သူ့ရဲ့နောင်တတွေထဲက တစ်ခုကတော့ ပရီးမီးယားလိဂ်မှာ မကစားခဲ့တာလို့ အနားမယူခင်မှာ ဒေဗစ်ဗီလာဖွင့်ဟ

photo-mark robinson

photo-gettyimages

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အဆုံးသတ်တော့မယ့်အချိန်မှာ စပိန်ဂန္ထဝင်ဒေးဗစ်ဗီလာက နှစ် ၂၀ ကြာကစားသမားဘဝမှာ သူ့ရဲ့နောင်တတွေထဲက တစ်ခုကတော့ ပရီးမီးယားလိဂ်မှာ မကစားခဲ့တာပါလို့ ဖွင့်ဟလိုက်ပါတယ်။ စပိန်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်တဲ့ ဒေးဗစ်ဗီလာဟာ ဘာစီလိုနာအသင်းဖော်ဟောင်းအင်နီယေစတာနဲ့အတူ ဂျေလိဂ်ကလပ်ဗစ်ဆဲကိုဘေးအသင်းမှာ ကစားနေတာပါ။ လမယ့် အင်ပါယာဖလားဆီမီးဖိုင်နယ်မှာသာ သူ့အသင်းဟာ အနိုင်ရမယ်ဆိုရင် ဒေးဗစ်ဗီလာအတွက် စုစုပေါင်း ၅ ပွဲသာ ကစားဖို့ကျန်တော့မှာဖြစ်ပြီး အဲဒါပြီးရင်တော့ သူ့ရဲ့တဖိတ်ဖိတ်တောက်ခဲ့တဲ့ ကစားသမားဘဝဟာ အဆုံးသတ်လိမ့်မှာ ဖြစ်ပါတယ်။

photo-gettyimages

၃၇ နှစ်အရွယ် ဒေးဗစ်ဗီလာဟာ မာကာသတင်းစာနဲ့အင်တာဗျူးမှာ သူ့ကစားသမားဘဝ ဖြတ်သန်းမှုတွေကို ဖွင့်ဟခဲ့ပြီး အဲဒီထဲမှာ ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး ဝန်ခံတာလည်း ပါဝင်ခဲ့ပါတယ်။ ”ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ဆုံးဖြတ်ချက်တွေကို ကျွန်တော်ကိုယ်တိုင်ပဲလုပ်တာဖြစ်ပြီး ပြည့်စုံတဲ့ကစားသမားဘဝမှာ တစ်ခုခုလွဲချော်ခဲ့တာကို စောဒကတက်နေမယ်ဆိုရင် အဲဒါဟာ တကယ်ကို မျှတမှာ မဟုတ်ပါဘူး”လို့ ဒေးဗစ်ဗီလာက ဖြေကြားခဲ့တာပါ။

photo-gettyimages

ဒေးဗစ်ဗီလာဟာ ဗလင်စီယာမှာရှိနေစဉ် အသင်းပေါင်းများစွာနဲ့သတင်းထွက်ခဲ့ပြီး အဲဒီထဲမှာ ဘင်နီတက်ဇ်ရဲ့လီဗာပူးလည်း ပါဝင်ပါတယ်။ ယူရို ၂၀၀၈ ပြိုင်ပွဲအပြီးမှာ သူ့ကို ချဲလ်ဆီးနဲ့မန်ယူတို့ကလည်း စိတ်ဝင်စားကြကြောင်း သတင်းတွေထွက်ခဲ့ပေမယ့် အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ ဝင်ဘလေက ၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ သူဟာ မန်ယူဘက်ကို ဂိုးသွင်းခဲ့ပါတယ်။ သူဟာ ဘာစီလိုနာမှာ ဆုဖလားအောင်မြင်မှု အတော်လေးရရှိခဲ့တာပါ။

[Zawgyi]

သူ႔ရဲ႕ေနာင္တေတြထဲက တစ္ခုကေတာ့ ပရီးမီးယားလိဂ္မွာ မကစားခဲ့တာလို႔ အနားမယူခင္မွာ ေဒဗစ္ဗီလာဖြင့္ဟ

ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ အဆုံးသတ္ေတာ့မယ့္အခ်ိန္မွာ စပိန္ဂႏၳ၀င္ေဒးဗစ္ဗီလာက ႏွစ္ ၂၀ ၾကာကစားသမားဘ၀မွာ သူ႔ရဲ႕ေနာင္တေတြထဲက တစ္ခုကေတာ့ ပရီးမီးယားလိဂ္မွာ မကစားခဲ့တာပါလို႔ ဖြင့္ဟလုိက္ပါတယ္။ စပိန္အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္တဲ့ ေဒးဗစ္ဗီလာဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္းအင္နီေယစတာနဲ႔အတူ ေဂ်လိဂ္ကလပ္ဗစ္ဆဲကိုေဘးအသင္းမွာ ကစားေနတာပါ။ လမယ့္ အင္ပါယာဖလားဆီမီးဖိုင္နယ္မွာသာ သူ႔အသင္းဟာ အႏိုင္ရမယ္ဆိုရင္ ေဒးဗစ္ဗီလာအတြက္ စုစုေပါင္း ၅ ပြဲသာ ကစားဖို႔က်န္ေတာ့မွာျဖစ္ၿပီး အဲဒါၿပီးရင္ေတာ့ သူ႔ရဲ႕တဖိတ္ဖိတ္ေတာက္ခဲ့တဲ့ ကစားသမားဘ၀ဟာ အဆုံးသတ္လိမ့္မွာ ျဖစ္ပါတယ္။

၃၇ ႏွစ္အရြယ္ ေဒးဗစ္ဗီလာဟာ မာကာသတင္းစာနဲ႔အင္တာဗ်ဴးမွာ သူ႔ကစားသမားဘ၀ ျဖတ္သန္းမႈေတြကို ဖြင့္ဟခဲ့ၿပီး အဲဒီထဲမွာ ပရီးမီးယားလိဂ္နဲ႔ပတ္သက္ၿပီး ၀န္ခံတာလည္း ပါ၀င္ခဲ့ပါတယ္။ ”ပရီးမီးယားလိဂ္မွာ ကစားခ်င္ခဲ့တာပါ။ ဒါေပမဲ့ ကၽြန္ေတာ့္ဆုံးျဖတ္ခ်က္ေတြကို ကၽြန္ေတာ္ကိုယ္တိုင္ပဲလုပ္တာျဖစ္ၿပီး ျပည့္စုံတဲဲ့ကစားသမားဘ၀မွာ တစ္ခုခုလြဲေခ်ာ္ခဲ့တာကို ေစာဒကတက္ေနမယ္ဆိုရင္ အဲဒါဟာ တကယ္ကို မွ်တမွာ မဟုတ္ပါဘူး”လို႔ ေဒးဗစ္ဗီလာက ေျဖၾကားခဲ့တာပါ။

ေဒးဗစ္ဗီလာဟာ ဗလင္စီယာမွာရွိေနစဥ္ အသင္းေပါင္းမ်ားစြာနဲ႔သတင္းထြက္ခဲ့ၿပီး အဲဒီထဲမွာ ဘင္နီတက္ဇ္ရဲ႕လီဗာပူးလည္း ပါ၀င္ပါတယ္။ ယူရို ၂၀၀၈ ၿပိဳင္ပြဲအၿပီးမွာ သူ႔ကို ခ်ဲလ္ဆီးနဲ႔မန္ယူတို႔ကလည္း စိတ္၀င္စားၾကေၾကာင္း သတင္းေတြထြက္ခဲ့ေပမယ့္ အေကာင္အထည္ေပၚမလာခဲ့ပါဘူး။ ၀င္ဘေလက ၂၀၁၁ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာေတာ့ သူဟာ မန္ယူဘက္ကို ဂိုးသြင္းခဲ့ပါတယ္။ သူဟာ ဘာစီလိုနာမွာ ဆုဖလားေအာင္ျမင္မႈ အေတာ္ေလးရရွိခဲ့တာပါ။