ရော်နယ်ဒိုရဲ့ ၉၉ဂိုးမြောက်ဂိုးနဲ့အတူ ယူရိုခြေစစ်ပွဲအောင်သွားတဲ့ ပေါ်တူဂီ

Photo Credit

Photo Credit

လက်ရှိယူရိုချန်ပီယံ ပေါ်တူဂီအသင်းဟာ အသင်းငယ်လေး လူဇင်ဘတ်ကို အဝေးကွင်းမှာ ဝ-၂ဂိုးနဲ့အနိုင်ယူကာ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီး အိမ်ရှင်အသင်းရဲ့မထင်မှတ်တဲ့တုံ့ပြန်အားကြောင့် ပေါ်တူဂီအသင်းအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။

Photo Credit

လူဇင်ဘတ်အသင်းက အိမ်ကွင်းမှာ ခံကစားသွားတာဖြစ်ပြီး ပေါ်တူဂီအသင်းအတွက် ပွဲချိန် ၃၉ မိနစ်ရောက်မှ ဦးဆောင်ဂိုးအဖြစ် ကွင်းလယ်လူ ဘရူနိုဖာဒနန်ဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီဂိုးမတိုင်ခင် ပေါ်တူဂီအသင်း အခွင့်အရေးနှစ်ကြိမ်လောက်ပဲရခဲ့ပြီး ပွဲချိန် ၉မိနစ်မှာ ရော်နယ်ဒို လှည့်စားကျော်ဖြတ်ကာ ထောင့်ကျဉ်းထဲ ကန်သွင်းပေမယ့် ဂိုးသမားဆီ တည့်တည့်ရောက်သွားသလို ပွဲချိန် ၂၇ မိနစ်မှာ ပစ်ဇီရဲ့ပေးပို့မှုကနေ အသင်းခေါင်းဆောင် ရော်နယ်ဒို အဝေးကန်ချက်နဲ့ ဂိုးရဖို့ ကြိုးစားတာလည်း ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။

Video Credit

ပွဲချိန် ၃၉ မိနစ်မှာတော့ ပေါ်တူဂီအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဘာနာဒိုဆေးလ်ဗား လှလှပပအသာလေးခုတ်တင်ပေးလိုက်တာကို ကွင်းလယ်လူ ဖာနန်ဒက်စ်က First Touch ကောင်းကောင်းနဲ့ အသာထိန်းကာ ညာခြေနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

လူဇင်ဘတ်ကတော့ အိမ်ကွင်းမှာ ခံစစ်ပိတ်ကစားသွားခဲ့ပြီး အပိုင်အခွင့်အရေးလည်း သိပ်မရခဲ့ပါဘူး။ ပွဲချိန် ၅၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ဖွန်တီ ခေါင်းတိုက်သွင်းဖို့ကြိုးစားခဲ့ရာမှာ ဂိုးပေါက်နဲ့ကပ်လွဲသွားပါတယ်။

Photo Credit

ပွဲပြီးဖို့ ၄ မိနစ်အလိုမှာတော့ ဘာနာဒိုဆေးလ်ဗားရဲ့ဖြတ်တင်ဘောကနေ တိုက်စစ်မှူးဂျိုတာရဲ့ပိတ်သွင်းမှုကို လူဇင်ဘတ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို ဂိုးစည်းပေါ်ကနေ ရော်နယ်ဒိုက ပိတ်သွင်းယူနိုင်ခဲ့လို့ ပေါ်တူဂီအသင်း အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။

https://twitter.com/TimelineCR7/status/1196093356075626496

Video Credit

အိမ်ရှင်လူဇင်ဘတ်ပရိသတ်တွေက ရော်နယ်ဒိုကို လှောင်ပြောင်တဲ့အနေနဲ့ တစ်ချိန်လုံးလိုလို မက်ဆီရဲ့နာမည်ကို သံပြိုင်အော်ဟစ်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ကစားရခက်တဲ့ပွဲမှာလည်း ဂိုးပေါက်တွေ့ခဲ့ပြီး အခုဆိုရင် လက်ရွေးစင်သွင်းဂိုးရာပြည့်ဖို့ ၁ဂိုးပဲလိုပါတော့တယ်။

Photo Credit

ဒီပွဲမှာ ရော်နယ်ဒို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် တောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗား အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ၂ဂိုးစလုံးက သူနဲ့ပတ်သက်ခဲ့ပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒိုရဲ႕ ၉၉ဂိုးေျမာက္ဂိုးနဲ႔အတူ ယူ႐ိုေျခစစ္ပြဲေအာင္သြားတဲ့ ေပၚတူဂီ

