လာလီဂါမှာ ဂိုးအများဆုံးသွင်းထားတဲ့ ဘန်ဇီမာကို ပြင်သစ်အသင်းမှာ ပြန်ရွေးသင့်တယ်လို့ ဇီဒန်းထောက်ခံ

PC ; Internet

ဗယ်ဘွေနာရဲ့ညစ်ညမ်းဗွီဒီယိုခွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့နောက် ပြင်သစ်လက်ရွေးစင်အသင်းကနေ ချန်လှန်ခံခဲ့ရတဲ့ တိုက်စစ်မှူးဘန်ဇီမာကို လက်ရွေးစင်အသင်းအတွက် ရီးရဲလ်နည်းပြဇီဒန်းက ထောက်ခံပြောဆိုလိုက်ပါတယ်။ပြင်သစ်အသင်းနည်းပြဒက်ချမ့်စ်က ဘန်ဇီမာကိုပြန်လည်ရွေးချယ်ဖို့ သွေးအေးနေပေမယ့် ဇီဒန်းက ရီးရဲလ်တိုက်စစ်မှူးရဲ့လက်ရှိခြေစွမ်းအရ ပြန်လည်ခေါ်ယူသင့်တယ်လို့ အကြံပြုလိုက်တာပါ။

PC ; Internet

စပိန်သတင်းစာ Diario AS နဲ့တွေ့ဆုံရာမှာ ဇီဒန်းက “ဘန်ဇီးမားဟာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် အမြဲတမ်းကစားချင်စိတ်ရှိနေပါတယ်။ အရိုးသားဆုံးဝန်ခံရရင် အခုအခြေအနေမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ကျွန်တော်လုံးဝမသိပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့ပတ်သတ်တဲ့အမြင်အရပြောရမယ်ဆိုရင်တော့ သူဟာပြင်သစ်အသင်း အတွက်အကောင်းဆုံးကစားပေးနိုင်ပါတယ်။ သူလက်ရွေးစင်အသင်းမှာ နေရာတစ်နေရာရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်နဲ့တော့လုပ်လို့မရပါဘူး။ ဒါပေမယ့်ဖြစ်နိုင်မယ်ဆိုရင် ပြန်ခေါ်သင့်တယ်လို့ထင်ပါတယ်” လို့ ပြောသွားခဲ့တာပါ။

PC ; Internet

ဘန်ဇီမာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ထာဝရသွင်းဂိုးအများဆုံးစာရင်းမှာ အဆင့်-၁၀ နေရာရပ်တည်နေသူဖြစ်ပါတယ်။ဘာစီလိုနာတိုက်စစ်မှူးဂရေ့ဇ်မန်းနောက် ၂ဂိုးအကွာမှာရပ်တည်နေတဲ့ သူဟာ လက်ရှိရီးရဲလ်နည်းပြဇီဒန်းရဲ့သွင်းဂိုးတွေနဲ့ယှဉ်ရင်တော့ ၄ဂိုးအကွာမှာရှိနေပါတယ်။

PC ; Getty

သူဟာ ၂၀၀၇ ကနေ ၂၀၁၅ အထိ ပြင်သစ်လက်ရွေးစင်အသင်းအတွက်ကစားပေးခဲ့ပြီး ပွဲပေါင်း ၈၁ပွဲမှာ ၂၇ဂိုးသွင်းပေးခဲ့တာပါ။

PC ; Getty

ဒီရာသီမှာတော့ ရီးရဲလ်အတွက် လာလီဂါ ၉ဂိုးသွင်းပေးထားပြီး ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဦးဆောင်နေတာကြောင့် ဇီဒန်းက လက်ရွေးစင်အသင်းအတွက် ထောက်ခံပြောဆိုပေးလိုက်တာလည်းဖြစ်ပါတယ်။

(zawgyi)

