သူ့ရဲ့နည်းပြအဖွဲ့ဝင်နှစ်ယောက်ကို ခေါ်ဆောင်သွားလို့ မော်ရင်ဟိုကို ဒေါသထွက်နေတဲ့ လိုင်လီနည်းပြ

photo-daily mail

photo-gettyimages

သူ့ရဲ့နည်းပြအဖွဲ့ဝင်နှစ်ယောက်ကို မော်ရင်ဟိုက စပါးအသင်းဆီ ခေါ်ဆောင်သွားတာကြောင့် လိုင်လီနည်းပြဂယ်လ်တီယာတစ်ယောက် ပေါက်ကွဲနေပါတယ်။ စပါးဟာ ပိုချက်တီနိုအပြင် သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကိုပါ ထုတ်ပယ်ခဲ့တာဖြစ်လို့ မော်ရင်ဟိုဟာ သူ့အသင်းသစ်ကိုရောက်သွားချိန်မှာ သူ့ရဲ့နည်းပြအဖွဲ့ကို အလျင်အမြန်စီစဉ်ဖွဲ့စည်းခဲ့ရပါတယ်။ အဲဒါကြောင့် လိုင်လီက လက်ထောက်နည်းပြဆက်ခရာမင်တိုနဲ့ ဂိုးနည်းပြနူနိုဆန်းတို့စ်တို့ကို ကတိုက်ကရိုက်နဲ့ခေါ်ဆောင်ခဲ့ရတာပါ။

photo-gettyimages

ဒါ့အပြင် မော်ရင်ဟိုဟာ လိုင်လီအသင်းအားကစားဒါရိုက်တာဖြစ်တဲ့ လူဝစ်ကမ်ပို့စ်ကို အဲဒီရာထူးနဲ့ပဲ လန်ဒန်မြောက်ပိုင်းဆီ လာစေချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါသေးတယ်။ လိုင်လီနည်းပြဂယ်လ်တီယာကတော့ ရုတ်ချည်းဆိုသလို အသင်းပြောင်းသွားတဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ အပြစ်တင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စမှာ မော်ရင်ဟိုရဲ့လုပ်ကိုင်ပုံနဲ့ပတ်သက်လို့ အတော်လေးကို မကျေမနပ်ဖြစ်နေပါတယ်။

photo-marca

”အားလုံးမှာ သူ့ကိုယ်ပိုင်နည်းလမ်းတော့ ရှိကြမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်လိုက်တော့ အရမ်းကိုအဆင့်အတန်းရှိသွားတာပဲ။ ကျွန်တော်ဒေါသထွက်ရပါတယ်။ အချိန်ကောင်းမဟုတ်ဘူးလေဗျာ။ တခြားနည်းလမ်းတွေ ရှိတာပဲဟာ။ ကျွန်တော်ကတော့ အသင်းဥက္ကဌရဲ့ဆုံးဖြတ်ချက်မှန်သမျှကို သဘောတူပါတယ်။ ဒီပရောဂျက်ကို သူတို့ယုံကြည်ပြီး သူတို့သွားချင်ကြတယ်လို့ သူတို့ပြောခဲ့ကြတာပါ။ ဒါဟာ ဒီကနေ့ခေတ်ဘောလုံးပါပဲ။ ကျွန်တော့်အသင်းဥက္ကဌက ဖုန်းဆက်ပြောလို့ သိရတာပါ။ အခြေအနေကို သူပြောပြပါတယ်။ ကျွန်တော့်တို့က ပဲရစ်က ပွဲအတွက် ပုံမှန်ပဲ ပြင်ဆင်နေကြတာပါ။ သူရှင်းပြတာကို နားလည်လက်ခံပါတယ်။ ကျွန်တော်သာဆိုလည်း အဲဒီလိုပဲ လုပ်မှာပါ။ တစ်နေရာရာကို စိတ်ရောက်နေတယ်ဆိုရင်တော့ ဆက်ရှိလည်း အလကားပါပဲ”လို့ ပီအက်စ်ဂျီနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ နည်းပြဂယ်လ်တီယာက ပြောကြားခဲ့တာပါ။

[Zawgyi]

သူ႔ရဲ႕နည္းျပအဖြဲ႕၀င္ႏွစ္ေယာက္ကို ေခၚေဆာင္သြားလို႔ ေမာ္ရင္ဟိုကို ေဒါသထြက္ေနတဲ့ လိုင္လီနည္းျပ

