လင်ဂတ်ထက် ဝက်ဖို့ဒ်ဂိုးသမားဖော်စတာကတောင် ဂိုးပေါက်တည့်မှုပိုများနေ

Photo Credit

Photo Credit

ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်အတွက်တော့ ဒီနှစ်က တကယ့်ကိုအမြန်ဆုံးမေ့ဖျောက်ချင်တဲ့နှစ်ဖြစ်နေမှာသေချာပါတယ်။ ယူနိုက်တက်ရဲ့လက်ရှိပုံစံဆိုးရွားမှုမှာ အဓိကနေပါဝင်နေတဲ့လင်ဂတ်ဟာ နောက်ဆုံး ၁၂လဆက် ဆိုးရွားတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရပြီး ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင် ပွဲထွက်စာရင်းမှာ ပါဝင်ဖို့ လုံလောက်တဲ့ခြေစွမ်းမျိုးမရှိဘူးလို့ ယူဆနေကြပါတယ်။

Photo Credit

ပြောရရင် လင်ဂတ်ဟာ ကွင်းလယ်မှာတိုက်စစ်ပိုင်းကို အဓိကထားလိုက်ပါကစားရပေမယ့် ပရီးမီးယားလိဂ်မှာ ဒီဇင်ဘာလကတည်းက ၁ဂိုးမှမသွင်းယူနိုင်သေးသလို နောက်ထပ်ဆိုးရွားမှုအဖြစ် ဂိုးဖန်တီးမှုတစ်ကြိမ်လေးတောင် မပြုလုပ်နိုင်သေးပါဘူး။

Photo Credit

ပြိုင်ပွဲစုံအနေနဲ့ပြောရရင်လည်း အမ်းမရိတ်စ်ကွင်းမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် အာဆင်နယ်ဘက်ကို သွင်းယူခဲ့တဲ့တစ်ဂိုးပဲ ၂၀၁၉ အတွင်း သွင်းယူထားနိုင်ပြီး အဲဒီဂိုးကလည်း ဇန်နဝါရီလကတည်းကဆိုတော့ ကြားထဲမှာ ဘယ်နှလကြာနေပြီလဲဆိုတာ ပရိသတ်တွေလည်း သိနိုင်ပါတယ်။

Photo Credit

ဒီလိုအဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ လင်ဂတ်အတွက် အနာကျင်ဆုံးအဖြစ် တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ ဝက်ဖု့ိဒ်ဂိုးသမား ဘင်ဖော်စတာနဲ့ နှိုင်းယှဉ်မှုတစ်ခုမှာ အနောက်ရောက်နေတဲ့အချက်ပါပဲ။

Photo Credit

ဖော်စတာဟာ ကိုယ့်ဂိုးပေါက်ထဲ ဘောလုံးမဝင်ရအောင် ကာကွယ်တားဆီးရတဲ့ဂိုးသမားတစ်ဦးဖြစ်ပေမယ့် ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဂိုးပေါက်ကန်သွင်းမှုအပိုင်းမှာ ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ထက်ပိုများနေတဲ့အချက်ပါပဲ။

Photo Credit

စနေညက ချဲလ်ဆီးကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ အိမ်ရှင်အသင်းဂိုးသမား ဖော်စတာဟာ နာကျင်အချိန်ပိုအရောက် ချေပဂိုးသွင်းယူနိုင်ရေးအတွက် ကြိုးစားခဲ့ရာမှာ သူ့ရဲ့ခေါင်းရှပ်တိုက်မှုက ချဲလ်ဆီးဂိုးသမား ကီပါရဲ့ဘယ်ဘက်အောက်ထောင့်ထဲ ကွက်တိရောက်သွားပါတယ်။

Photo Credit

ကီပါက လက်စွမ်းပြကာကွယ်ပုတ်ထုတ်နိုင်ခဲ့လို့သာ ဖော်စတာ ဂိုးမရခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းနိုင်တဲ့ဂိုးသမားတွေအဖြစ် ပီတာရှမိုက်ကယ်၊ ဖရီဒယ်၊ ပေါလ်ရော်ဘင်ဆန်၊ တင်မ်ဟောင်းဝပ်နဲ့ ဘီဂိုဗစ်တို့က စံချိန်တင်ထားပါတယ်။

