လီဗာပူးနဲ့ပွဲက ဒိုင်လူကြီး အိုလီဗာရဲ့ဆုံးဖြတ်ချက်တွေအတွက် မန်စီးတီးတိုင်ကြား

Photo- Internet
Photo- Internet

မန်စီးတီးအသင်းဟာ လီဗာပူးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ အဝေးကွင်း ပွဲကကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ ရဲ့ဆုံးဖြတ်ချက်တွေအတွက် ဒိုင်လူကြီးများကော်မတီအကြီးအကဲ မိုက်ရီလေး ဆီတရားဝင်တိုင်ကြားစာပို့လိုက်တယ်လို့ သိရပါတယ်။

ဒီပွဲမှာ လီဗာပူးနောက်ခံလူ အာနိုးက ဘောလုံးကိုလက်နဲ့ ၂ ကြိမ်ထိခဲ့ပေမယ့် မန်စီးတီးပင်နယ်တီမရခဲ့လို့ ဒိုင်လူကြီးဆုံးဖြတ်ချက်တွေရော VAR စနစ်နဲ့ပတ်သက်ပြီးပါအာရုံစိုက်စရာဖြစ်ခဲ့တာပါ။ အထူးသဖြင့် ပထမအကြိမ်ငြင်းပယ်ခံရမှုဆိုရင် ဖာဘင်ဟိုကိုအဖွင့်ဂိုးသွင်းယူဖို့ လမ်းပွင့်စေခဲ့လို့ မန်စီးတီးဘက်က တကယ့်ကိုမကျေမနပ်ဖြစ်နေတာပါ။

Photo- Internet

ဒါကြောင့်လည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပွဲအပြီးမှာ အိုလီဗာကို ကွင်းထဲမှာ အရွဲ့တိုက်လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးအများကြီးတင်တယ်လို့ပါ ပြောသွားတာပါ။ ဒါ့အပြင် သူက ပွဲပြီးပြီးချင်းမှာဘဲ မိုက်ရီလေးအနေနဲ့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

Photo- Internet

ဒါကြောင့်လည်း မန်စီးတီးဟာ ပွဲပြီးလို့ ၂၄ နာရီအကြာမှာတင် မိုက်ရီလေးဆီ တိုင်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မိုက်ရီလေးက အကြောင်းပြန်ကြားချက်ပေးရမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကလပ်အားလုံးက မဆန့်ကျင်သေးသရွေ့ကာလပတ်လုံး VAR စနစ်ကိုစွန့်လွှတ်သွားမှာ မဟုတ်ဖူးလို့လည်းဆိုပါတယ်။

Photo- Internet

မိုက်ရီလေးဟာ ဒီကနေ့လန်ဒန်မှာကျင်းပမယ့် ပရီးမီးယားလိဂ်ကလပ် ၂၀ ကရှယ်ယာရှင်တွေနဲ့တွေ့ဆုံ မယ့်အစည်းအဝေးမှာ VAR ကိုပိုကောင်းအောင် ဘယ်လိုကျင့်သုံးမလဲဆိုတဲ့ အချက်အလက်အသစ်တွေကို ချပြသွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

လီဗာပူးနဲ႔ပြဲက ဒိုင္လူႀကီး အိုလီဗာရဲ႕ဆုံးျဖတ္ခ်က္ေတြအတြက္ မန္စီးတီးတိုင္ၾကား

မန္စီးတီးအသင္းဟာ လီဗာပူးကို ၿပီးခဲ့တဲ႔ တနဂၤေႏြေန႔က ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ႔ အေ၀းကြင္း ပြဲကကြင္းလယ္ဒိုင္လူႀကီး မိုက္ကယ္အိုလီဗာ ရဲ႕ဆုံးျဖတ္ခ်က္ေတြအတြက္ ဒိုင္လူႀကီးမ်ားေကာ္မတီအႀကီးအကဲ မိုက္ရီေလး ဆီတရား၀င္တိုင္ၾကားစာပို႔လုိက္တယ္လို႔ သိရပါတယ္။

ဒီပြဲမွာ လီဗာပူးေနာက္ခံလူ အာႏိုးက ေဘာလုံးကိုလက္နဲ႔ ၂ ႀကိမ္ထိခဲ့ေပမယ္႔ မန္စီးတီးပင္နယ္တီမရခဲ့လို႔ ဒိုင္လူႀကီးဆုံးျဖတ္ခ်က္ေတြေရာ VAR စနစ္နဲ႔ပတ္သက္ၿပီးပါအာရုံစိုက္စရာျဖစ္ခဲ့တာပါ။ အထူးသျဖင့္ ပထမအႀကိမ္ျငင္းပယ္ခံရမႈဆိုရင္ ဖာဘင္ဟိုကိုအဖြင့္ဂိုးသြင္းယူဖို႔ လမ္းပြင့္ေစခဲ့လို႔ မန္စီးတီးဘက္က တကယ္႔ကိုမေက်မနပ္ျဖစ္ေနတာပါ။

ဒါေၾကာင့္လည္း မန္စီးတီးနည္းျပ ဂြာဒီယိုလာက ပြဲအၿပီးမွာ အိုလီဗာကို ကြင္းထဲမွာ အရြဲ႕တိုက္လက္ဆြဲႏႈတ္ဆက္ၿပီး ေက်းဇူးအမ်ားႀကီးတင္တယ္လို႔ပါ ေျပာသြားတာပါ။ ဒါ့အျပင္ သူက ပြဲၿပီးၿပီးခ်င္းမွာဘဲ မိုက္ရီေလးအေနနဲ႔ ဒီျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ေျဖရွင္းခ်က္ေပးဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္း မန္စီးတီးဟာ ပြဲၿပီးလို႔ ၂၄ နာရီအၾကာမွာတင္ မိုက္ရီေလးဆီ တိုင္ၾကားစာေပးပို႔ခဲ့တာျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ မုိက္ရီေလးက အေၾကာင္းျပန္ၾကားခ်က္ေပးရမွာျဖစ္ေပမယ္႔ ပရီးမီးယားလိဂ္ကလပ္အားလုံးက မဆန္႔က်င္ေသးသေရြ႕ကာလပတ္လုံး VAR စနစ္ကိုစြန္႔လႊတ္သြားမွာ မဟုတ္ဖူးလို႔လည္းဆိုပါတယ္။

မိုက္ရီေလးဟာ ဒီကေန႔လန္ဒန္မွာက်င္းပမယ္႔ ပရီးမီးယားလိဂ္ကလပ္ ၂၀ ကရွယ္ယာရွင္ေတြနဲ႔ေတြ႔ဆုံ မယ္႔အစည္းအေ၀းမွာ VAR ကိုပိုေကာင္းေအာင္ ဘယ္လိုက်င့္သုံးမလဲဆိုတဲ႔ အခ်က္အလက္အသစ္ေတြကို ခ်ျပသြားဖို႔လည္းရွိေနတယ္လို႔ သိရပါတယ္။