လေ့ကျင့်ခန်း ကြိုးကြိုးစားစားလုပ်ရတာ သိပ်မကြိုက်ဘူးလိ့ု ဟာဇက်ရဲ့ အလုပ်ကြိုးစားမှုကို မေးခွန်းထုတ်လိုက်တဲ့ မီခေးလ်

Photo Credit

Photo Credit

ချဲလ်ဆီးအသင်း ကစားသမားဟောင်း ဂျွန်အိုဘီမီခေးလ်ကတေ့ာ အသင်းဖော်ဟောင်း အီဒင်ဟာဇက်ရဲ့ အရည်အသွေးတွေကို ချီးကျူးခဲ့ပေမယ့် သူရဲ့ အလုပ်ကြိုစားချင်စိတ်ကိုတော့ မေးခွန်းထုတ်သွားခဲ့ပါတယ် ။
နိုက်ဂျီးရီးယားကြယ်ပွင့် မီခေးလ်ဟာ ချဲလ်ဆ်ီးအသင်းမှာ ၁၁ ရာသီကြာ ကစားခဲ့ဖူးပြီး ဘယ်လ်ဂျီယံသားနဲ့ ၅ ရာသီကြာ တွဲကစားခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo Credit

မီခေးလ်က ဟာဇက်လို ပင်ကိုယ်အရည်အသွေးရှိတဲ့ ကစားသမားမျိုးနဲ့ တစ်ခါမှ တွဲမကစားခဲ့ဘူးကြောင်း ပြောခဲ့ပြီး တွဲဖက်ကစားရ အခက်ခဲဆုံးကစားသမားက လက်ရှိ ချဲလ်ဆီးနည်းပြ လမ်းပတ်လို့ ဆိုပါတယ်။

Photo Credit

ပြီးခဲ့တဲ့ နွေရာသီက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ဟာဇက်ကတော့ မြောက်လန်ဒန်က ဟာဇက်ခြေစွမ်းမျိုး ပြန်မရသေးဘူးလို့ မီခေးလ်က ပြောပါတယ်။

Photo Credit

မီခေးလ်က ” ဟာဇက်က အံ့သြသင့်ဖွယ် အရည်အသွေးရှိသူပါ။ လီယိုနယ်မက်ဆီလောက် မကောင်းမွန်ပေမယ့်လည်း သူ့ခြေထောက်ထဲမှာဆို ဘောလုံးကို လိုသလို စေခိုင်းကစားနိုင်သူပါ။ သူက ကြိုးကြိုးစားစား လေ့ကျင့်ရတာကို မကြိုက်ပါဘူး ။

Photo Credit

ကျွန်တော်တို့လေ့ကျင့်နေချိန်မှာ သူက ထရိန်နင်ပြီးဆုံးဖို့ မတ်တပ်ရပ် စောင့်နေတတ်သူပါ။ ဒါပေမဲ့ တနင်္ဂနွေပွဲစဉ်ကျရင်တော့ သူကအမြဲတမ်း ပွဲရဲ့အကောင်းဆုံး ကစားသမား ဖြစ်နေတတ်ပါတယ်။ မယုံနိုင်စရာပါပဲ ” လိ့ု ပြောပြသွားခဲ့ပါတယ်။ တွဲကစားရ အခက်ခဲဆုံး ကစားသမားက ဘယ်သူလဲဆိုတာကို မေးမြန်းရာမှာတော့ မီခေးလ်က ” ဖရန့်လမ်းပတ်ပါ “လို့ မဆိုင်းမတွပဲ ဖြေခဲ့ပါတယ်။

Photo Credit

ဟာဇက် စပိန်ကိုပြောင်းရွှေ့သွားပြီးနောက် သူ့အတွက် အကောင်းဆုံးတွေတော့ မဖြစ်ခဲ့ပါဘူး ။ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားခွင့်တွေ လွဲချော်ခဲ့ပြီး ကွင်းထဲမှာလည်း သူ့ရဲ့အခန်းကဏ္ဍက ထင်သလောက် အကျိုးသက်ရောက်မှု မရှိတာ ဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၁ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်သေးတာ ဖြစ်ပါတယ်။

Photo Credit

Zawgyi

ေလ့က်င့္ခန္း ႀကိဳးႀကိဳးစားစားလုပ္ရတာ သိပ္မႀကိဳက္ဘူးလိ႔ု ဟာဇက္ရဲ႕ အလုပ္ၾကိဳးစားမႈကို ေမးခြန္းထုတ္လိုက္တဲ့ မီေခးလ္