Ben Foster

Zawgyi

လင္ဂတ္ထက္ ၀က္ဖုိ႔ဒ္ဂိုးသမားေဖာ္စတာကေတာင္ ဂိုးေပါက္တည့္မႈပိုမ်ားေန

ယူႏုိက္တက္ကြင္းလယ္လူ လင္ဂတ္အတြက္ေတာ့ ဒီႏွစ္က တကယ့္ကိုအျမန္ဆုံးေမ့ေဖ်ာက္ခ်င္တဲ့ႏွစ္ျဖစ္ေနမွာေသခ်ာပါတယ္။ ယူႏုိက္တက္ရဲ႕လက္ရွိပုံစံဆုိးရြားမႈမွာ အဓိကေနပါ၀င္ေနတဲ့လင္ဂတ္ဟာ ေနာက္ဆုံး ၁၂လဆက္ ဆုိးရြားတဲ့ေန႔ရက္ေတြကို ျဖတ္သန္းေနရၿပီး ယူႏိုက္တက္ပရိသတ္ေတြကိုယ္တိုင္ ပြဲထြက္စာရင္းမွာ ပါ၀င္ဖို႔ လုံေလာက္တဲ့ေျခစြမ္းမ်ိဳးမရွိဘူးလုိ႔ ယူဆေနၾကပါတယ္။
ေျပာရရင္ လင္ဂတ္ဟာ ကြင္းလယ္မွာတုိက္စစ္ပိုင္းကို အဓိကထားလုိက္ပါကစားရေပမယ့္ ပရီးမီးယားလိဂ္မွာ ဒီဇင္ဘာလကတည္းက ၁ဂိုးမွမသြင္းယူႏုိင္ေသးသလုိ ေနာက္ထပ္ဆုိးရြားမႈအျဖစ္ ဂိုးဖန္တီးမႈတစ္ႀကိမ္ေလးေတာင္ မျပဳလုပ္ႏုိင္ေသးပါဘူး။
ၿပိဳင္ပြဲစုံအေနနဲ႔ေျပာရရင္လည္း အမ္းမရိတ္စ္ကြင္းမွာ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ အာဆင္နယ္ဘက္ကို သြင္းယူခဲ့တဲ့တစ္ဂိုးပဲ ၂၀၁၉ အတြင္း သြင္းယူထားႏိုင္ၿပီး အဲဒီဂုိးကလည္း ဇန္န၀ါရီလကတည္းကဆိုေတာ့ ၾကားထဲမွာ ဘယ္ႏွလၾကာေနၿပီလဲဆုိတာ ပရိသတ္ေတြလည္း သိႏိုင္ပါတယ္။
ဒီလုိအဆုိးဆုံးအေျခအေနနဲ႔ ရင္ဆုိင္ေနရတဲ့ လင္ဂတ္အတြက္ အနာက်င္ဆုံးအျဖစ္ တုိက္စစ္ပုိင္းနဲ႔ပတ္သက္လုိ႔ ၀က္ဖု႔ိဒ္ဂိုးသမား ဘင္ေဖာ္စတာနဲ႔ ႏႈိင္းယွဥ္မႈတစ္ခုမွာ အေနာက္ေရာက္ေနတဲ့အခ်က္ပါပဲ။
ေဖာ္စတာဟာ ကုိယ့္ဂိုးေပါက္ထဲ ေဘာလုံးမ၀င္ရေအာင္ ကာကြယ္တားဆီးရတဲ့ဂိုးသမားတစ္ဦးျဖစ္ေပမယ့္ ဒီရာသီပရီးမီးယားလိဂ္ရဲ႕ ဂိုးေပါက္ကန္သြင္းမႈအပိုင္းမွာ ကြင္းလယ္တုိက္စစ္သမား လင္ဂတ္ထက္ပိုမ်ားေနတဲ့အခ်က္ပါပဲ။
စေနညက ခ်ဲလ္ဆီးကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခ့ဲတဲ့ပြဲမွာ အိမ္ရွင္အသင္းဂုိးသမား ေဖာ္စတာဟာ နာက်င္အခ်ိန္ပိုအေရာက္ ေခ်ပဂိုးသြင္းယူႏုိင္ေရးအတြက္ ႀကိဳးစားခ့ဲရာမွာ သူ႕ရဲ႕ေခါင္းရွပ္တုိက္မႈက ခ်ဲလ္ဆီးဂိုးသမား ကီပါရဲ႕ဘယ္ဘက္ေအာက္ေထာင့္ထဲ ကြက္တိေရာက္သြားပါတယ္။
ကီပါက လက္စြမ္းျပကာကြယ္ပုတ္ထုတ္ႏုိင္ခဲ့လုိ႔သာ ေဖာ္စတာ ဂိုးမရခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ဂိုးသြင္းႏုိင္တဲ့ဂုိးသမားေတြအျဖစ္ ပီတာရွမုိက္ကယ္၊ ဖရီဒယ္၊ ေပါလ္ေရာ္ဘင္ဆန္၊ တင္မ္ေဟာင္း၀ပ္နဲ႔ ဘီဂိုဗစ္တုိ႔က စံခ်ိန္တင္ထားပါတယ္။