လီဗန်တေးကို ဘာစီလိုနာ ဘာကြောင့်ရှုံးခဲ့ရတာလဲ

PC ; Internet
PC ; Internet

စနေညကစားသွားတဲ့ လာလီဂါပွဲစဉ်-၁၂မှာ လီဗန်တေးဟာ လက်ရှိချန်ပီယံဘာစီလိုနာကို နောက်ကလိုက်ကစားပြီး အိမ်ကွင်းမှာ ၃မှတ်ရယူနိုင်ခဲ့တယ်။အထူးသဖြင့် ဒုတိယပိုင်းမှာ ကမ်ပါနာ၊ဘော်ဂျာနဲ့ရာဒိုဂျာတို့ရဲ့ ၈မိနစ်အတွင်း သွင်းဂိုး ၃ဂိုးနဲ့အတူ ဆီယူဒက်ဒီဗလန်စီယာမှာ အမှတ်ရစရာနိုင်ပွဲတစ်ခု ထုဆစ်သွားနိုင်ခဲ့တယ်။ဘာစီလိုနာအတွက်တော့ ၇ပွဲဆက်အနိုင်ရမှု ရပ်တန့်သွားခဲ့တာဖြစ်သလို ပြိုင်ဘက်ကြီးရီးရဲလ်ကလည်း ဘက်တစ်နဲ့သရေကျသွားလို့သာ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ခွင့်ရခဲ့တာပါ။

PC ; Internet

၂သင်းကြား ကစားသမားအင်အားနဲ့ခြေစွမ်း၊အစဉ်အလာနဲ့အမှတ်ပေးဇယားရပ်တည်မှုချင်း ကွာခြားနေပေမယ့် ဘာစီလိုနာဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ဗယ်ဗာဒီရဲ့အသင်း ဘာတွေမှားခဲ့လဲ၊တစ်နည်းအားဖြင့် ကက်တာလန်အခြေစိုက်အသင်းရဲ့ တုန်လှုပ်စရာရှုံးနိမ့်မှုနောက်ကွယ်က အဓိက အချက် ၃ချက်ကို ဖေါ်ပြပေးလိုက်ပါတယ်။

PC ; Internet

ခံစစ်ပိုင်းလစ်ဟင်းမှု
ဘာစီလိုနာ ပေးလိုက်ရတဲ့ ပထမဂိုးဟာ ပီကေးရဲ့အမှားက စခဲ့တယ်လို့ဆိုရမှာပါ။အားလုံးသိကြတဲ့အတိုင်း ဘာကာဟာ ခံစစ်ပိုင်းမှာအတောင့်တင်းဆုံးအခြေအနေမရှိပေမယ့် ကွင်းလယ်နဲ့တိုက်စစ်ကြောင့် အကောင်းဆုံးအသင်းတစ်သင်းဖြစ်နေတာပါ။တစ်ပွဲလုံးအနေအထားအရ လီဗန်တေးဟာ ဘာကာဂိုးပေါက်ကို ခြိမ်းခြောက်မှုကြီးကြီးမားမား သိပ်မလုပ်နိုင်ပေမယ့် ၆၁မိနစ်မှာ ပီကေးရဲ့ရှင်းလင်းမှုမပီပြင်တာကနေ အခွင့်အရေးရသွားခဲ့တယ်။ဘော်ဂျာနဲ့မိုရာလက်စ်တို့ရဲ့ ကောင်းမွန်တဲ့တွဲဖက်မှုကနေ ကမ်ပါနာက အမှားအယွင်းမရှိကန်သွင်းသွားခဲ့တာပါ။

