြည်ချက်မြင့်မားလာဖို့နဲ့ခံစားချက်ကောင်းမွန်စေဖို့ ဒီလိုနိုင်ပွဲမျိုးတွေကျွန်တော်တို့လိုအပ်ပါတယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲကိုအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာက ကျေနပ်စရာပါပဲ။ဒီနိုင်ပွဲအတွက်ပျော်ပါတယ်။ ဒါပေမယ့်ဒီနိုင်ပွဲက ခြေလှမ်းသေးသေးလေးတစ်ခုပါပဲ။ဒီခြေလှမ်းအတိုင်းဆက်သွားနိုင်ဖို့လိုအပ်ပါတယ် ”လို့ပိုချက်တီနိုက ပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။

PC ; Internet

လီဗာပူးအသင်းရှုံးနိမ့်ခဲ့ဖူးတဲ့ ရက်စတားဘဲဂရိတ်ရဲ့ ရက်ကိုမီတစ်အားကစားကွင်းမှာ နိုင်ပွဲရယူနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကလပ်အသင်းအဖြစ်လည်း စပါးအသင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က ဒီကွင်းမှာ လီဗာပူးအသင်းရှုံးနိမ့်ခဲ့ဖူးတာကြောင့် မိမိတို့အနေနဲ့ ဒီပွဲစဉ်အတွက်သေချာပြင်ဆင်ခဲ့တယ်လို့လည်း စပါးနည်းပြပိုချက်တီနိုကပြောကြားခဲ့ပါတယ်။

PC ; Internet

စပါးအသင်းအတွက် ဒီပွဲမှာပထမဆုံးအကြိမ်ပွဲချိန်ပြည့်ကစားခွင့်ရခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူလိုဆယ်ဆိုက ဦးဆောင်ဂိုးစသွင်းခဲ့သလို ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန်အသင်းနဲ့ပွဲမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရတဲ့ ကိုရီးယားတိုက်စစ်မှူးဆွန်ဟောင်မင်က(၂)ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ နည်းပြပိုချက်တီနိုက လိုဆယ်ဆိုရဲ့စွမ်းဆောင်ရည်ကိုချီးကျူးလိုက်သလို ဆွန်ဟောင်မင်ရဲ့ကြိုးစားအားထုတ်မှုကိုလည်း အပြည့်အဝကျေနပ်အားရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

(zawgyi)

ဆားဘီးယားကလပ္ရက္စတားဘဲဂရိတ္ကို အေဝးကြင္းမွာဂိုးျပတ္အႏိုင္ရခဲ့တာဟာ စပါးအသင္းအတြက္ ေသးငယ္တဲ့ေျခလွမ္းတစ္ရပ္စတင္ျခင္းပဲရွိေသးတယ္လို႔ နည္းျပပိုခ်က္တီႏိုက သူ႔ရဲ႕ကစားသမားေတြကို သတိေပးေျပာၾကားလိုက္ပါတယ္။ဗုဒၶဟူးညက ရက္စတားဘဲဂရိတ္အသင္းကို(၄)ဂိုးျပတ္နဲ႔အႏိုင္ရတဲ့ပြဲဟာ စပါးအသင္းအတြက္ေတာ့ ေမလ(၈)ရက္ေနာက္ပိုင္း ပထမဆုံးအေဝးကြင္းႏိုင္ပြဲျဖစ္ခဲ့တာပါ။ “ အခုအေဝးကြင္းႏိုင္ပြဲကအရမ္းကိုေကာင္းမြန္ခဲ့ပါတယ္။ ယုံၾကည္ခ်က္ျမင့္မားလာဖို႔နဲ႔ခံစားခ်က္ေကာင္းမြန္ေစဖို႔ ဒီလိုႏိုင္ပြဲမ်ိဳးေတြကြၽန္ေတာ္တို႔လိုအပ္ပါတယ္။ ခက္ခဲတဲ့ပြဲတစ္ပြဲကိုအႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာက ေက်နပ္စရာပါပဲ။ဒီႏိုင္ပြဲအတြက္ေပ်ာ္ပါတယ္။ ဒါေပမယ့္ဒီႏိုင္ပြဲက ေျခလွမ္းေသးေသးေလးတစ္ခုပါပဲ။ဒီေျခလွမ္းအတိုင္းဆက္သြားႏိုင္ဖို႔လိုအပ္ပါတယ္ ”လို႔ပိုခ်က္တီႏိုက ပြဲအၿပီးမွာေျပာၾကားသြားခဲ့ပါတယ္။လီဗာပူးအသင္းရႈံးနိမ့္ခဲ့ဖူးတဲ့ ရက္စတားဘဲဂရိတ္ရဲ႕ ရက္ကိုမီတစ္အားကစားကြင္းမွာ ႏိုင္ပြဲရယူႏိုင္တဲ့ ပထမဆုံးအဂၤလိပ္ကလပ္အသင္းအျဖစ္လည္း စပါးအသင္းမွတ္တမ္းဝင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္က ဒီကြင္းမွာ လီဗာပူးအသင္းရႈံးနိမ့္ခဲ့ဖူးတာေၾကာင့္ မိမိတို႔အေနနဲ႔ ဒီပြဲစဥ္အတြက္ေသခ်ာျပင္ဆင္ခဲ့တယ္လို႔လည္း စပါးနည္းျပပိုခ်က္တီႏိုကေျပာၾကားခဲ့ပါတယ္။ စပါးအသင္းအတြက္ ဒီပြဲမွာပထမဆုံးအႀကိမ္ပြဲခ်ိန္ျပည့္ကစားခြင့္ရခဲ့တဲ့ အာဂ်င္တီးနားကြင္းလယ္လူလိုဆယ္ဆိုက ဦးေဆာင္ဂိုးစသြင္းခဲ့သလို ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္ အဲဗာတန္အသင္းနဲ႔ပြဲမွာ စိတ္ပိုင္းဆိုင္ရာထိခိုက္ခံစားခဲ့ရတဲ့ ကိုရီးယားတိုက္စစ္မႉးဆြန္ေဟာင္မင္က(၂)ဂိုးသြင္းယူေပးႏိုင္ခဲ့တာပါ။ နည္းျပပိုခ်က္တီႏိုက လိုဆယ္ဆိုရဲ႕စြမ္းေဆာင္ရည္ကိုခ်ီးက်ဴးလိုက္သလို ဆြန္ေဟာင္မင္ရဲ႕ႀကိဳးစားအားထုတ္မႈကိုလည္း အျပည့္အဝေက်နပ္အားရတယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။