လွန်ခဲ့တဲ့ ၂နှစ်က ၆ဂိုးပြတ်အနိုင်ရခဲ့တဲ့ဖိလစ်ပိုင်ကို အနိုင်မကစားနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း

Photo Credit ; MFF

Photo Credit ; MFF

ယနေ့ည ၆နာရီခွဲမှာ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပွဲစဉ်အဖြစ် အင်အားကြီး မြန်မာအသင်းနဲ့ အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရွှေတံဆိပ်ရဖို့အထိ မျှော်မှန်းထားတဲ့မြန်မာအသင်းဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit ; MFF

မြန်မာအသင်းဟာ အုပ်စု A မှာ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး အုပ်စုအနေအထားအရ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အတော်လေးရာခိုင်နှုန်းများခဲ့ပေမယ့် အခုတော့ အဖွင့်ပွဲမှာပဲ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ရပါတယ်။

Photo Credit ; MFF

ဒီ ၃သင်းထဲကနေ ၂သင်းအထိ ဆီမီးဖိုင်နယ်တက်ရောက်နိုင်မှာမို့လို့ မြန်မာအသင်းအတွက် နောက်တစ်ဆင့်တက်ဖို့က ရာခိုင်နှုန်းများနေဆဲဆိုပေမယ့် ဒီပုံစံအတိုင်းဆိုရင်တော့ ဆီမီးဖိုင်နယ်မှာ အုပ်စု B က တက်လာမယ့် ထိုင်း ဒါမှမဟုတ် ဗီယက်နမ် တစ်သင်းသင်းကို ကျော်ဖြတ်နိုင်ဖို့ လွယ်မှာမဟုတ်ပါဘူး။

Photo Credit ; MFF

နောက်ပြီး အိမ်ရှင် ဖိလစ်ပိုင်အသင်းကိုလည်း မဖြစ်မနေချီးကျူးရမှာဖြစ်ပြီး ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ၆-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပြိုင်ဘက်ကို ၂နှစ်အကြာမှာ ဂိုးမရှိသရေကျတဲ့အထိ ကစားနိုင်ခဲ့တာဖြစ်ပြီး မြန်မာအသင်းကပဲ ခြေစွမ်းဆိုးရွားစွာကျဆင်းသွားတာလား၊ ဖိလစ်ပိုင်ကပဲ မထင်မှတ်လောက်အောင် တိုးတက်လာတာလားဆိုတဲ့မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။

Photo Credit

မြန်မာအသင်း တတိယကြေးတံဆိပ်ရရှိခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းစ်မှာ ဖိလစ်ပိုင်ဘက်ကို ခင်မိုးဝေတစ်ဦးတည်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဝင်းသိင်္ဂီထွန်း၊ ရီရီဦးနဲ့ နော်အားလိုဝါဖော်တို့လည်း ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit ; MFF

ဖိလစ်ပိုင်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၉ရက်နေ့မှာ မလေးရှားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး မြန်မာအသင်းကတော့ ဒီဇင်ဘာလ ၂ရက်နေ့ရောက်မှ မလေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit ; MFF

Zawgyi

လြန္ခဲ့တဲ့ ၂ႏွစ္က ၆ဂိုးျပတ္အႏိုင္ရခဲ့တဲ့ဖိလစ္ပိုင္ကို အႏိုင္မကစားႏိုင္ခဲ့တ့ဲ ျမန္မာအမ်ိဳးသမီးအသင္း

ယေန႔ည ၆နာရီခြဲမွာ ဆီးဂိမ္းစ္အမ်ိဳးသမီးေဘာလုံးပဲြစဥ္အျဖစ္ အင္အားႀကီး ျမန္မာအသင္းနဲ႔ အိမ္ရွင္ဖိလစ္ပိုင္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေရႊတံဆိပ္ရဖို႔အထိ ေမွ်ာ္မွန္းထားတဲ့ျမန္မာအသင္းဟာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနခဲ့ၿပီး ဂိုးမရွိသေရရလဒ္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။
ျမန္မာအသင္းဟာ အုပ္စု A မွာ ဖိလစ္ပိုင္၊ မေလးရွားတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္ၿပီး အုပ္စုအေနအထားအရ ဆီမီးဖုိင္နယ္တက္ေရာက္ႏိုင္ဖို႔ အေတာ္ေလးရာခုိင္ႏႈန္းမ်ားခဲ့ေပမယ့္ အခုေတာ့ အဖြင့္ပဲြမွာပဲ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ျဖစ္ခဲ့ရပါတယ္။
ဒီ ၃သင္းထဲကေန ၂သင္းအထိ ဆီမီးဖုိင္နယ္တက္ေရာက္ႏိုင္မွာမုိ႔လို႔ ျမန္မာအသင္းအတြက္ ေနာက္တစ္ဆင့္တက္ဖို႔က ရာခုိင္ႏႈန္းမ်ားေနဆဲဆုိေပမယ့္ ဒီပုံစံအတုိင္းဆုိရင္ေတာ့ ဆီမီးဖိုင္နယ္မွာ အုပ္စု B က တက္လာမယ့္ ထုိင္း ဒါမွမဟုတ္ ဗီီယက္နမ္ တစ္သင္းသင္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔ လြယ္မွာမဟုတ္ပါဘူး။
ေနာက္ၿပီး အိမ္ရွင္ ဖိလစ္ပိုင္အသင္းကိုလည္း မျဖစ္မေနခ်ီးက်ဴးရမွာျဖစ္ၿပီး ၂၀၁၇ ဆီးဂိမ္းစ္ၿပိဳင္ပဲြမွာ ၆-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ၿပိဳင္ဘက္ကို ၂ႏွစ္အၾကာမွာ ဂိုးမရွိသေရက်တဲ့အထိ ကစားႏုိင္ခဲ့တာျဖစ္ၿပီး ျမန္မာအသင္းကပဲ ေျခစြမ္းဆိုးရြားစြာက်ဆင္းသြားတာလား၊ ဖိလစ္ပိုင္ကပဲ မထင္မွတ္ေလာက္ေအာင္ တုိးတက္လာတာလားဆုိတဲ့ေမးခြန္းလည္း ထြက္ေပၚလာပါတယ္။
ျမန္မာအသင္း တတိယေၾကးတံဆိပ္ရရွိခဲ့တဲ့ ၂၀၁၇ ဆီးဂိမ္းစ္မွာ ဖိလစ္ပိုင္ဘက္ကုိ ခင္မိုးေ၀တစ္ဦးတည္းက ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး ၀င္းသိဂႌထြန္း၊ ရီရီဦးနဲ႔ ေနာ္အားလုိ၀ါေဖာ္တို႔လည္း ဂိုးေတြအသီးသီးသြင္းယူႏိုင္ခဲ့ပါတယ္။
ဖိလစ္ပိုင္အသင္းဟာ အုပ္စုေနာက္ဆုံးပဲြစဥ္အျဖစ္ ႏုိ၀င္ဘာလ ၂၉ရက္ေန႔မွာ မေလးရွားအသင္းနဲ႔ရင္ဆုိင္ရမွာျဖစ္ၿပီး ျမန္မာအသင္းကေတာ့ ဒီဇင္ဘာလ ၂ရက္ေန႔ေရာက္မွ မေလးရွားနဲ႔ အုပ္စုေနာက္ဆုံးပဲြကစားရမွာျဖစ္ပါတယ္။