PC ; Internet

နောက်ထပ် ၂မိနစ်အကြာမှာ အခွင့်အရေးအပေးခံရတာက ကမ်ပါနာဖြစ်ပြီး ဘော်ဂျာကိုပေးရာမှာ ရီးရဲလ်ကစားသမားဟောင်းက ကိုက် ၂၀ အကွာကနေ လှလှပပကန်သွင်းသွားခဲ့ပါတယ်။ပီကေးနဲ့အပေါင်းအပါတွေကြားမှာ ဘော်ဂျာ နေရာလွတ်ရသွားခဲ့တာ အံ့သြစရာပါပဲ။လီဗန်တေးရသွားတဲ့ တတိယဂိုးကလည်း လန်ဂလက်ခေါင်းတိုက်ရှင်းတာ ရာဒိုဂျာဆီရောက်သွားခဲ့လို့ပါ။သူ့ရဲ့လှပသိမ်မွေ့တဲ့ မြေမကျကန်ချက်ကို တာစတီဂန် မတားဆီးနိုင်ခဲ့ပါဘူး။ဘာကာရဲ့ခံစစ်ဟာ အဝေးကွင်းရောက်ရင် ပိုပြီးအမှားများနေတယ်။လီဗန်တေးကိုရှုံးတဲ့ပွဲက သူတို့ပြုပြင်ရမယ့် အဓိကအချက်ကို မီးမောင်းထိုးပြခဲ့သလိုပါပဲ။

PC ; Internet

လုံလောက်တဲ့တိုက်စစ်တွန်းအား မပြနိုင်မှု
အစောပိုင်းမှာ ပြောခဲ့သလို ဘာစီလိုနာရဲ့တိုက်စစ်ကို ပုခုံးချင်းယှဉ်နိုင်တဲ့ကလပ်ဆိုတာ လက်တစ်ဆုပ်စာပဲရှိပါတယ်။ဒီပွဲမှာလည်း မက်ဆီဦးဆောင်တဲ့တိုက်စစ်ဟာ အိမ်ရှင်ခံစစ်ကိုဖိအားပေးနိုင်ခဲ့တာပါပဲ။ဒါပေမဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ တစ်ကိုယ်တော်ထိုးဖောက်မှုတွေ လုပ်နေရတာများပြီး အသင်းဖော်တွေဟာ သူ့လိုတွန်းအားမျိုးလုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။၄၁မိနစ်မှာ ခြေသလုံးဒဏ်ရာရသွားတဲ့ ဆွာရက်ဇ်အစား ကားလက်ဇ်ပီရက်ဇ် ဝင်လာခဲ့တယ်။ဒါပေမဲ့ လာမာစီယာအကယ်ဒမီထွက်ရော တွဲဖက်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဂရေ့ဇ်မန်းပါ နိုင်ပွဲရဖို့ ပံ့ပိုးပေးနိုင်တဲ့ ခြေစွမ်းမျိုးမပြနိုင်ခဲ့ဘူး။

PC ; Internet

အက်သလက်တီကိုတိုက်စစ်မှူးဟောင်းရဲ့ ပွဲချိန်နောက်ပိုင်းခြေစွမ်းက ပိုလို့တောင် စိတ်ပျက်စရာကောင်းခဲ့တယ်။ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်၊ဘာစီလိုနာလိုအသင်းက ငွေပုံပေးခဲ့ရတဲ့တိုက်စစ်မှူးတစ်ယောက်ဆိုတာ ယုံရခက်ကြီးဖြစ်စေခဲ့ရတယ်။သူဟာ မိနစ်၉၀အတွင်းမှာ ဂိုးပေါက် ၁ကြိမ်သာကန်သွင်းနိုင်ခဲ့တယ်။ပြိုင်ဘက်ဆီက ဘောလုံးလုယူနိုင်တာမျိုး မရှိခဲ့ဘူး။အရေးပါတဲ့ ပေးပို့မှုတွေ မလုပ်နိုင်ခဲ့ဘူး။ပေးပို့မှုမှန်ကန်တိကျရာမှာ ၆၈.၇ ရာခိုင်းနှုန်းဆိုတဲ့ သူ့ရဲ့စွမ်းဆောင်မှုဟာ ဘာစီလိုနာကစားသမားတွေထဲမှာ အဆိုးရွားဆုံးဖြစ်ခဲ့တယ်။

PC ; Internet

ကမ်ပါနာရဲ့ရင်သပ်ရှုမောစရာခြေစွမ်း
မိနစ် ၆၀ လောက်အထိ လီဗန်တေးဟာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှမရှိခဲ့ပါဘူး။ဒါပေမဲ့ နောက်ထပ် မိနစ် ၃၀မှာတော့ သူတို့ဟာ ဂိုးတိုင် ၃ကြိမ်ထိမှန်ခဲ့သလို ဂိုးပေါက်တည့်မှု ၃ကြိမ်လုံး ဂိုးရအောင်စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။သူတို့ရဲ့နိုင်ပွဲမှာ ဒုတိယပိုင်း ၁၅မိနစ်လောက်အတွင်း ရင်သပ်ရှုမောစရာခြေစွမ်းမျိုး ပြသသွားနိုင်တဲ့ ကွင်းလယ်လူကမ်ပါနာက အဓိကကျခဲ့ပါတယ်။

