ဝီလျံနေရာမှာအစားထိုးဖို့ ဇာဟာနဲ့ဆန်ချိုတို့ကို ချဲလ်ဆီးလျာထားနေ

PC ; Internet

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းပြည့်မယ့် ဘရာဇီးတောင်ပံကစားသမားဝီလျံနေရာမှာ ပဲလေ့စ်ကဇာဟာနဲ့ဒေါ့တ်မန်ကဆန်ချိုတို့ကို ချဲလ်ဆီးလျာထားနေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ ဝီလျံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့ဂျူဗင်တပ်အပါအဝင် ဥရောပထိပ်သီးအသင်းအချို့က စောင့်ကြည့်နေကြပါတယ်။ကစားသမားဘက်က လန်ဒန်ကလပ်နဲ့စာချုပ်သက်တမ်းမတိုးရင် မက်လောက်စရာ လစာငွေပေးပြီးခေါ်ယူဖို့လည်း အသင့်ရှိနေကြတယ်လို့ သတင်းထွက်နေပါတယ်။

PC ; Internet

ချဲလ်ဆီးကို လမ်းပတ်ရောက်လာတဲ့နောက် အကောင်းဆုံးပုံစံပြန်ရလာတဲ့ ဝီလျံအနေနဲ့ကလည်း စာချုပ်သက်တမ်းနောက်ဆုံး ၆လထဲရောက်လာပြီဖြစ်လို့ အခြားအသင်းတွေနဲ့ကြိုတင်ဆွေးနွေးခွင့်ရနေပါပြီ။ဒါ့အပြင် ချဲလ်ဆီးရဲ့အပြောင်းအရွှေ့ပေါ်လစီအရလည်း အသက် ၃၀ကျော် ကစားသမားတစ်ယောက်ကို တစ်နှစ်ထက် သက်တမ်းပိုတိုးလေ့မရှိတာကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်ကို ဝီလျံကျောခိုင်းရဖို့ရှိနေပါတယ်။ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ဘရာဇီးသားနေရာမှာ အစားထိုးဖို့ ကြိုတင်စီစဉ်မှုတွေလုပ်နေတာဖြစ်ပြီး သူတို့ပစ်မှတ်ထားနေတဲ့ ဇာဟာနဲ့ဆန်ချိုကလည်း သက်ဆိုင်ရာကလပ်တွေမှာ ဂဏန်းမငြိမ်သူတွေဖြစ်နေပါတယ်။

PC ; Internet

သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးမြန်းမှုတွေကို ဝီလျံက “တခြားအသင်းတွေ အကြောင်းကိုကျွန်တော်မပြောချင်ပါဘူး။ ရာသီကုန်အထိ ချဲလ်ဆီးနဲ့စာချုပ်ရှိပါသေးတယ်။ အခုအချိန်မှာ ကျွန်တော်ချဲလ်ဆီးကစားသမားအဖြစ်ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ဘာလုပ်ချင်တယ်ဆိုတာကို အသင်းကသိပြီးသားပါ” လို့ ဖြေကြားထားပါတယ်။

(zawgyi)

လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းျပည့္မယ့္ ဘရာဇီးေတာင္ပံကစားသမား၀ီလ်ံေနရာမွာ ပဲေလ့စ္ကဇာဟာနဲ႔ေဒါ့တ္မန္ကဆန္ခ်ိဳတို႔ကို ခ်ဲလ္ဆီးလ်ာထားေနတယ္လို႔သိရပါတယ္။လက္ရွိအခ်ိန္မွာ ၀ီလ်ံကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ေခၚယူဖို႔ ဘာစီလိုနာနဲ႔ဂ်ဴဗင္တပ္အပါအ၀င္ ဥေရာပထိပ္သီးအသင္းအခ်ိဳ႔က ေစာင့္ၾကည့္ေနၾကပါတယ္။ကစားသမားဘက္က လန္ဒန္ကလပ္နဲ႔စာခ်ဳပ္သက္တမ္းမတိုးရင္ မက္ေလာက္စရာ လစာေငြေပးၿပီးေခၚယူဖို႔လည္း အသင့္ရွိေနၾကတယ္လို႔ သတင္းထြက္ေနပါတယ္။ခ်ဲလ္ဆီးကို လမ္းပတ္ေရာက္လာတဲ့ေနာက္ အေကာင္းဆံုးပံုစံျပန္ရလာတဲ့ ၀ီလ်ံအေနနဲ႔ကလည္း စာခ်ဳပ္သက္တမ္းေနာက္ဆံုး ၆လထဲေရာက္လာၿပီျဖစ္လို႔ အျခားအသင္းေတြနဲ႔ႀကိဳတင္ေဆြးေႏြးခြင့္ရေနပါၿပီ။ဒါ့အျပင္ ခ်ဲလ္ဆီးရဲ႕အေျပာင္းအေရႊ႔ေပၚလစီအရလည္း အသက္ ၃၀ေက်ာ္ ကစားသမားတစ္ေယာက္ကို တစ္ႏွစ္ထက္ သက္တမ္းပိုတိုးေလ့မရွိတာေၾကာင့္ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ၀ီလ်ံေက်ာခိုင္းရဖို႔ရွိေနပါတယ္။ဒါေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ဘရာဇီးသားေနရာမွာ အစားထိုးဖို႔ ႀကိဳတင္စီစဥ္မႈေတြလုပ္ေနတာျဖစ္ၿပီး သူတို႔ပစ္မွတ္ထားေနတဲ့ ဇာဟာနဲ႔ဆန္ခ်ိဳကလည္း သက္ဆိုင္ရာကလပ္ေတြမွာ ဂဏန္းမၿငိမ္သူေတြျဖစ္ေနပါတယ္။သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့ ေမးျမန္းမႈေတြကို ၀ီလ်ံက “တျခားအသင္းေတြ အေၾကာင္းကိုကၽြန္ေတာ္မေျပာခ်င္ပါဘူး။ ရာသီကုန္အထိ ခ်ဲလ္ဆီးနဲ႔စာခ်ဳပ္ရွိပါေသးတယ္။ အခုအခ်ိန္မွာ ကၽြန္ေတာ္ခ်ဲလ္ဆီးကစားသမားအျဖစ္ရွိေနပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ဘာလုပ္ခ်င္တယ္ဆိုတာကို အသင္းကသိျပီးသားပါ” လို႔ ေျဖၾကားထားပါတယ္။