ဝုဗ်နဲ့ပွဲပါလွဲရတော့မယ့် ရှာကာနဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ အမုန်းမီးတောက်နောက်ကွယ်မှ အကြောင်းတရားများ

PC ; Internet

စနေနေ့ကစားရမယ့် ဝုဗ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှာကာပါဝင်မှာမဟုတ်ဘူးလို့ အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက အတည်ပြုပြောဆိုလိုက်ပါတယ်။နူနိုဆန်တိုရဲ့အသင်းနဲ့ရင်ဆိုင်ရမှာဟာ အာဆင်နယ်အတွက် ပဲလေ့စ်နဲ့ ၂ဂိုးစီသရေကျတဲ့ပွဲမှာ ရှာကာနဲ့ပရိသတ်တွေကြားတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအမ်းမရိတ်စ်ပွဲစဉ်ပါ။အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ပဲလေ့စ်နဲ့ပွဲတုန်းက လူစားလဲခံရချိန်မှာ သူ့ကိုလှောင်ပြောင်တဲ့ပရိသတ်တွေကို ကျယ်ကျယ်လောင်လောင်ဆဲခဲ့ပုံရသလို နားရွက်ကိုလက်နဲ့ကာပြီးတော့လည်း မခန့်လေးစားဟန်နဲ့တုံ့ပြန်ခဲ့ပါတယ်။အဲဒီနောက် သူဟာ လီဗာပူးနဲ့လိဂ်ဖလားပွဲစဉ်မှာ ပါဝင်ခွင့်မရခဲ့ပါဘူး။နောက်ပိုင်းမှာ ဆွစ်ဇာလန်ကွင်းလယ်လူက သူ ဘာကြောင့်ပေါက်ကွဲပြီး တုံ့ပြန်မှုမြန်ခဲ့ရသလဲဆိုတာ ရှင်းပြတောင်းပန်ခဲ့ပါတယ်။

PC ; Internet

“ ဒီအသင်းကို ကျွန်တော်ချစ်ပါတယ်။ကွင်းတွင်းကွင်းပြင်မှာလည်း ရာနှုန်းပြည့် ပေးဆပ်ခဲ့တာပါ။ကျွန်တော့်ရဲ့ခံစားချက်ကို ပရိသတ်တွေနားမလည်ပါဘူး။လွန်ခဲ့တဲ့ သီတင်းပတ်တွေမှာ ကျွန်တော်ဟာ လူမှုကွန်ယက်တွေပေါ်ကတစ်ဆင့် ရိုင်းစိုင်းကြမ်းတမ်းတဲ့မျတ်ချက်တွေနဲ့ ထပ်ကာတလဲလဲ တိုက်ခိုက်ခံခဲ့ရတာပါ။မင်းရဲ့ခြေထောက်တွေကို ငါတို့ချိုးပစ်မယ်…မင်းမိန်းမကို သတ်ပစ်မယ်…မင်းရဲ့သမီးလေး ကင်ဆာဖြစ်ပါစေလို့ ဆုတောင်းနေတယ်..စတဲ့မှတ်ချက်တွေဟာ ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်းနာကျင်စေပါတယ်။ဒါကြောင့် အဲဒီနေ့က မူလစိတ်အခံရှိနေတဲ့ ကျွန်တော့်ရဲ့တုံ့ပြန်မှုတွေမြန်သွားခဲ့တာပါ။တကယ်မရည်ရွယ်ပါဘူး။တကယ်လို့ ပရိသတ်တွေထင်သလိုဖြစ်သွားခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ် ” လို့ ရှာကာက ကြေညာချက်ထုတ် တောင်းပန်ခဲ့တာပါ။

PC ; Internet

ဆွစ်ဇာလန်သားက အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးနဲ့အနာဂတ်ကို အတူလျှောက်လှမ်းကြဖို့ ပရိသတ်တွေကို ဆော်သြလိုက်ပေမယ့် ဂန်းနားပရိသတ်အချို့ကတော့ အစာမကြေကြသေးပါဘူး။ရှာကာရဲ့တောင်းပန်မှုကို တစ်ချို့ကလက်ခံနားလည်ပေမယ့် တစ်ချို့ကတော့ မေခွန်းထုတ် ဝေဖန်နေကြပါတယ်။