PC ; Internet

အသက် ၂၆နှစ်အရွယ်ကွင်းလယ်လူဟာ လီဗန်တေးအတွက် ချေပဂိုးသွင်းပေးနိုင်ခဲ့သလို နောက် ၂မိနစ်အကြာမှာ ဘော်ဂျာ ဂိုးသွင်းနိုင်ဖို့လည်း ဖန်တီးပေးနိုင်ခဲ့တယ်။ရလာတဲ့ အခွင့်အရေးတွေကို အကျိုးရှိအောင် သူ အသုံးချနိုင်ခဲ့လို့ လီဗန်တေးပြန်လာနိုင်ခဲ့တာပါ။ဒီရာသီမှာ ကမ်ပါနာဟာ ၂ဂိုးသွင်းပြီး ၂ဂိုးဖန်တီးပေးထားပါတယ်။တကယ်လို့များ လီဗန်တေးသာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ဆက်ရှိအောင် ကစားနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့စွမ်းဆောင်မှုတွေက အဓိကကျနေပါလိမ့်မယ်။

(zawgyi)

စေနညကစားသြားတဲ့ လာလီဂါပြဲစဥ္-၁၂မွာ လီဗန္ေတးဟာ လက္ရွိခ်န္ပီယံဘာစီလိုနာကို ေနာက္ကလိုက္ကစားၿပီး အိမ္ကြင္းမွာ ၃မွတ္ရယူႏိုင္ခဲ့တယ္။အထူးသျဖင့္ ဒုတိယပိုင္းမွာ ကမ္ပါနာ၊ေဘာ္ဂ်ာနဲ႔ရာဒိုဂ်ာတို႔ရဲ႕ ၈မိနစ္အတြင္း သြင္းဂိုး ၃ဂိုးနဲ႔အတူ ဆီယူဒက္ဒီဗလန္စီယာမွာ အမွတ္ရစရာႏိုင္ပြဲတစ္ခု ထုဆစ္သြားႏိုင္ခဲ့တယ္။ဘာစီလိုနာအတြက္ေတာ့ ၇ပြဲဆက္အႏိုင္ရမႈ ရပ္တန္႔သြားခဲ့တာျဖစ္သလို ၿပိဳင္ဘက္ႀကီးရီးရဲလ္ကလည္း ဘက္တစ္နဲ႔သေရက်သြားလို႔သာ အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ဦးေဆာင္ခြင့္ရခဲ့တာပါ။ ၂သင္းၾကား ကစားသမားအင္အားနဲ႔ေျခစြမ္း၊အစဥ္အလာနဲ႔အမွတ္ေပးဇယားရပ္တည္မႈခ်င္း ကြာျခားေနေပမယ့္ ဘာစီလိုနာဂိုးျပတ္ရံႈးနိမ့္ခဲ့တာဟာ စိတ္၀င္စားစရာျဖစ္ေနပါတယ္။ဗယ္ဗာဒီရဲ႕အသင္း ဘာေတြမွားခဲ့လဲ၊တစ္နည္းအားျဖင့္ ကက္တာလန္အေျခစိုက္အသင္းရဲ႕ တုန္လႈပ္စရာရံႈးနိမ့္မႈေနာက္ကြယ္က အဓိက အခ်က္ ၃ခ်က္ကို ေဖၚျပေပးလိုက္ပါတယ္။
ခံစစ္ပိုင္းလစ္ဟင္းမႈ