ခ်ဲလ္ဆီးအသင္း ကစားသမားေဟာင္း ဂၽြန္အိုဘီမီေခးလ္ကေတ့ာ အသင္းေဖာ္ေဟာင္း အီဒင္ဟာဇက္ရဲ႕ အရည္အေသြးေတြကို ခ်ီးက်ဴးခဲ့ေပမယ့္ သူရဲ႕ အလုပ္ၾကိဳစားခ်င္စိတ္ကိုေတာ့ ေမးခြန္းထုတ္သြားခဲ့ပါတယ္ ။
ႏိုက္ဂ်ီးရီးယားၾကယ္ပြင့္ မီေခးလ္ဟာ ခ်ဲလ္ဆ္ီးအသင္းမွာ ၁၁ ရာသီၾကာ ကစားခဲ့ဖူးၿပီး ဘယ္လ္ဂ်ီယံသားနဲ႔ ၅ ရာသီၾကာ တြဲကစားခဲ့ဖူးတာ ျဖစ္ပါတယ္။
မီေခးလ္က ဟာဇက္လို ပင္ကိုယ္အရည္အေသြးရွိတဲ့ ကစားသမားမ်ိဳးနဲ႔ တစ္ခါမွ တြဲမကစားခဲ့ဘူးေၾကာင္း ေျပာခဲ့ၿပီး တြဲဖက္ကစားရ အခက္ခဲဆံုးကစားသမားက လက္ရွိ ခ်ဲလ္ဆီးနညး္ျပ လမ္းပတ္လို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ ေႏြရာသီက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕သြားတဲ့ ဟာဇက္ကေတာ့ ေျမာက္လန္ဒန္က ဟာဇက္ေျခစြမ္းမ်ိဳး ျပန္မရေသးဘူးလို႔ မီေခးလ္က ေျပာပါတယ္။
မီေခးလ္က ” ဟာဇက္က အံ့ၾသသင့္ဖြယ္ အရည္အေသြးရွိသူပါ။ လီယိုနယ္မက္ဆီေလာက္ မေကာင္းမြန္ေပမယ့္လည္း သူ႔ေျခေထာက္ထဲမွာဆို ေဘာလံုးကို လိုသလို ေစခိုင္းကစားႏိုင္သူပါ။ သူက ႀကိဳးႀကိဳးစားစား ေလ့က်င့္ရတာကို မႀကိဳက္ပါဘူး ။
ကၽြန္ေတာ္တို႕ေလ့က်င့္ေနခ်ိန္မွာ သူက ထရိန္နင္ၿပီးဆံုးဖို႔ မတ္တပ္ရပ္ ေစာင့္ေနတတ္သူပါ။ ဒါေပမဲ့ တနဂၤေႏြပြဲစဥ္က်ရင္ေတာ့ သူကအျမဲတမ္း ပြဲရဲ႕အေကာင္းဆံုး ကစားသမား ျဖစ္ေနတတ္ပါတယ္။ မယံုႏိုင္စရာပါပဲ ” လိ႔ု ေျပာျပသြားခဲ့ပါတယ္။
တြဲကစားရ အခက္ခဲဆံုး ကစားသမားက ဘယ္သူလဲဆိုတာကို ေမးျမန္းရာမွာေတာ့ မီေခးလ္က ” ဖရန္႔လမ္းပတ္ပါ “လို႔ မဆိုင္းမတြပဲ ေျဖခဲ့ပါတယ္။
ဟာဇက္ စပိန္ကိုေျပာင္းေရႊ႕သြားၿပီးေနာက္ သူ႕အတြက္ အေကာင္းဆံုးေတြေတာ့ မျဖစ္ခဲ့ပါဘူး ။ ဒဏ္ရာျပႆနာေတြေၾကာင့္ ပြဲကစားခြင့္ေတြ လြဲေခ်ာ္ခဲ့ၿပီး ကြင္းထဲမွာလည္း သူ႕ရဲ႕အခန္းက႑က ထင္သေလာက္ အက်ိဳးသက္ေရာက္မႈ မရွိတာ ျဖစ္ပါတယ္။
ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၁၁ ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး ၁ ဂိုးသာ သြင္းယူႏိုင္ေသးတာ ျဖစ္ပါတယ္။