သူက ဘယ်လိုလူမျိုးလဲဆိုတာ သက်သေပြချင်နေတဲ့မော်ရင်ညိုရဲ့တစ်ခုခုလုပ်ပြချင်စိတ်က စပါးအတွက် အကျိုးရှိလာနိုင်တယ်လို့ ဆောင်းနက်စ် သုံးသပ်

Photo Credit

Photo Credit ; B/R

ယမန်နှစ်ရာသီက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် သူက ဘယ်လိုလူမျိုးလဲဆိုတာ သက်သေပြရမယ်လို့ ခံစားနေရတဲ့ မော်ရင်ညိုရဲ့စိတ်ဆိုးဒေါသထွက်မှု၊ မချင့်မရဲဖြစ်မှုတွေက စပါးအသင်းအတွက် အကျိုးရှိစေနိုင်ကြောင်း ဂရေမီဆောင်းနက်စ်က သုံးသပ်လိုက်ပါတယ်။

Photo Credit ; B/R

မော်ရင်ညိုဟာ ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံရအပြီး ၁၁လအကြာမှာ စပါးအသင်းနည်းပြသစ်အဖြစ် ၃နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးရာသီမှာပဲ ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ ရယူနိုင်ခဲ့ပြီးနောက် အောင်မြင်မှုလမ်းစရှာဖွေနိုင်ခဲ့ပါတယ်။

Photo Credit ; B/R

ဒါပေမဲ့ သူဟာ နောက်ထပ်ဖလားရယူဖို့ ဦးမဆောင်နိုင်ခဲ့ဘဲ ၂၀၁၈ ဒီဇင်ဘာလက အမှတ်ပေးဇယားထိပ်ဆုံးရောက် လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ကာ လီဗာပူးနဲ့ ၁၉ မှတ်အကွာ အဆင့် ၆နေရာရောက်သွားခဲ့ရပြီးနောက် ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

Photo Credit

အဲဒီအတွက်ကြောင့် ဆုဖလားတွေရယူနိုင်စွမ်းရှိတဲ့မော်ရင်ညိုရဲ့အရည်အချင်းအပေါ် သံသယမေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဆောင်းနက်စ်ကတော့ အဲဒီအယူအဆတွေကို လက်သင့်မခံဘဲ ပုံမှန်ဆုဖလားရယူပေးနိုင်စွမ်းရှိတဲ့မော်ရင်ညိုရဲ့မှတ်တမ်းကောင်းတွေအပြင် သူ့အပေါ် ဝေဖန်သုံးသပ်သူတွေမှားယွင်းကြောင်း သက်သေပြချင်စိတ်တွေအရ စပါးအတွက် မော်ရင်ညိုက အသင့်တော်ဆုံးဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”ပိုချက်တီနိုက စပါးမှာမနေချင်တော့တဲ့ပုံစံမျိုးတွေ့ရပါတယ်။ ဒါကတကယ့်ကိုထူးဆန်းပါတယ်။ ဟိုဆေးမော်ရင်ညိုကတော့ စပါးနဲ့အသင့်တော်ဆုံးပါပဲ။ စပါးက တကယ်တော့အသင်းကြီးတစ်သင်းဖြစ်ပြီး တိုက်စစ်အသားပေးအသင်းကို ဆုဖလားတွေရယူပေးဖို့ ဦးဆောင်မယ့်နည်းပြတစ်ဦးလိုအပ်နေတာပါ။ မော်ရင်ညိုဟာ ဘယ်နေရာပဲရောက်ရောက် ဆုဖလားရယူပေးခဲ့သူဖြစ်ပြီး စပါးမှာလည်း အဲဒီအတိုင်းဆက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

Photo Credit

”သူ့ရဲ့အတွင်းစိတ်ကတော့ ယူနိုက်တက်မှာဖြစ်ပျက်ခဲ့တာတွေအတွက် သူ့အရည်အချင်းကို သံသယဝင်သူတွေ မှားယွင်းကြောင်း သက်သေပြချင်နေတဲ့ မချင့်မရဲဖြစ်မှုတွေ၊ စိတ်ဆိုးဒေါသထွက်မှုတွေရှိနေနိုင်ပါတယ်။ ဒါက စပါးအတွက်တော့ အကျိုးရှိလာနိုင်ပါတယ်။ ဒီနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်နိုင်ပေမယ့် သူတို့က ကစားရခက်တဲ့အသင်းဖြစ်လာမှာပါ”လို့ ဆောင်းနက်စ်က ပြောပါတယ်။

Photo Credit

Zawgyi

သူက ဘယ္လုိလူမ်ိဳးလဲဆိုတာ သက္ေသျပခ်င္ေနတ့ဲေမာ္ရင္ညိဳရဲ႕တစ္ခုခုလုပ္ျပခ်င္စိတ္က စပါးအတြက္ အက်ိဳးရွိလာႏိုင္တယ္လုိ႔ ေဆာင္းနက္စ္ သုံးသပ္