PC ; Internet

တစ်နည်းအားဖြင့် သူ့ရဲ့ကြေညာချက်ဟာ တောင်းပန်နေသလို မခံစားရကြောင်း၊ရိုင်းစိုင်းတဲ့စော်ကားမှုတွေ ခံခဲ့ရတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့မှာ ပရိသတ်တွေ သန်းနဲ့ချီပြီးရှိကြောင်း၊မော်ဒန်ဘောလုံးလောကမှာ ဒီလိုဖြစ်ရပ်မျိုးရှိမှာသာဖြစ်ကြောင်း၊အခု ကြေညာချက်ဟာ ပုံပြင်တစ်ပုဒ်သာဖြစ်ကြောင်း၊အသင်းကြီးတစ်သင်းရဲ့ခေါင်းဆောင်အနေနဲ့ အနစ်နာခံပေးဆပ်ရမှာသာဖြစ်ကြောင်း စတဲ့ တုံ့ပြန်မှုတွေနဲ့ ဝေဖန်သံတွေထွက်နေပါတယ်။

PC ; Internet

ဘာပဲဖြစ်ဖြစ် အမ်မရီကတော့ မလိုလားအပ်တဲ့ပြသနာတွေထပ်မဖြစ်အောင်၊ရှာကာ တည်ငြိမ်မှုရအောင် ထိန်းသိမ်းမယ့်သဘောရှိနေပါတယ်။ “ သူ လေ့ကျင့်နေပါတယ်။လီဗာပူးနဲ့ပွဲမှာတော့ ကစားခွင့်မရခဲ့ပါဘူး။ကျွန်တော့်အတွက်တော့ အသင်းရဲ့အစီအစဉ်မှာ သူ ပါနေဦးမှာပါ။အဓိကပြောချင်တာက သူဟာ သူများတွေလိုပဲ လူသားတစ်ယောက်ပါ။ခံစားချက်ရှိပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က ပြသနာဟာ အချိန်ယူဖို့လိုအပ်ပါတယ်။သူ့အနေနဲ့ စိတ်ခံစားမှုပုံမှန်ပြန်ဖြစ်ဖို့လိုပါတယ်။

PC ; Internet

သူကလည်း ပရိသတ်တွေရော လူတိုင်းကိုပါတောင်းပန်ပြီးပါပြီ။လက်ရှိအချိန်မှာ လာမယ့်ပွဲအတွက်ပဲ ကျွန်တော်တို့ ခေါင်းထဲထည့်ထားပါတယ် ” လို့ အမ်မရီက ဖွင့်ဟသွားပါတယ်။

(zawgyi)

