လူမသိသူမသိဖရက်ဒ်ကို စွမ်းဆောင်ရည်တိုးတက်လာသူအဖြစ် ဆိုးလ်ရှားချီးကျူး

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း စွမ်းဆောင်ရည်တိုးတက်လာပေမယ့် မီဒီယာစာမျက်နှာထက် ချီးကျူးခံရတာတွေ သိပ်မတွေ့ရတဲ့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ခြေစွမ်းတိုးတက်လာမှုကို အသိအမှတ်ပြုချီးကျူးသွားပါတယ်။

Photo Credit

ဘရာဇီးနိုင်ငံသား ဖရက်ဒ်ဟာ ၂၀၁၈ နွေရာသီက ရှက်တာဒိုးနက်အသင်းကနေ ပေါင် ၅၂သန်းနဲ့ ရောက်ရှိလာပြီးနောက် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုနောက်ပိုင်း ပေါ့ဂ်ဘာမပါနိုင်တဲ့အချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာပြီးနောက် ဆိုးလ်ရှားက ဖရက်ဒ်အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း ယုံကြည်မှုတည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit

”သူဟာ ပွဲကစားမှုကနေ ယုံကြည်မှုတွေရယူနိုင်ခဲ့ပါတယ်။ သူဟာ ပွဲတွေအများကြီးကစားခွင့်မရခဲ့ဘဲ သူ့အနေနဲ့ အခုတော့ ကွင်းလယ်ကစားသမားစစ်စစ်အဖြစ် ခြေစွမ်းပြနေပါပြီ။ သူဟာ ပြိုင်ဘက်ဆီကနေ ဘောလုံးလုယူနိုင်သလို ကွင်းလယ်မှာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ပထမပိုင်းအတွင်း သူ့ကြောင့် အန္တရာယ်ရှိတဲ့ပြစ်ဒဏ်ဘောတချို့ ပေးလိုက်ရပေမယ့် အားလုံးခြုံကြည့်ရင်တော့ သူကစားပုံက သိပ်ကောင်းပါတယ်”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

Photo Credit

ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ရာသီက မြင့်မားတဲ့မျှော်လင့်ချက်တွေနဲ့အတူ အားလုံးရဲ့စောင့်ကြည့်ခြင်းခံခဲ့ရပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာ ဦးစားပေးကစားသမားအဖြစ် စုစုပေါင်း ၁၃ပွဲပဲကစားခွင့်ရခဲ့ပါတယ်။

Photo Credit

ဖရက်ဒ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပြိုင်ဘက်နဲ့အမြင့်ဘောယှဉ်လုမှု ရာနှုန်းပြည့်အသာရခဲ့သလို ဘောလုံးပေးပိုပုံတိကျမှုကလည်း ၇၉%ရှိခဲ့ပြီး ဘောလုံးဆယ်ယူနိုင်မှု ၁၂ကြိမ်၊ တိကျတဲ့အဝေးဘောပေးပို့မှု ၃ကြိမ်မှာ ၃ကြိမ်စလုံး ကိုယ့်အသင်းဖော်ဆီရောက်ရှိမှု၊ တစ်ဦးချင်းကျော်ဖြတ်မှု ၃ကြိမ်မှာ ၂ကြိမ်အောင်မြင်၊ ဖျက်ထုတ်မှု ၂ကြိမ်အောင်မြင် စတဲ့အချက်အလက်တွေလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပွဲစဉ် ၁၂အပြီး ရမှတ် ၁၆ မှတ်သာရရှိထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄နေရာက စီးတီးနဲ့ ၉ မှတ်ကွာဟနေသလို အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့လည်း ၁၈မှတ်အထိကွာဟနေပါတယ်။

Photo Credit

ယူနိုက်တက်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ခြေစွမ်းပြနေတဲ့ တန်းတက်ရှက်ဖီးယူနိုက်တက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ၄ရက်အကြာမှာ ယူရိုပါလိဂ်အုပ်စုပွဲစဉ် ၅အဖြစ် အက်စ်တာနာနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