သူ႔ရဲ႕နည္းျပအဖြဲ႕၀င္ႏွစ္ေယာက္ကို ေမာ္ရင္ဟိုက စပါးအသင္းဆီ ေခၚေဆာင္သြားတာေၾကာင့္ လိုင္လီနည္းျပဂယ္လ္တီယာတစ္ေယာက္ ေပါက္ကြဲေနပါတယ္။ စပါးဟာ ပိုခ်က္တီႏိုအျပင္ သူ႔ရဲ႕နည္းျပအဖြဲ႕၀င္ေတြကိုပါ ထုတ္ပယ္ခဲ့တာျဖစ္လုိ႔ ေမာ္ရင္ဟိုဟာ သူ႔အသင္းသစ္ကိုေရာက္သြားခ်ိန္မွာ သူ႔ရဲ႕နည္းျပအဖြဲ႕ကို အလ်င္အျမန္စီစဥ္ဖြဲ႕စည္းခဲ့ရပါတယ္။ အဲဒါေၾကာင့္ လိုင္လီက လက္ေထာက္နည္းျပဆက္ခရာမင္တိုနဲ႔ ဂိုးနည္းျပႏူႏိုဆန္းတုိ႔စ္တို႔ကို ကတိုက္ကရိုက္နဲ႔ေခၚေဆာင္ခဲ့ရတာပါ။

ဒါ့အျပင္ ေမာ္ရင္ဟိုဟာ လုိင္လီအသင္းအားကစားဒါရိုက္တာျဖစ္တဲ့ လူ၀စ္ကမ္ပို႔စ္ကို အဲဒီရာထူးနဲ႔ပဲ လန္ဒန္ေျမာက္ပိုင္းဆီ လာေစခ်င္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါေသးတယ္။ လိုင္လီနည္းျပဂယ္လ္တီယာကေတာ့ ရုတ္ခ်ည္းဆုိသလို အသင္းေျပာင္းသြားတဲ့ သူ႔ရဲဲ႕နည္းျပအဖြဲ႕၀င္ေတြနဲ႔ပတ္သက္လို႔ အျပစ္တင္ျခင္းမရွိခဲ့ပါဘူး။ ဒါေပမဲ့ အဲဒီကိစၥမွာ ေမာ္ရင္ဟိုရဲ႕လုပ္ကိုင္ပုံနဲ႔ပတ္သက္လို႔ အေတာ္ေလးကို မေက်မနပ္ျဖစ္ေနပါတယ္။

”အားလုံးမွာ သူ႔ကိုယ္ပိုင္နည္းလမ္းေတာ့ ရွိၾကမွာပါ။ ဘာပဲျဖစ္ျဖစ္ ဒီလုိလုပ္လိုက္ေတာ့ အရမ္းကိုအဆင့္အတန္းရွိသြားတာပဲ။ ကၽြန္ေတာ္ေဒါသထြက္ရပါတယ္။ အခ်ိန္ေကာင္းမဟုတ္ဘူးေလဗ်ာ။ တျခားနည္းလမး္ေတြ ရွိတာပဲဟာ။ ကၽြန္ေတာ္ကေတာ့ အသင္းဥကၠဌရဲ႕ဆုံးျဖတ္ခ်က္မွန္သမွ်ကို သေဘာတူပါတယ္။ ဒီပေရာဂ်က္ကို သူတို႔ယုံၾကည္ၿပီး သူတို႔သြားခ်င္ၾကတယ္လို႔ သူတို႔ေျပာခဲ့ၾကတာပါ။ ဒါဟာ ဒီကေန႔ေခတ္ေဘာလုံးပါပဲ။ ကၽြန္ေတာ့္အသင္းဥကၠဌက ဖုန္းဆက္ေျပာလို႔ သိရတာပါ။ အေျခအေနကို သူေျပာျပပါတယ္။ ကၽြန္ေတာ့္တို႔က ပဲရစ္က ပြဲအတြက္ ပုံမွန္ပဲ ျပင္ဆင္ေနၾကတာပါ။ သူရွင္းျပတာကို နားလည္လက္ခံပါတယ္။ ကၽြန္ေတာ္သာဆုိလည္း အဲဒီလုိပဲ လုပ္မွာပါ။ တစ္ေနရာရာကို စိတ္ေရာက္ေနတယ္ဆိုရင္ေတာ့ ဆက္ရွိလည္း အလကားပါပဲ”လုိ႔ ပီအက္စ္ဂ်ီနဲ႔ပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ နည္းျပဂယ္လ္တီယာက ေျပာၾကားခဲ့တာပါ။