လူငယ်ပွဲလေးဖြစ်ပေမယ့် လူမှုမီဒီယာမှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ အေဂျက်စ်ယူ-၁၅အသင်း

Photo Credit

Photo Credit

အေဂျက်စ်ယူ -၁၅အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ပြိုင်ဘက်စပါတာရော့တာဒမ်ကို ၆-၂ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အဲဒီနိုင်ပွဲထက် ပရိသတ်တွေကို ပိုမိုဖမ်းစားနိုင်ခဲ့တာက နောက်ခံလူ ဒေးဗစ်အက်စ်မွန်ဖြစ်ပါတယ်။ အသက် ၁၄နှစ်အရွယ်ရှိ အက်စ်စ်မွန်ဟာ အခုမှ အသက် ၁၄နှစ်ပဲရှိသေးပေမယ့် ကွင်းထဲမှာ ပြိုင်ဘက်တွေထက်ရော အသင်းဖော်တွေထက်ပါ ခေါင်းတစ်လုံးမကအရပ်ပိုမြင့်နေပြီး ကွင်းထဲမှာ သူတစ်ဦးတည်းထီးထီးဖြစ်နေတာက ပရိသတ်တွေရဲ့အမြင်မှာ ထူးဆန်းနေခဲ့တာပါ။

Photo Credit

ယခုရာသီမှာ အေဂျက်စ်လူငယ်အသင်းအတွက် ၁၀ပွဲကစားခွင့်ရရှိထားပြီးဖြစ်တဲ့ အက်စ်မွန်ကို အသင်းတာဝန်ရှိသူတွေက မျှော်လင့်ချက်မြင့်မားစွာထားရှိထားပြီး ကစားသမားကိုယ်တိုင်ကလည်း အေဂျက်စ်ရဲ့နာမည်ကျော်အကယ်ဒမီကနေ လူငယ်အသင်းအဆင့်ဆင့်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit

အေဂျက်စ်နောက်ခံလူ အက်စ်မွန်တစ်ယောက်တည်း ဒီနှစ်ထဲ အသက်ငယ်ပေမယ့် အရပ်အမြင့်က လူကြီးအရပ်ဖြစ်နေတာ မဟုတ်ပါဘူး။ ပီအက်စ်ဂျီနောက်ခံလူ အယ်လ်ချာဒိုင်လီဘစ်ရှီယာဘူးဟာ အသက် ၁၂နှစ်အရွယ်ကလေးတွေအနက် ကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ်တောင် သတ်မှတ်ရမလိုဖြစ်နေပါတယ်။

Photo Credit

သူဟာ အရပ်အမြင့် ၆ပေ၊ ၂လက်မအထိရှိပြီး သူ့ကို ခေါ်ယူဖို့ စီးတီး၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့က စောင့်ကြည့်နေတယ်လို့ ပြင်သစ်မှာ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။ ၂၀၀၇ ခုနှစ်မှာမွေးဖွားခဲ့တဲ့ အယ်လ်ချာဒိုင်လီဟာ တီနီရိုက်ဖ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Promises ပြိုင်ပွဲမှာ သူ့ရဲ့မြင့်မားလှတဲ့အရပ်အမောင်းကြောင့် ပြိုင်ပွဲတာဝန်ရှိသူတွေက သူ့အသက် ၁၂နှစ်ပဲရှိသေးတာကို မယုံလို့ အသင်းတာဝန်ရှိသူတွေက မွေးစာရင်းတောင် ပြလိုက်ရတယ်လို့ သိရပါတယ်။

Photo Credit

Zawgyi

လူငယ္ပြဲေလးျဖစ္ေပမယ့္ လူမႈမီဒီယာမွာ ဟိုးေလးတေက်ာ္ျဖစ္သြားတ့ဲ ေအဂ်က္စ္ယူ-၁၅အသင္း

ေအဂ်က္စ္ယူ -၁၅အသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္မွာ ၿပိဳင္ဘက္စပါတာေရာ့တာဒမ္ကို ၆-၂ ဂိုးနဲ႔အႏုိင္ရခဲ့ေပမယ့္ အဲဒီႏိုင္ပဲြထက္ ပရိသတ္ေတြကို ပိုမိုဖမ္းစားႏုိင္ခဲ့တာက ေနာက္ခံလူ ေဒးဗစ္အက္စ္မြန္ျဖစ္ပါတယ္။ အသက္ ၁၄ႏွစ္အရြယ္ရွိ အက္စ္စ္မြန္ဟာ အခုမွ အသက္ ၁၄ႏွစ္ပဲရွိေသးေပမယ့္ ကြင္းထဲမွာ ၿပိဳင္ဘက္ေတြထက္ေရာ အသင္းေဖာ္ေတြထက္ပါ ေခါင္းတစ္လုံးမကအရပ္ပိုျမင့္ေနၿပီး ကြင္းထဲမွာ သူတစ္ဦးတည္းထီးထီးျဖစ္ေနတာက ပရိသတ္ေတြရဲ႕အျမင္မွာ ထူးဆန္းေနခဲ့တာပါ။
ယခုရာသီမွာ ေအဂ်က္စ္လူငယ္အသင္းအတြက္ ၁၀ပြဲကစားခြင့္ရရွိထားၿပီးျဖစ္တဲ့ အက္စ္မြန္ကို အသင္းတာ၀န္ရွိသူေတြက ေမွ်ာ္လင့္ခ်က္ျမင့္မားစြာထားရွိထားၿပီး ကစားသမားကိုယ္တုိင္ကလည္း ေအဂ်က္စ္ရဲ႕နာမည္ေက်ာ္အကယ္ဒမီကေန လူငယ္အသင္းအဆင့္ဆင့္ကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနပါတယ္။
ေအဂ်က္စ္ေနာက္ခံလူ အက္စ္မြန္တစ္ေယာက္တည္း ဒီႏွစ္ထဲ အသက္ငယ္ေပမယ့္ အရပ္အျမင့္က လူႀကီးအရပ္ျဖစ္ေနတာ မဟုတ္ပါဘူး။ ပီအက္စ္ဂ်ီေနာက္ခံလူ အယ္လ္ခ်ာဒိုင္လီဘစ္ရွီယာဘူးဟာ အသက္ ၁၂ႏွစ္အရြယ္ကေလးေတြအနက္ ကမၻာ့အရပ္အရွည္ဆုံးလူသားအျဖစ္ေတာင္ သတ္မွတ္ရမလုိျဖစ္ေနပါတယ္။
သူဟာ အရပ္အျမင့္ ၆ေပ၊ ၂လက္မအထိရွိၿပီး သူ႕ကို ေခၚယူဖို႔ စီးတီး၊ အာဆင္နယ္နဲ႔ ဘာစီလုိနာတုိ႔က ေစာင့္ၾကည့္ေနတယ္လုိ႔ ျပင္သစ္မွာ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚေနပါတယ္။ ၂၀၀၇ ခုႏွစ္မွာေမြးဖြားခဲ့တ့ဲ အယ္လ္ခ်ာဒိုင္လီဟာ တီနီ႐ိုက္ဖ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Promises ၿပိဳင္ပဲြမွာ သူ႕ရဲ႕ျမင့္မားလွတဲ့အရပ္အေမာင္းေၾကာင့္ ၿပိဳင္ပဲြတာ၀န္ရွိသူေတြက သူ႕အသက္ ၁၂ႏွစ္ပဲရွိေသးတာကို မယုံလုိ႔ အသင္းတာ၀န္ရွိသူေတြက ေမြးစာရင္းေတာင္ ျပလိုက္ရတယ္လုိ႔ သိရပါတယ္။