ယမန္ႏွစ္ရာသီက ယူႏုိက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ သူက ဘယ္လုိလူမ်ိဳးလဲဆိုတာ သက္ေသျပရမယ္လုိ႔ ခံစားေနရတဲ့ ေမာ္ရင္ညိဳရဲ႕စိတ္ဆုိးေဒါသထြက္မႈ၊ မခ်င့္မရဲျဖစ္မႈေတြက စပါးအသင္းအတြက္ အက်ိဳးရွိေစႏုိင္ေၾကာင္း ဂေရမီေဆာင္းနက္စ္က သုံးသပ္လုိက္ပါတယ္။
ေမာ္ရင္ညိဳဟာ ယူႏုိက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံရအၿပီး ၁၁လအၾကာမွာ စပါးအသင္းနည္းျပသစ္အျဖစ္ ၃ႏွစ္ခြဲစာခ်ဳပ္နဲ႔ ခန္႔အပ္ခံခဲ့ရပါတယ္။ သူဟာ ယူႏုိက္တက္နည္းျပအျဖစ္ ပထမဆုံးရာသီမွာပဲ ကာရာေဘာင္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားတို႔ ရယူႏိုင္ခဲ့ၿပီးေနာက္ ေအာင္ျမင္မႈလမ္းစရွာေဖြႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ ေနာက္ထပ္ဖလားရယူဖို႔ ဦးမေဆာင္ႏိုင္ခဲ့ဘဲ ၂၀၁၈ ဒီဇင္ဘာလက အမွတ္ေပးဇယားထိပ္ဆုံးေရာက္ လီဗာပူးကို ဂိုးျပတ္အေရးနိမ့္ကာ လီဗာပူးနဲ႔ ၁၉ မွတ္အကြာ အဆင့္ ၆ေနရာေရာက္သြားခဲ့ရၿပီးေနာက္ ယူႏိုက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတာပါ။
အဲဒီအတြက္ေၾကာင့္ ဆုဖလားေတြရယူႏုိင္စြမ္းရွိတဲ့ေမာ္ရင္ညိဳရဲ႕အရည္အခ်င္းအေပၚ သံသယေမးခြန္းေတြလည္း ထြက္ေပၚလာပါတယ္။ ဒါေပမဲ့ ေဆာင္းနက္စ္ကေတာ့ အဲဒီအယူအဆေတြကို လက္သင့္မခံဘဲ ပုံမွန္ဆုဖလားရယူေပးႏုိင္စြမ္းရွိတဲ့ေမာ္ရင္ညိဳရဲ႕မွတ္တမ္းေကာင္းေတြအျပင္ သူ႕အေပၚ ေ၀ဖန္သုံးသပ္သူေတြမွားယြင္းေၾကာင္း သက္ေသျပခ်င္စိတ္ေတြအရ စပါးအတြက္ ေမာ္ရင္ညိဳက အသင့္ေတာ္ဆုံးျဖစ္ေၾကာင္း ဆုိပါတယ္။
”ပိုခ်က္တီႏိုက စပါးမွာမေနခ်င္ေတာ့တဲ့ပုံစံမ်ိဳးေတြ႕ရပါတယ္။ ဒါကတကယ့္ကိုထူးဆန္းပါတယ္။ ဟိုေဆးေမာ္ရင္ညိဳကေတာ့ စပါးနဲ႔အသင့္ေတာ္ဆုံးပါပဲ။ စပါးက တကယ္ေတာ့အသင္းႀကီးတစ္သင္းျဖစ္ၿပီး တုိက္စစ္အသားေပးအသင္းကို ဆုဖလားေတြရယူေပးဖို႔ ဦးေဆာင္မယ့္နည္းျပတစ္ဦးလုိအပ္ေနတာပါ။ ေမာ္ရင္ညိဳဟာ ဘယ္ေနရာပဲေရာက္ေရာက္ ဆုဖလားရယူေပးခဲ့သူျဖစ္ၿပီး စပါးမွာလည္း အဲဒီအတုိင္းဆက္ျဖစ္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္”
”သူ႕ရဲ႕အတြင္းစိတ္ကေတာ့ ယူႏုိက္တက္မွာျဖစ္ပ်က္ခဲ့တာေတြအတြက္ သူ႕အရည္အခ်င္းကို သံသယ၀င္သူေတြ မွားယြင္းေၾကာင္း သက္ေသျပခ်င္ေနတဲ့ မခ်င့္မရဲျဖစ္မႈေတြ၊ စိတ္ဆုိးေဒါသထြက္မႈေတြရွိေနႏိုင္ပါတယ္။ ဒါက စပါးအတြက္ေတာ့ အက်ိဳးရိွလာႏိုင္ပါတယ္။ ဒီႏွစ္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ႏိုင္ေပမယ့္ သူတုိ႔က ကစားရခက္တဲ့အသင္းျဖစ္လာမွာပါ”လုိ႔ ေဆာင္းနက္စ္က ေျပာပါတယ္။