လူမသိသူမသိဖရက္ဒ္ကို စြမ္းေဆာင္ရည္တုိးတက္လာသူအျဖစ္ ဆုိးလ္ရွားခ်ီးက်ဴး

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း စြမ္းေဆာင္ရည္တုိးတက္လာေပမယ့္ မီဒီယာစာမ်က္ႏွာထက္ ခ်ီးက်ဴးခံရတာေတြ သိပ္မေတြ႕ရတဲ့ ကြင္းလယ္လူ ဖရက္ဒ္ရဲ႕ေျခစြမ္းတုိးတက္လာမႈကို အသိအမွတ္ျပဳခ်ီးက်ဴးသြားပါတယ္။
ဘရာဇီးႏိုင္ငံသား ဖရက္ဒ္ဟာ ၂၀၁၈ ေႏြရာသီက ရွက္တာဒုိးနက္အသင္းကေန ေပါင္ ၅၂သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ အခုေနာက္ပုိင္း ေပါ့ဂ္ဘာမပါႏိုင္တဲ့အခ်ိန္မွာ ပုံမွန္ပဲြထြက္ခြင့္ရရွိလာၿပီးေနာက္ ဆုိးလ္ရွားက ဖရက္ဒ္အေနနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း ယုံၾကည္မႈတည္ေဆာက္ရယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။
”သူဟာ ပြဲကစားမႈကေန ယုံၾကည္မႈေတြရယူႏိုင္ခဲ့ပါတယ္။ သူဟာ ပြဲေတြအမ်ားႀကီးကစားခြင့္မရခဲ့ဘဲ သူ႕အေနနဲ႔ အခုေတာ့ ကြင္းလယ္ကစားသမားစစ္စစ္အျဖစ္ ေျခစြမ္းျပေနပါၿပီ။ သူဟာ ၿပိဳင္ဘက္ဆီကေန ေဘာလုံးလုယူႏုိင္သလို ကြင္းလယ္မွာ အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ ဘ႐ိုက္တန္နဲ႔ပဲြမွာ ပထမပိုင္းအတြင္း သူ႕ေၾကာင့္ အႏၱရာယ္ရွိတဲ့ျပစ္ဒဏ္ေဘာတခ်ိဳ႕ ေပးလုိက္ရေပမယ့္ အားလုံးၿခံဳၾကည့္ရင္ေတာ့ သူကစားပုံက သိပ္ေကာင္းပါတယ္”လုိ႔ ဆုိးလ္ရွားက ဆုိပါတယ္။
ဖရက္ဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ျမင့္မားတဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူ အားလုံးရဲ႕ေစာင့္ၾကည့္ျခင္းခံခဲ့ရေပမယ့္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ေတာင္ ႐ုန္းကန္ခဲ့ရၿပီး သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ရာသီမွာ ဦးစားေပးကစားသမားအျဖစ္ စုစုေပါင္း ၁၃ပြဲပဲကစားခြင့္ရခဲ့ပါတယ္။
ဖရက္ဒ္ဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ ၿပိဳင္ဘက္နဲ႔အျမင့္ေဘာယွဥ္လုမႈ ရာႏႈန္းျပည့္အသာရခဲ့သလို ေဘာလုံးေပးပိုပုံတိက်မႈကလည္း ၇၉%ရွိခဲ့ၿပီး ေဘာလုံးဆယ္ယူႏုိင္မႈ ၁၂ႀကိမ္၊ တိက်တဲ့အေ၀းေဘာေပးပို႔မႈ ၃ႀကိမ္မွာ ၃ႀကိမ္စလုံး ကိုယ့္အသင္းေဖာ္ဆီေရာက္ရွိမႈ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈ ၃ႀကိမ္မွာ ၂ႀကိမ္ေအာင္ျမင္၊ ဖ်က္ထုတ္မႈ ၂ႀကိမ္ေအာင္ျမင္ စတဲ့အခ်က္အလက္ေတြလည္း ပုိင္ဆုိင္ႏုိင္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ပြဲစဥ္ ၁၂အၿပီး ရမွတ္ ၁၆ မွတ္သာရရွိထားၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ေနရာက စီးတီးနဲ႔ ၉ မွတ္ကြာဟေနသလုိ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔လည္း ၁၈မွတ္အထိကြာဟေနပါတယ္။
ယူႏိုက္တက္ဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီး ႏို၀င္ဘာလ ၂၄ ရက္ေန႔မွာ ေျခစြမ္းျပေနတ့ဲ တန္းတက္ရွက္ဖီးယူႏုိက္တက္နဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး ၄ရက္အၾကာမွာ ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္ ၅အျဖစ္ အက္စ္တာနာနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။