သူများအသင်းအကြောင်းပြောရင် လက်ရှိအသင်းကိုမလေးစားတာပဲ…

PC ; Internet

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီနေရာမှာ ဆက်ခံမယ့်သူလို့ရေပန်းစားနေပေမယ့် ကာယကံရှင်ဖြစ်သူဝုဗ်နည်းပြနူနိုဆန်တိုကတော့ ဒီသတင်းတွေအတွက် သူ့မှာဖြေစရာမရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ရလဒ်တွေဆိုးရွားနေတာကြောင့် အာဆင်နယ်နည်းပြအမ်မရီရဲ့အနာဂတ်ဟာ အတော်လေးမတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးထွက်ပေါ်နေတဲ့ဘွတ်ကီအလေးပေးမှုတွေအရ သူ့နေရာမှာအစားထိုးမယ့်နည်းပြစာရင်းမှာ နူနိုဆန်တိုကရေပန်းအစားဆုံးဖြစ်နေတာပါ။

PC ; Internet

နူနိုဆန်တိုဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဝုဗ်ကိုပုံစံကောင်းတစ်ခုနဲ့တည်ငြိမ်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ လက်ရှိသတင်းတွေအပေါ်မှာတော့ ဝုဗ်နည်းပြက ”ကျွန်တော်နဲ့ပတ်သက်ပြီး သိထားတာတွေများနေလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီသတင်းအတွက် အဖြေပေးစရာ အကြောင်းမရှိပါဘူး။ နောက်ပြီး လူတွေ သတိထားမိပြီး ကျွန်တော့်ကို အဖြေပေးအောင် ဖန်တီးနေတဲ့ ကိစ္စတွေမှာလည်း ဝင်မပါချင်ပါဘူး။ နည်းပြတစ်ယောက်က အခြားအသင်းတစ်သင်းရဲ့ အလုပ်နဲ့ပတ်သက်ပြီး ပြောကြားပြီဆိုရင် ဒါက လက်ရှိအလုပ်အပေါ် လေးစားမှုမရှိတာပဲလို့ ကျွန်တော်ကတော့ ခံယူထားတယ်။

PC ; Internet

ကျွန်တော့်အတွက် ပြောစရာရှိတာကတော့ ဝုဗ်အသင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေပါပဲ။ ကျွန်တော်ဒီကို စရောက်လာကတည်းက အသင်းတိုးတက်ဖို့ အများကြီး ကြိုးစားခဲ့တယ်။ လက်ရှိမှာ အသင်းက ဆက်ပြီးတိုးတက်လာဖို့ရှိနေတဲ့ကိစ္စတွေ ကျန်နေသေးပေမယ့် ကျွန်တော်ကြိုးစားနေပါတယ်” လို့ နူနိုဆန်တိုက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

အာဆင္နယ္နည္းျပအူႏိုင္းအမ္မရီေနရာမွာ ဆက္ခံမယ့္သူလို႔ေရပန္းစားေနေပမယ့္ ကာယကံရွင္ျဖစ္သူ၀ုဗ္နည္းျပႏူႏိုဆန္တိုကေတာ့ ဒီသတင္းေတြအတြက္ သူ႔မွာေျဖစရာမရွိဘူးလို႔ တံု႔ျပန္လိုက္ပါတယ္။ရလဒ္ေတြဆိုးရြားေနတာေၾကာင့္ အာဆင္နယ္နည္းျပအမ္မရီရဲ႕အနာဂတ္ဟာ အေတာ္ေလးမတည္မၿငိမ္ျဖစ္ေနၿပီး ေနာက္ဆံုးထြက္ေပၚေနတဲ့ဘြတ္ကီအေလးေပးမႈေတြအရ သူ႔ေနရာမွာအစားထိုးမယ့္နည္းျပစာရင္းမွာ ႏူႏိုဆန္တိုကေရပန္းအစားဆံုးျဖစ္ေနတာပါ။ႏူႏိုဆန္တိုဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ၀ုဗ္ကိုပံုစံေကာင္းတစ္ခုနဲ႔တည္ၿငိမ္ေအာင္စြမ္းေဆာင္ေပးထားႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ လက္ရွိသတင္းေတြအေပၚမွာေတာ့ ၀ုဗ္နည္းျပက ”ကြ်န္ေတာ္နဲ႔ပတ္သက္ၿပီး သိထားတာေတြမ်ားေနလိမ့္မယ္ ထင္ပါတယ္။ ကြ်န္ေတာ္ကေတာ့ ဒီသတင္းအတြက္ အေျဖေပးစရာ အေၾကာင္းမရွိပါဘူး။ ေနာက္ၿပီး လူေတြ သတိထားမိၿပီး ကြ်န္ေတာ့္ကို အေျဖေပးေအာင္ ဖန္တီးေနတဲ့ ကိစၥေတြမွာလည္း ဝင္မပါခ်င္ပါဘူး။ နည္းျပတစ္ေယာက္က အျခားအသင္းတစ္သင္းရဲ႕ အလုပ္နဲ႔ပတ္သက္ၿပီး ေျပာၾကားၿပီဆိုရင္ ဒါက လက္ရွိအလုပ္အေပၚ ေလးစားမႈမရွိတာပဲလို႔ ကြ်န္ေတာ္ကေတာ့ ခံယူထားတယ္။ ကြ်န္ေတာ့္အတြက္ ေျပာစရာရွိတာကေတာ့ ဝုဗ္အသင္းနဲ႔ ပတ္သက္တဲ့ကိစၥေတြပါပဲ။ ကြ်န္ေတာ္ဒီကို စေရာက္လာကတည္းက အသင္းတိုးတက္ဖို႔ အမ်ားႀကီး ႀကိဳးစားခဲ့တယ္။ လက္ရွွိမွာ အသင္းက ဆက္ၿပီးတိုးတက္လာဖို႔ရွိေနတဲ့ကိစၥေတြ က်န္ေနေသးေပမယ့္ ကြ်န္ေတာ္ႀကိဳးစားေနပါတယ္” လို႔ ႏူႏိုဆန္တိုက ေျပာဆိုသြားခဲ့ပါတယ္။