ဗယ္ေဘြနာရဲ႕ညစ္ညမ္းဗီြဒီယိုေခြမွာ ပါ၀င္ပတ္သက္ခဲ့တဲ့ေနာက္ ျပင္သစ္လက္ေရြးစင္အသင္းကေန ခ်န္လွန္ခံခဲ့ရတဲ့ တိုက္စစ္မွဴးဘန္ဇီမာကို လက္ေရြးစင္အသင္းအတြက္ ရီးရဲလ္နည္းျပဇီဒန္းက ေထာက္ခံေျပာဆိုလိုက္ပါတယ္။ျပင္သစ္အသင္းနည္းျပဒက္ခ်မ့္စ္က ဘန္ဇီမာကိုျပန္လည္ေရြးခ်ယ္ဖို႔ ေသြးေအးေနေပမယ့္ ဇီဒန္းက ရီးရဲလ္တိုက္စစ္မွဴးရဲ႕လက္ရွိေျခစြမ္းအရ ျပန္လည္ေခၚယူသင့္တယ္လို႔ အႀကံျပဳလိုက္တာပါ။ စပိန္သတင္းစာ Diario AS နဲ႔ေတြ႔ဆံုရာမွာ ဇီဒန္းက “ဘန္ဇီးမားဟာ ျပင္သစ္လက္ေရြးစင္ အသင္းအတြက္ အျမဲတမ္းကစားခ်င္စိတ္ရွိေနပါတယ္။ အရိုးသားဆံုး၀န္ခံရရင္ အခုအေျခအေနမွာဘာေတြျဖစ္ပ်က္ေနသလဲဆိုတာကို ကၽြန္ေတာ္လံုး၀မသိပါဘူး။ ဒါေပမယ့္ ေဘာလံုးနဲ႔ပတ္သတ္တဲ့အျမင္အရေျပာရမယ္ဆိုရင္ေတာ့ သူဟာျပင္သစ္အသင္း အတြက္အေကာင္းဆံုးကစားေပးႏိုင္ပါတယ္။ သူလက္ေရြးစင္အသင္းမွာ ေနရာတစ္ေနရာရသင့္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ့္ရဲ႔ဆံုးျဖတ္ခ်က္နဲ႔ေတာ့လုပ္လို႔မရပါဘူး။ ဒါေပမယ့္ျဖစ္ႏိုင္မယ္ဆိုရင္ ျပန္ေခၚသင့္တယ္လို႔ထင္ပါတယ္” လို႔ ေျပာသြားခဲ့တာပါ။ဘန္ဇီမာဟာ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ ထာ၀ရသြင္းဂိုးအမ်ားဆံုးစာရင္းမွာ အဆင့္-၁၀ ေနရာရပ္တည္ေနသူျဖစ္ပါတယ္။ဘာစီလိုနာတိုက္စစ္မွဴးဂေရ႕ဇ္မန္းေနာက္ ၂ဂိုးအကြာမွာရပ္တည္ေနတဲ့ သူဟာ လက္ရွိရီးရဲလ္နည္းျပဇီဒန္းရဲ႕သြင္းဂိုးေတြနဲ႔ယွဥ္ရင္ေတာ့ ၄ဂိုးအကြာမွာရွိေနပါတယ္။သူဟာ ၂၀၀၇ ကေန ၂၀၁၅ အထိ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ကစားေပးခဲ့ၿပီး ပြဲေပါင္း ၈၁ပြဲမွာ ၂၇ဂိုးသြင္းေပးခဲ့တာပါ။ဒီရာသီမွာေတာ့ ရီးရဲလ္အတြက္ လာလီဂါ ၉ဂိုးသြင္းေပးထားၿပီး ဂိုးအမ်ားဆံုးသြင္းသူစာရင္းမွာ ဦးေဆာင္ေနတာေၾကာင့္ ဇီဒန္းက လက္ေရြးစင္အသင္းအတြက္ ေထာက္ခံေျပာဆိုေပးလိုက္တာလည္းျဖစ္ပါတယ္။