လဲကျသွားတာတောင် ဥရုဂွေးကစားသမား ၅ ယောက်ကို လိမ်ခေါက်ကျော်ဖြတ်ခဲ့တဲ့ မက်ဆီ

photo-sportbible

photo-foxsportasia

တနင်္လာညက ဥရုဂွေးနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲစဉ်က အာဂျင်တီးနားတိုက်စစ်မှုးမက်ဆီရဲ့လိမ်ခေါက်ကျော်ဖြတ်နိုင်မှုစွမ်းရည်က သြချရလောက်ပါတယ်။ အဲဒီပွဲမှာ မက်ဆီဟာ လဲကျသွားတာတောင် ဥရုဂွေးကစားသမား ၅ ယောက်ကို လိမ်ခေါက်နိုင်ခဲ့တာပါ။ ပြိုင်ဘက် ၃ ယောက်ကိုလိမ်ခေါက်ပြီးတဲ့နောက် လဲကျသွားခဲ့ပေမယ့် ခြေထောက်ထဲမှာပဲ ဘောလုံးဆက်ရှိအောင်လုပ်နိုင်ခဲ့ပြီး နောက်ထပ် ၂ ယောက်ကို ဆက်လက်လိမ်ခေါက်နိုင်ခဲ့တာပါ။

photo-gettyimages

သူ့ဆီမှာ ပြိုင်ဘက်ကင်းဟန်ချက်ညီမှုနဲ့ပေါ့ပါးဖျတ်လတ်မှုရှိနေတာမှန်ပေမယ့်လည်း ပြိုင်ဘက်ကစားသမားတွေဆီကနေ လှည့်ထွက်သွားပုံက မက်ဆီအတွက် ကမ္ဘာပေါ်မှာ အလွယ်ကူဆုံးအလုပ်လိုပါပဲ။ တော်ရဲရားကြောင့် သူလဲကျသွားခဲ့တာတောင် မက်ဆီဟာ ဘောလုံးမဆုံးရှုံးတဲ့အပြင် ပြန်ထပြီးတော့တောင် ထပ်မံလိမ်ခေါက်မှုတွေပြုလုပ်ခဲ့တာပါ။

မက္ဆီလိမ္ေခါက္မႈဗီဒီယိုလင့္ခ္ပါ။

https://twitter.com/i/status/1196518349573898240

မက်ဆီဟာ ပြီးခဲ့တဲ့အပတ် ဘရာဇီးနဲ့ခြေစမ်းပွဲတုန်းကလည်း အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ အခု ဥရုဂွေးနဲ့ ၂-၂ သရေကျတဲ့ပွဲမှာလည်း အဂူရိုရဲ့ဂိုးကိုဖန်တီးပေးခဲ့သလို နာကျင်အချိန်ပိုမှာ အာဂျင်တီးနားအတွက် ချေပဂိုးကို ပင်နယ်တီကနေ သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်အတွင်းက သူ့ရဲ့တစ်ကိုယ်တော် လိမ်ခေါက်ထိုးဖောက်မှုကသာ အဲဒီပွဲရဲ့ရင်သပ်ရှုမောစရာဖြစ်ခဲ့တာပါ။

[Zawgyi]

လဲက်သြားတာေတာင္ ဥရုေဂြးကစားသမား ၅ ေယာက္ကို လိမ္ေခါက္ေက်ာ္ျဖတ္ခဲ့တဲ့ မက္ဆီ

တနလၤာညက ဥရုေဂြးနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲစဥ္က အာဂ်င္တီးနားတိုက္စစ္မႈးမက္ဆီရဲ႕လိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္မႈစြမ္းရည္က ၾသခ်ရေလာက္ပါတယ္။ အဲဒီပြဲမွာ မက္ဆီဟာ လဲက်သြားတာေတာင္ ဥရုေဂြးကစားသမား ၅ ေယာက္ကို လိမ္ေခါက္ႏိုင္ခဲ့တာပါ။ ၿပိဳင္ဘက္ ၃ ေယာက္ကုိလိမ္ေခါက္ၿပီးတဲ့ေနာက္ လဲက်သြားခဲ့ေပမယ့္ ေျခေထာက္ထဲမွာပဲ ေဘာလံုးဆက္ရွိေအာင္လုပ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ၂ ေယာက္ကို ဆက္လက္လိမ္ေခါက္ႏိုင္ခဲ့တာပါ။

သူ႔ဆီမွာ ၿပိဳင္ဘက္ကင္းဟန္ခ်က္ညီမႈနဲ႔ေပါ့ပါးဖ်တ္လတ္မႈရွိေနတာမွန္ေပမယ့္လည္း ၿပိဳင္ဘက္ကစားသမားေတြဆီကေန လွည့္ထြက္သြားပုံက မက္ဆီအတြက္ ကမာၻေပၚမွာ အလြယ္ကူဆုံးအလုပ္လိုပါပဲ။ ေတာ္ရဲရားေၾကာင့္ သူလဲက်သြားခဲ့တာေတာင္ မက္ဆီဟာ ေဘာလုံးမဆုံးရႈံးတဲ့အျပင္ ျပန္ထၿပီးေတာ့ေတာင္ ထပ္မံလိမ္ေခါက္မႈေတြျပဳလုပ္ခဲ့တာပါ။

မက္ဆီဟာ ၿပီးခဲ့တဲ့အပတ္ ဘရာဇီးနဲ႔ေျခစမ္းပြဲတုန္းကလည္း အာဂ်င္တီးနားအတြက္ တစ္လုံးတည္းေသာအႏိုင္ဂုိးကို သြင္းေပးခဲ့တာပါ။ အခု ဥရုေဂြးနဲ႔ ၂-၂ သေရက်တဲ့ပြဲမွာလည္း အဂူရိုရဲ႕ဂုိးကိုဖန္တီးေပးခဲ့သလို နာက်င္အခ်ိန္ပိုမွာ အာဂ်င္တီးနားအတြက္ ေခ်ပဂိုးကို ပင္နယ္တီကေန သြင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ ပြဲခ်ိန္အတြင္းက သူ႔ရဲ႕တစ္ကိုယ္ေတာ္ လိမ္ေခါက္ထိုးေဖာက္မႈကသာ အဲဒီပြဲရဲ႕ရင္သပ္ရႈေမာစရာျဖစ္ခဲ့တာပါ။