ရှက်ဖီးဂိုးသမား ဟန်ဒါဆန်ကို အင်္ဂလန်အတွက် ဆောက်ဂိတ်ရွေးချယ်

PC ; Internet

နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်လူစာရင်းမှာ ရှက်ဖီးယူနိုက်တက်ဂိုးသမားဒင်းဟန်ဒါဆန်ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ခြင်္သေ့တပ်ဖွဲ့ဟာ လာမယ့်နိုင်ငံတကာသီတင်းပတ်မှာ ယူရိုခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုး၊ကိုဆိုဗိုတို့နဲ့ကစားရဖို့ရှိနေပါတယ်။လက်ရှိအချိန်မှာ အသင်းရဲ့ဂိုးသမားတွမ်ဟီတန်နဲ့ကွင်းလယ်လူဘာကလေတို့ ဒဏ်ရာရနေကြပါတယ်။

PC ; Internet

ဗီလာဂိုးသမားဟီတန်ဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဝုဗ်ကိုရှုံးနိမ့်တဲ့ပွဲနဲ့လွဲချော်ခဲ့ရသလို ဒဏ်ရာရနေတဲ့ ဘာကလေကလည်း ချဲလ်ဆီးရဲ့နောက်ဆုံး ၆ပွဲနဲ့လွဲချော်ခဲ့ရသူပါ။ ကြောင့် နည်းပြဆောက်ဂိတ်က ဟီတန်နေရာမှာ ဟန်ဒါဆန်ကို အစားထိုးခေါ်ယူခဲ့တာဖြစ်ပြီး ဘာကလေနေရာမှာတော့ အစားထိုးခေါ်ယူမှုမလုပ်ဘူးလို့သိရပါတယ်။မန်ယူကနေ ရှက်ဖီးယူနိုက်တက်မှာ အငှားနဲ့သွားရောက်ကစားနေတဲ့ ဟန်ဒါဆန်ဟာ ဒီရာသီမှာ လက်စွမ်းကောင်းပြသနေသူဖြစ်ပါတယ်။

PC ; Internet

“ရော့စ်ဘာကလေနဲ့ တွမ်ဟီတန်တို့ဟာ ဒဏ်ရာတွေကြောင့် အင်္ဂလန်အသင်းရဲ့လာမယ့်ယူရိုခြေစစ်ပွဲစဉ်တွေကိုလွဲချော်ရမှာပါ။ ဗီလာရဲ့တွမ်ဟီတန်နေရာအတွက် ဆောက်ဂိတ်ရဲ့လူစာရင်းထဲကို ဂိုးသမားဒင်းဟန်ဒါဆန်ဝင်ရောက်လာပေမယ့် ချဲလ်ဆီးရဲ့ဘာကလေနေရာအတွက်တော့ အစားထိုးခေါ်ယူဖို့အစီအစဉ်မရှိပါဘူး။

PC ; Internet

ဟန်ဒါဆန်ဟာတနင်္လာနေ့မှာ အသင်းရဲ့အခြေစိုက်ရာစိန့်ဂျော့ပါ့ခ်ကိုရောက်လာပြီး ၂၆ယောက်ပါလက်ရွေးစင်အသင်းနဲ့အတူပူးပေါင်းခဲ့သလို ၂၀၁၉ခုနှစ်ရဲ့နောက်ဆုံးပွဲစဉ်တွေအတွက် လူစာရင်းမှာပါဝင်သွားလိမ့်မယ်” လို့ အက်ဖ်အေရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

(zawgyi)