လက္ရွိယူ႐ိုခ်န္ပီယံ ေပၚတူဂီအသင္းဟာ အသင္းငယ္ေလး လူဇင္ဘတ္ကို အေ၀းကြင္းမွာ ၀-၂ဂိုးနဲ႔အႏုိင္ယူကာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီး အိမ္ရွင္အသင္းရဲ႕မထင္မွတ္တ့ဲတုံ႔ျပန္အားေၾကာင့္ ေပၚတူဂီအသင္းအတြက္ ခက္ခဲတဲ့ ပြဲျဖစ္ခ့ဲပါတယ္။

လူဇင္ဘတ္အသင္းက အိမ္ကြင္းမွာ ခံကစားသြားတာျဖစ္ၿပီး ေပၚတူဂီအသင္းအတြက္ ပဲြခ်ိန္ ၃၉ မိနစ္ေရာက္မွ ဦးေဆာင္ ဂိုးအျဖစ္ ကြင္းလယ္လူ ဘ႐ူႏိုဖာဒနန္ဒက္စ္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲဒီဂုိးမတုိင္ခင္ ေပၚတူဂီအသင္း အခြင့္အ ေရးႏွစ္ႀကိမ္ေလာက္ပဲရခဲ့ၿပီး ပြဲခ်ိန္ ၉မိနစ္မွာ ေရာ္နယ္ဒို လွည့္စားေက်ာ္ျဖတ္ကာ ေထာင့္က်ဥ္းထဲ ကန္သြင္းေပမယ့္ ဂိုးသမားဆီ တည့္တည့္ေရာက္သြားသလုိ ပြဲခ်ိန္ ၂၇ မိနစ္မွာ ပစ္ဇီရဲ႕ေပးပို႔မႈကေန အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို အေ၀းကန္ခ်က္နဲ႔ ဂိုးရဖုိ႔ ႀကိဳးစားတာလည္း ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ေပၚတူဂီအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဘာနာဒိုေဆးလ္ဗား လွလွပပအသာေလးခုတ္တင္ေပး လုိက္တာကို ကြင္းလယ္လူ ဖာနန္ဒက္စ္က First Touch ေကာင္းေကာင္းနဲ႔ အသာထိန္းကာ ညာေျခနဲ႔ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ လူဇင္ဘတ္ကေတာ့ အိမ္ကြင္းမွာ ခံစစ္ပိတ္ကစားသြားခဲ့ၿပီး အပိုင္အခြင့္အေရးလည္း သိပ္မရခဲ့ပါဘူး။ ပြဲခ်ိန္ ၅၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဖြန္တီ ေခါင္းတုိက္သြင္းဖုိ႔ႀကိဳးစားခဲ့ရာမွာ ဂိုးေပါက္နဲ႔ကပ္လြဲသြားပါတယ္။

ပဲြၿပီးဖို႔ ၄ မိနစ္အလုိမွာေတာ့ ဘာနာဒိုေဆးလ္ဗားရဲ႕ျဖတ္တင္ေဘာကေန တိုက္စစ္မွဴးဂ်ိဳတာရဲ႕ပိတ္သြင္းမႈကို လူဇင္ဘတ္ဂိုးသမား ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို ဂိုးစည္းေပၚကေန ေရာ္နယ္ဒိုက ပိတ္သြင္းယူႏိုင္ခဲ့လုိ႔ ေပၚတူဂီအသင္း အဆုံးသတ္ဂိုးရရွိခဲ့ပါတယ္။ အိမ္ရွင္လူဇင္ဘတ္ပရိသတ္ေတြက ေရာ္နယ္ဒိုကို ေလွာင္ေျပာင္တဲ့အေနနဲ႔ တစ္ခ်ိန္လုံးလုိလို မက္ဆီရဲ႕နာမည္ကို သံၿပိဳင္ေအာ္ဟစ္ခဲ့ေပမယ့္ ေရာ္နယ္ဒိုကေတာ့ ကစားရခက္တဲ့ပဲြမွာလည္း ဂိုးေပါက္ ေတြ႕ခဲ့ၿပီး အခုဆုိရင္ လက္ေရြးစင္သြင္းဂိုးရာျပည့္ဖို႔ ၁ဂိုးပဲလိုပါေတာ့တယ္။

ဒီပြဲမွာ ေရာ္နယ္ဒို ေျခစြမ္းျပႏုိင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ေတာင္ပံကစားသမား ဘာနာဒိုေဆးလ္ဗား အထူးေျခစြမ္းျပႏုိင္ခဲ့ၿပီး ၂ဂိုးစလုံးက သူနဲ႔ပတ္သက္ခဲ့ပါတယ္။