ရွှေဥမှန်မှန်ဥပေးနေတဲ့ YouTube ငန်းပိုင်ရှင်များ

PC ; Internet

လေ့လာတွေ့ရှိမှု စစ်တမ်းသစ်အရ လီဗာပူး၊ဘာစီလိုနာနဲ့မန်စီးတီးဟာ YouTube ချန်နယ်ကနေ ဝင်ငွေ အများဆုံးရတဲ့ ဘောလုံးအသင်းတွေ ဖြစ်နေပါသတဲ့။Brandwatch သုတေသန မှတ်တမ်းအဖွဲ့က ဒီစစ်တမ်းကို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး တစ်လကို ဒေါ်လာ ၁သိန်းနဲ့အထက်ရတဲ့ ချန်နယ်လိုင်းတွေ အများကြီးရှိနေပြီး တစ်နှစ်ကို ၄၀ ရာခိုင်နှုန်းလောက် တိုး မြင့်လာတယ်လို့ဆိုပါတယ်။

PC ; Internet

ဘောလုံးကတော့ YouTube ချန်နယ်ရဲ့ လူစိတ်ဝင်စားမှုအရှိဆုံးနဲ့ အကျော်ကြားဆုံး အကြောင်းအရာတစ်ခုဖြစ်နေဆဲပါပဲ။စစ်တမ်းသစ်အရ လီဗာပူးဟာ တစ်လကို ဝင်ငွေ အမေရိကန် ဒေါ်လာ ၆၆၃၉၄၀ နဲ့ ထိပ်ဆုံးမှာဦးဆောင်နေတယ်လို့ သိရပါတယ်။ဒုတိယနေရာမှာ ဘာစီလိုနာက တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၅၅၅၂ နဲ့ရပ် တည်နေပြီး မန်စီးတီးက အမေရိကန် ဒေါ်လာ ၂၂၂၆၈၉ နဲ့တတိယနေရာမှာ ရှိနေပါတယ်။

PC ; Internet

YouTube ချန်နယ်ကနေ တစ်လတာ ဝင်ငွေအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက Sky Sports ရုပ်သံလိုင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၆၀၁၉၂ ရှိနေပါတယ်။ သူတို့နောက်မှာ F2Freestylersက အမေရိကန်ဒေါ်လာ ၇၁၆၁၄၇ နဲ့ရပ် တည်နေပါတယ်။YouTube ချန်နယ်ကနေ တစ်လတာ ဝင်ငွေအများဆုံး ထိပ်ဆုံး ၂၀စာရင်းမှာ ဘောလုံးအသင်း ၈ သင်းအထိပါဝင်နေတာကလည်း ထူးခြားမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။

PC ; Internet

အဲဒီအ သင်းတွေကတော့ လီဗာပူး၊မန်စီးတီး၊ ချဲလ်ဆီး၊အာဆင်နယ်၊ပီအက်စ်ဂျီ၊ဂျူဗင် တပ်၊ရီးရဲလ်နဲ့ဘာစီလိုနာပဲဖြစ်ပါတယ်။ပိုပြီးထူးခြားတာက ဘွန်ဒက်စ်လီဂါအသင်းတွေ တစ်သင်းမှပါဝင်နိုင်ခြင်းမရှိသလို ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံးဖြစ်တဲ့ မန်ယူအသင်းလည်း မပါဝင်နိုင်တာပါပဲ။

(zawgyi)

ေလ့လာေတြ႕ရွိမႈ စစ္တမ္းသစ္အရ လီဗာပူး၊ဘာစီလိုနာနဲ႔မန္စီးတီးဟာ YouTube ခ်န္နယ္ကေန ဝင္ေငြ အမ်ားဆုံးရတဲ့ ေဘာလုံးအသင္းေတြ ျဖစ္ေနပါသတဲ့။Brandwatch သုေတသန မွတ္တမ္းအဖြဲ႕က ဒီစစ္တမ္းကို ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ၿပီး တစ္လကို ေဒၚလာ ၁သိန္းနဲ႔အထက္ရတဲ့ ခ်န္နယ္လိုင္းေတြ အမ်ားႀကီးရွိေနၿပီး တစ္ႏွစ္ကို ၄၀ ရာခိုင္ႏႈန္းေလာက္ တိုး ျမင့္လာတယ္လို႔ဆိုပါတယ္။ေဘာလုံးကေတာ့ YouTube ခ်န္နယ္ရဲ႕ လူစိတ္ဝင္စားမႈအရွိဆုံးနဲ႔ အေက်ာ္ၾကားဆုံး အေၾကာင္းအရာတစ္ခုျဖစ္ေနဆဲပါပဲ။စစ္တမ္းသစ္အရ လီဗာပူးဟာ တစ္လကို ဝင္ေငြ အေမရိကန္ ေဒၚလာ ၆၆၃၉၄၀ နဲ႔ ထိပ္ဆုံးမွာဦးေဆာင္ေနတယ္လို႔ သိရပါတယ္။ဒုတိယေနရာမွာ ဘာစီလိုနာက တစ္လဝင္ေငြ အေမရိကန္ေဒၚလာ ၄၁၅၅၅၂ နဲ႔ရပ္ တည္ေနၿပီး မန္စီးတီးက အေမရိကန္ ေဒၚလာ ၂၂၂၆၈၉ နဲ႔တတိယေနရာမွာ ရွိေနပါတယ္။ YouTube ခ်န္နယ္ကေန တစ္လတာ ဝင္ေငြအမ်ားဆုံးစာရင္းမွာ ထိပ္ဆုံးက ဦးေဆာင္ေနတာက Sky Sports ႐ုပ္သံလိုင္းျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁၀၆၀၁၉၂ ရွိေနပါတယ္။ သူတို႔ေနာက္မွာ F2Freestylersက အေမရိကန္ေဒၚလာ ၇၁၆၁၄၇ နဲ႔ရပ္ တည္ေနပါတယ္။YouTube ခ်န္နယ္ကေန တစ္လတာ ဝင္ေငြအမ်ားဆုံး ထိပ္ဆုံး ၂၀စာရင္းမွာ ေဘာလုံးအသင္း ၈ သင္းအထိပါဝင္ေနတာကလည္း ထူးျခားမႈတစ္ခုလို႔ ဆိုရပါလိမ့္မယ္။အဲဒီအ သင္းေတြကေတာ့ လီဗာပူး၊မန္စီးတီး၊ ခ်ဲလ္ဆီး၊အာဆင္နယ္၊ပီအက္စ္ဂ်ီ၊ဂ်ဴဗင္ တပ္၊ရီးရဲလ္နဲ႔ဘာစီလိုနာပဲျဖစ္ပါတယ္။ပိုၿပီးထူးျခားတာက ဘြန္ဒက္စ္လီဂါအသင္းေတြ တစ္သင္းမွပါဝင္ႏိုင္ျခင္းမရွိသလို ကမာၻေပၚမွာ ပရိသတ္အမ်ားဆုံးျဖစ္တဲ့ မန္ယူအသင္းလည္း မပါဝင္ႏိုင္တာပါပဲ။