လိဂ်မန်နေဂျာအစည်းအရုံးရဲ့ကျော်ကြားသူစာရင်းမှာ ထည့်သွင်းခံရတဲ့ ဂွါဒီယိုလာနဲ့ကလော့ပ်

photo-LMA

photo-sky sports

မန်စီးတီးနည်းပြဂွါဒီယိုလာနဲ့ လီဗာပူုးနည်းပြဂျာဂင်ကလော့ပ်တို့ဟာ အင်္ဂလန်က လိဂ်မန်နေဂျာအစည်းအရုံးရဲ့အောင်မြင်ကျော်ကြားသူနည်းပြတွေစာရင်းထဲမှာ ထည့်သွင်းခံလိုက်ရပါတယ်။ လိဂ်မန်နေဂျာအစည်းအရုံးဆိုတာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွေအပြင် လက်ရွေးစင်အသင်းတွေမှာ ကျင်လည်နေကြတဲ့ နည်းပြတွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်ပြီး ဂွါဒီယိုလာနဲ့ကလော့ပ်တို့ကို အင်္ဂလိပ်ဘောလုံးလောကအတွက် ဂုဏ်ပြုတဲ့သဘောလည်း ဖြစ်ပါတယ်။

photo-gettyimages

အဲဒီဂုဏ်ပြုပွဲအခမ်းအနားကို မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်နဲ့ လိဂ်မန်နေဂျာအစည်းအရုံးရဲ့ကျော်ကြားသူစာရင်းဝင်ဖြစ်တဲ့ မန်ယူအဂန္ထဝင်ဆာအဲလက်စ်ဖာဂူဆန်တို့လည်း တက်ရောက်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ကလော့ပ်တို့ဟာ လိဂ်မန်နေဂျာအစည်းအရုံးရဲ့ကျော်ကြားသူစာရင်းထဲမှာ ထည့်သွင်းခံရမှုအထိမ်းအမှတ်အဖြစ် ငွေလင်ပန်းငယ်တစ်ချပ်စီ ရရှိခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အင်္ဂလန်ကိုရောက်လာပြီးကတည်းက ပရီးမီးယားလိဂ်သမိုင်းရဲ့အကောင်းဆုံးအသင်းတွေထဲက နှစ်သင်းကို တည်ဆောက်နိုင်ခဲ့ကြလို့ လိဂ်မန်နေဂျာအစည်းအရုံးဥက္ကဌဟောင်းဝပ်ဝီလ်ကင်ဆင်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကတည်းက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အကြိတ်အနယ်ဖြစ်ခဲ့ကြတဲ့ ဂွါဒီယိုလာရဲ့မန်စီးတီးနဲ့ ကလော့ပ်ရဲ့လီဗာပူးတို့ဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဆိုင်နေကြတဲ့ အသင်းတွေ ဖြစ်နေပါတယ်။ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ကြိုးပမ်းနေသလို ကလော့ပ်ကလည်း ၁၉၉၀ နောက်ပိုင်း လီဗာပူးရဲ့ပထမဆုံးအမှတ်ပေးချန်ပီယံအောင်မြင်မှုဖြစ်လာဖို့ လုံးပမ်းနေတာပါ။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူးက မန်စီးတီးကို ၉ မှတ်ဖြတ်ထားပါတယ်။

[Zawgyi]

လိဂ္မန္ေနဂ်ာအစည္းအရုံးရဲ႕ေက်ာ္ၾကားသူစာရင္းမွာ ထည့္သြင္းခံရတဲ့ ဂြါဒီယုိလာနဲ႔ကေလာ့ပ္

မန္စီးတီးနည္းျပဂြါဒီယိုလာနဲ႔ လီဗာပူုးနည္းျပဂ်ာဂင္ကေလာ့ပ္တို႔ဟာ အဂၤလန္က လိဂ္မန္ေနဂ်ာအစည္းအရုံးရဲ႕ေအာင္ျမင္ေက်ာ္ၾကားသူနည္းျပေတြစာရင္းထဲမွာ ထည့္သြင္းခံလိုက္ရပါတယ္။ လိဂ္မန္ေနဂ်ာအစည္းအရုံးဆုိတာ အဂၤလန္အမွတ္ေပးၿပိဳင္ပြဲေတြအျပင္ လက္ေရြးစင္အသင္းေတြမွာ က်င္လည္ေနၾကတဲ့ နည္းျပေတြကို ကိုယ္စားျပဳတဲ့အဖြဲ႕အစည္းျဖစ္ၿပီး ဂြါဒီယိုလာနဲ႔ကေလာ့ပ္တို႔ကို အဂၤလိပ္ေဘာလုံးေလာကအတြက္ ဂုဏ္ျပဳတဲ့သေဘာလည္း ျဖစ္ပါတယ္။

အဲဒီဂုဏ္ျပဳပြဲအခမ္းအနားကို မန္ခ်က္စတာၿမိဳ႕မွာ ျပဳလုပ္ခဲ့ၿပီး အဂၤလန္လက္ေရြးစင္နည္းျပေဆာက္ဂိတ္နဲ႔ လိဂ္မန္ေနဂ်ာအစည္းအရုံးရဲ႕ေက်ာ္ၾကားသူစာရင္း၀င္ျဖစ္တဲ့ မန္ယူအဂႏၳ၀င္ဆာအဲလက္စ္ဖာဂူဆန္တို႔လည္း တက္ေရာက္ခဲ့ပါတယ္။ ဂြါဒီယိုလာနဲ႔ကေလာ့ပ္တို႔ဟာ လိဂ္မန္ေနဂ်ာအစည္းအရုံးရဲ႕ေက်ာ္ၾကားသူစာရင္းထဲမွာ ထည့္သြင္းခံရမႈအထိမ္းအမွတ္အျဖစ္ ေငြလင္ပန္းငယ္တစ္ခ်ပ္စီ ရရွိခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အဂၤလန္ကိုေရာက္လာၿပီးကတည္းက ပရီးမီးယားလိဂ္သမိုငး္ရဲ႕အေကာင္းဆုံးအသင္းေတြထဲက ႏွစ္သင္းကို တည္ေဆာက္ႏိုင္ခဲ့ၾကလို႔ လိဂ္မန္ေနဂ်ာအစည္းအရုံးဥကၠဌေဟာင္း၀ပ္၀ီလ္ကင္ဆင္က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းမွာ အႀကိတ္အနယ္ျဖစ္ခဲ့ၾကတဲ့ ဂြါဒီယိုလာရဲ႕မန္စီးတီးနဲ႔ ကေလာ့ပ္ရဲ႕လီဗာပူးတုိ႔ဟာ ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဆိုင္ေနၾကတဲ့ အသင္းေတြ ျဖစ္ေနပါတယ္။ ဂြါဒီယိုလာက ပရီးမီးယားလိဂ္မွာ ၃ ႏွစ္ဆက္ဗိုလ္စြဲဖို႔ ႀကိဳးပမ္းေနသလုိ ကေလာ့ပ္ကလည္း ၁၉၉၀ ေနာက္ပိုင္း လီဗာပူးရဲ႕ပထမဆုံးအမွတ္ေပးခ်န္ပီယံေအာင္ျမင္မႈျဖစ္လာဖို႔ လုံးပမ္းေနတာပါ။ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ လီဗာပူးက မန္စီးတီးကို ၉ မွတ္ျဖတ္ထားပါတယ္။