စေနေန႔ကစားရမယ့္ ၀ုဗ္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ ရွာကာပါ၀င္မွာမဟုတ္ဘူးလို႔ အာဆင္နယ္နည္းျပအူႏိုင္းအမ္မရီက အတည္ျပဳေျပာဆိုလိုက္ပါတယ္။ႏူႏိုဆန္တိုရဲ႕အသင္းနဲ႔ရင္ဆိုင္ရမွာဟာ အာဆင္နယ္အတြက္ ပဲေလ့စ္နဲ႔ ၂ဂိုးစီသေရက်တဲ့ပြဲမွာ ရွာကာနဲ႔ပရိသတ္ေတြၾကားတင္းမာမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ပထမဆံုးအမ္းမရိတ္စ္ပြဲစဥ္ပါ။အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ပဲေလ့စ္နဲ႔ပြဲတုန္းက လူစားလဲခံရခ်ိန္မွာ သူ႔ကိုေလွာင္ေျပာင္တဲ့ပရိသတ္ေတြကို က်ယ္က်ယ္ေလာင္ေလာင္ဆဲခဲ့ပံုရသလို နားရြက္ကိုလက္နဲ႔ကာၿပီးေတာ့လည္း မခန္႔ေလးစားဟန္နဲ႔တံု႔ျပန္ခဲ့ပါတယ္။အဲဒီေနာက္ သူဟာ လီဗာပူးနဲ႔လိဂ္ဖလားပြဲစဥ္မွာ ပါ၀င္ခြင့္မရခဲ့ပါဘူး။ေနာက္ပိုင္းမွာ ဆြစ္ဇာလန္ကြင္းလယ္လူက သူ ဘာေၾကာင့္ေပါက္ကြဲၿပီး တံု႔ျပန္မႈျမန္ခဲ့ရသလဲဆိုတာ ရွင္းျပေတာင္းပန္ခဲ့ပါတယ္။ “ ဒီအသင္းကို ကၽြန္ေတာ္ခ်စ္ပါတယ္။ကြင္းတြင္းကြင္းျပင္မွာလည္း ရာႏႈန္းျပည့္ ေပးဆပ္ခဲ့တာပါ။ကၽြန္ေတာ့္ရဲ႕ခံစားခ်က္ကို ပရိသတ္ေတြနားမလည္ပါဘူး။လြန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ ကၽြန္ေတာ္ဟာ လူမႈကြန္ယက္ေတြေပၚကတစ္ဆင့္ ရိုင္းစိုင္းၾကမ္းတမ္းတဲ့မ်တ္ခ်က္ေတြနဲ႔ ထပ္ကာတလဲလဲ တိုက္ခိုက္ခံခဲ့ရတာပါ။မင္းရဲ႕ေျခေထာက္ေတြကို ငါတို႔ခ်ိဳးပစ္မယ္…မင္းမိန္းမကို သတ္ပစ္မယ္…မင္းရဲ႕သမီးေလး ကင္ဆာျဖစ္ပါေစလို႔ ဆုေတာင္းေနတယ္..စတဲ့မွတ္ခ်က္ေတြဟာ ကၽြန္ေတာ့္ကို နက္နက္ရိႈင္းရိႈင္းနာက်င္ေစပါတယ္။ဒါေၾကာင့္ အဲဒီေန႔က မူလစိတ္အခံရွိေနတဲ့ ကၽြန္ေတာ့္ရဲ႕တံု႔ျပန္မႈေတြျမန္သြားခဲ့တာပါ။တကယ္မရည္ရြယ္ပါဘူး။တကယ္လို႔ ပရိသတ္ေတြထင္သလိုျဖစ္သြားခဲ့ရင္ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ ” လို႔ ရွာကာက ေၾကညာခ်က္ထုတ္ ေတာင္းပန္ခဲ့တာပါ။ဆြစ္ဇာလန္သားက အေပါင္းလကၡဏာေဆာင္တဲ့ ဆက္ဆံေရးနဲ႔အနာဂတ္ကို အတူေလွ်ာက္လွမ္းၾကဖို႔ ပရိသတ္ေတြကို ေဆာ္ၾသလိုက္ေပမယ့္ ဂန္းနားပရိသတ္အခ်ိဳ႔ကေတာ့ အစာမေၾကၾကေသးပါဘူး။ရွာကာရဲ႕ေတာင္းပန္မႈကို တစ္ခ်ိဳ႔ကလက္ခံနားလည္ေပမယ့္ တစ္ခ်ိဳ႔ကေတာ့ ေမခြန္းထုတ္ ေ၀ဖန္ေနၾကပါတယ္။တစ္နည္းအားျဖင့္ သူ႔ရဲ႕ေၾကညာခ်က္ဟာ ေတာင္းပန္ေနသလို မခံစားရေၾကာင္း၊ရိုင္းစိုင္းတဲ့ေစာ္ကားမႈေတြ ခံခဲ့ရတာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သူ႔မွာ ပရိသတ္ေတြ သန္းနဲ႔ခ်ီၿပီးရွိေၾကာင္း၊ေမာ္ဒန္ေဘာလံုးေလာကမွာ ဒီလိုျဖစ္ရပ္မ်ိဳးရွိမွာသာျဖစ္ေၾကာင္း၊အခု ေၾကညာခ်က္ဟာ ပံုျပင္တစ္ပုဒ္သာျဖစ္ေၾကာင္း၊အသင္းႀကီးတစ္သင္းရဲ႕ေခါင္းေဆာင္အေနနဲ႔ အနစ္နာခံေပးဆပ္ရမွာသာျဖစ္ေၾကာင္း စတဲ့ တံု႔ျပန္မႈေတြနဲ႔ ေ၀ဖန္သံေတြထြက္ေနပါတယ္။ဘာပဲျဖစ္ျဖစ္ အမ္မရီကေတာ့ မလိုလားအပ္တဲ့ျပသနာေတြထပ္မျဖစ္ေအာင္၊ရွာကာ တည္ၿငိမ္မႈရေအာင္ ထိန္းသိမ္းမယ့္သေဘာရွိေနပါတယ္။ “ သူ ေလ့က်င့္ေနပါတယ္။လီဗာပူးနဲ႔ပြဲမွာေတာ့ ကစားခြင့္မရခဲ့ပါဘူး။ကၽြန္ေတာ့္အတြက္ေတာ့ အသင္းရဲ႕အစီအစဥ္မွာ သူ ပါေနဦးမွာပါ။အဓိကေျပာခ်င္တာက သူဟာ သူမ်ားေတြလိုပဲ လူသားတစ္ေယာက္ပါ။ခံစားခ်က္ရွိပါတယ္။ၿပီးခဲ့တဲ့ သီတင္းပတ္က ျပသနာဟာ အခ်ိန္ယူဖို႔လိုအပ္ပါတယ္။သူ႔အေနနဲ႔ စိတ္ခံစားမႈပံုမွန္ျပန္ျဖစ္ဖို႔လိုပါတယ္။သူကလည္း ပရိသတ္ေတြေရာ လူတိုင္းကိုပါေတာင္းပန္ၿပီးပါၿပီ။လက္ရွိအခ်ိန္မွာ လာမယ့္ပြဲအတြက္ပဲ ကၽြန္ေတာ္တို႔ ေခါင္းထဲထည့္ထားပါတယ္ ” လို႔ အမ္မရီက ဖြင့္ဟသြားပါတယ္။