ဘာစီလိုနာ ေပးလိုက္ရတဲ့ ပထမဂိုးဟာ ပီေကးရဲ႕အမွားက စခဲ့တယ္လို႔ဆိုရမွာပါ။အားလံုးသိၾကတဲ့အတိုင္း ဘာကာဟာ ခံစစ္ပိုင္းမွာအေတာင့္တင္းဆံုးအေျခအေနမရွိေပမယ့္ ကြင္းလယ္နဲ႔တိုက္စစ္ေၾကာင့္ အေကာင္းဆံုးအသင္းတစ္သင္းျဖစ္ေနတာပါ။တစ္ပြဲလံုးအေနအထားအရ လီဗန္ေတးဟာ ဘာကာဂိုးေပါက္ကို ၿခိမ္းေျခာက္မႈႀကီးႀကီးမားမား သိပ္မလုပ္ႏိုင္ေပမယ့္ ၆၁မိနစ္မွာ ပီေကးရဲ႕ရွင္းလင္းမႈမပီျပင္တာကေန အခြင့္အေရးရသြားခဲ့တယ္။ေဘာ္ဂ်ာနဲ႔မိုရာလက္စ္တို႔ရဲ႕ ေကာင္းမြန္တဲ့တြဲဖက္မႈကေန ကမ္ပါနာက အမွားအယြင္းမရွိကန္သြင္းသြားခဲ့တာပါ။ေနာက္ထပ္ ၂မိနစ္အၾကာမွာ အခြင့္အေရးအေပးခံရတာက ကမ္ပါနာျဖစ္ၿပီး ေဘာ္ဂ်ာကိုေပးရာမွာ ရီးရဲလ္ကစားသမားေဟာင္းက ကိုက္ ၂၀ အကြာကေန လွလွပပကန္သြင္းသြားခဲ့ပါတယ္။ပီေကးနဲ႔အေပါင္းအပါေတြၾကားမွာ ေဘာ္ဂ်ာ ေနရာလြတ္ရသြားခဲ့တာ အံ့ၾသစရာပါပဲ။လီဗန္ေတးရသြားတဲ့ တတိယဂိုးကလည္း လန္ဂလက္ေခါင္းတိုက္ရွင္းတာ ရာဒိုဂ်ာဆီေရာက္သြားခဲ့လို႔ပါ။သူ႔ရဲ႕လွပသိမ္ေမြ႔တဲ့ ေျမမက်ကန္ခ်က္ကို တာစတီဂန္ မတားဆီးႏိုင္ခဲ့ပါဘူး။ဘာကာရဲ႕ခံစစ္ဟာ အေ၀းကြင္းေရာက္ရင္ ပိုၿပီးအမွားမ်ားေနတယ္။လီဗန္ေတးကိုရံႈးတဲ့ပြဲက သူတို႔ျပဳျပင္ရမယ့္ အဓိကအခ်က္ကို မီးေမာင္းထိုးျပခဲ့သလိုပါပဲ။
လံုေလာက္တဲ့တိုက္စစ္တြန္းအား မျပႏိုင္မႈ
အေစာပိုင္းမွာ ေျပာခဲ့သလို ဘာစီလိုနာရဲ႕တိုက္စစ္ကို ပုခံုးခ်င္းယွဥ္ႏိုင္တဲ့ကလပ္ဆိုတာ လက္တစ္ဆုပ္စာပဲရွိပါတယ္။ဒီပြဲမွာလည္း မက္ဆီဦးေဆာင္တဲ့တိုက္စစ္ဟာ အိမ္ရွင္ခံစစ္ကိုဖိအားေပးႏိုင္ခဲ့တာပါပဲ။ဒါေပမဲ့ အာဂ်င္တီးနားတိုက္စစ္မွဴးဟာ တစ္ကိုယ္ေတာ္ထိုးေဖာက္မႈေတြ လုပ္ေနရတာမ်ားၿပီး အသင္းေဖာ္ေတြဟာ သူ႔လိုတြန္းအားမ်ိဳးလုပ္ေဆာင္ေပးႏိုင္ဖို႔ လိုအပ္ခဲ့ပါတယ္။၄၁မိနစ္မွာ ေျခသလံုးဒဏ္ရာရသြားတဲ့ ဆြာရက္ဇ္အစား ကားလက္ဇ္ပီရက္ဇ္ ၀င္လာခဲ့တယ္။ဒါေပမဲ့ လာမာစီယာအကယ္ဒမီထြက္ေရာ တြဲဖက္တိုက္စစ္မွဴးတစ္ဦးျဖစ္သူ ဂေရ႕ဇ္မန္းပါ ႏိုင္ပြဲရဖို႔ ပ့ံပိုးေပးႏိုင္တဲ့ ေျခစြမ္းမ်ိဳးမျပႏိုင္ခဲ့ဘူး။အက္သလက္တီကိုတိုက္စစ္မွဴးေဟာင္းရဲ႕ ပြဲခ်ိန္ေနာက္ပိုင္းေျခစြမ္းက ပိုလို႔ေတာင္ စိတ္ပ်က္စရာေကာင္းခဲ့တယ္။ကမာၻ႔အဆင့္တိုက္စစ္မွဴးတစ္ေယာက္၊ဘာစီလိုနာလိုအသင္းက ေငြပံုေပးခဲ့ရတဲ့တိုက္စစ္မွဴးတစ္ေယာက္ဆိုတာ ယံုရခက္ႀကီးျဖစ္ေစခဲ့ရတယ္။သူဟာ မိနစ္၉၀အတြင္းမွာ ဂိုးေပါက္ ၁ႀကိမ္သာကန္သြင္းႏိုင္ခဲ့တယ္။ၿပိဳင္ဘက္ဆီက ေဘာလံုးလုယူႏိုင္တာမ်ိဳး မရွိခဲ့ဘူး။အေရးပါတဲ့ ေပးပို႔မႈေတြ မလုပ္ႏိုင္ခဲ့ဘူး။ေပးပို႔မႈမွန္ကန္တိက်ရာမွာ ၆၈.၇ ရာခိုင္းႏႈန္းဆိုတဲ့ သူ႔ရဲ႕စြမ္းေဆာင္မႈဟာ ဘာစီလိုနာကစားသမားေတြထဲမွာ အဆိုးရြားဆံုးျဖစ္ခဲ့တယ္။
ကမ္ပါနာရဲ႕ရင္သပ္ရႈေမာစရာေျခစြမ္း
မိနစ္ ၆၀ ေလာက္အထိ လီဗန္ေတးဟာ ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွမရွိခဲ့ပါဘူး။ဒါေပမဲ့ ေနာက္ထပ္ မိနစ္ ၃၀မွာေတာ့ သူတို႔ဟာ ဂိုးတိုင္ ၃ႀကိမ္ထိမွန္ခဲ့သလို ဂိုးေပါက္တည့္မႈ ၃ႀကိမ္လံုး ဂိုးရေအာင္စြမ္းေဆာင္သြားႏိုင္ခဲ့ပါတယ္။သူတို႔ရဲ႕ႏိုင္ပြဲမွာ ဒုတိယပိုင္း ၁၅မိနစ္ေလာက္အတြင္း ရင္သပ္ရႈေမာစရာေျခစြမ္းမ်ိဳး ျပသသြားႏိုင္တဲ့ ကြင္းလယ္လူကမ္ပါနာက အဓိကက်ခဲ့ပါတယ္။အသက္ ၂၆ႏွစ္အရြယ္ကြင္းလယ္လူဟာ လီဗန္ေတးအတြက္ ေခ်ပဂိုးသြင္းေပးႏိုင္ခဲ့သလို ေနာက္ ၂မိနစ္အၾကာမွာ ေဘာ္ဂ်ာ ဂိုးသြင္းႏိုင္ဖို႔လည္း ဖန္တီးေပးႏိုင္ခဲ့တယ္။ရလာတဲ့ အခြင့္အေရးေတြကို အက်ိဳးရွိေအာင္ သူ အသံုးခ်ႏိုင္ခဲ့လို႔ လီဗန္ေတးျပန္လာႏိုင္ခဲ့တာပါ။ဒီရာသီမွာ ကမ္ပါနာဟာ ၂ဂိုးသြင္းၿပီး ၂ဂိုးဖန္တီးေပးထားပါတယ္။တကယ္လို႔မ်ား လီဗန္ေတးသာ ယူရိုပါလိဂ္၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ဆက္ရွိေအာင္ ကစားႏိုင္ခဲ့မယ္ဆိုရင္ သူ႔ရဲ႕စြမ္းေဆာင္မႈေတြက အဓိကက်ေနပါလိမ့္မယ္။