ရူးသွပ်လောက်တဲ့ပြောင်းရွှေ့ကြေးနဲ့ ဘာပေကို ခေါ်ယူဖို့ ရီးရဲလ် စိတ်လှုပ်ရှားဖွယ်စီစဉ်

Photo Credit

Photo Credit

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို ရူးသွပ်စရာကောင်းတဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၄၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေရာ လက်ရှိကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၅၀နီးပါးနဲ့ ချိုးဖျက်ရမှာဖြစ်ပါတယ်။

Photo Credit

ပြင်သစ်လက်ရွေးစင် ဘာပေဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အတောက်ပဆုံးကြယ်ပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး အသင်းတိုင်းက အလိုရှိတဲ့ကစားသမားဖြစ်သလို အဲဒီအသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်နေပါတယ်။

Photo Credit

ရီးရဲလ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဘာပေကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် အဲဒီကစားသမားက မိုနာကိုကနေ ပြည်တွင်းပြိုင်ဘက် ပီအက်စ်ဂျီအသင်းဆီကိုပဲ ပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကလည်း ရီးရဲလ်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး လက်တွေ့မှာဖြစ်မလာပေမယ့် မကြာခင်အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။

Photo Credit

Calciomercato သတင်းစာရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ ကမ္ဘာ့ဖလားဆုရှင် ဘာပေကို ပြောင်းရွှေ့ကြေး ပေါင် ၃၄၃သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပြီး ပီအက်စ်ဂျီဘက်ကလည်း မြင့်မားလွန်းတဲ့ပြောင်းရွှေ့ကြေးနဲ့မဟုတ်ရင် လက်သင့်ခံစဉ်းစားမှာမဟုတ်ကြောင်း သိရပါတယ်။

Photo Credit

အသက် ၂၀အရွယ်ရှိ ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်နည်းပြဇီဒန်းရဲ့အလိုရှိစာရင်းမှာ ထိပ်ဆုံးနားကနေ ပါဝင်ခဲ့ပေမယ့် အသင်းက ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ အစ္စကို အစရှိတဲ့နာမည်ကြီးကစားသမားတွေကို ရောင်းမထုတ်နိုင်ခဲ့တာကြောင့် ဘာပေကိုလည်း ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။

Photo Credit ; Getty Images

ချန်ပီယံလိဂ်ချန်ပီယံ ၁၃ကြိမ်ရရှိထားတဲ့ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီက တိုက်စစ်ပိုင်းအတွက် ဟာဇက်နဲ့ ဂျိုဗစ်တို့ကို ခေါ်ယူခဲ့သလို ဘရာဇီးလူငယ်တိုက်စစ်မှူး ရိုဒရီဂိုကိုလည်း ဆန်းတို့စ်အသင်းကနေ ခေါ်ယူခဲ့ပါတယ်။

Photo Credit

ရီးရဲလ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပေမယ့် ဘုတ်အဖွဲ့ဝင်တွေကတော့ ဘာပေကို ခေါ်ယူနိုင်ရေးအတွက် ဇီဒန်းကို လုံလောက်တဲ့ရန်ပုံငွေ ထုတ်ပေးဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာတိုက်စစ်မှူး နေမာကို ပေါင် ၁၉၈သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit

Zawgyi

႐ူးသြပ္ေလာက္တဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ဘာေပကို ေခၚယူဖို႔ ရီးရဲလ္ စိတ္လႈပ္ရွားဖြယ္စီစဥ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပကို ႐ူးသြပ္စရာေကာင္းတဲ့ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၃၄၀ နဲ႔ ေခၚယူဖုိ႔ စီစဥ္ေနရာ လက္ရွိကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း ၁၅၀နီးပါးနဲ႔ ခ်ိဳးဖ်က္ရမွာျဖစ္ပါတယ္။
ျပင္သစ္လက္ေရြးစင္ ဘာေပဟာ လက္ရွိကမၻာ့ေဘာလုံးေလာကရဲ႕အေတာက္ပဆုံးၾကယ္ပြင့္တစ္ပြင့္အျဖစ္ သတ္မွတ္ျခင္းခံထားရၿပီး အသင္းတုိင္းက အလုိရွိတဲ့ကစားသမားျဖစ္သလုိ အဲဒီအသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္လည္း ပါ၀င္ေနပါတယ္။
ရီးရဲလ္ဟာ ၂၀၁၇ ခုႏွစ္ကတည္းက ဘာေပကို ေခၚယူဖို႔ ဆႏၵရွိခဲ့ေပမယ့္ အဲဒီကစားသမားက မုိနာကိုကေန ျပည္တြင္းၿပိဳင္ဘက္ ပီအက္စ္ဂ်ီအသင္းဆီကုိပဲ ေျပာင္းေရႊ႕ခဲ့ပါတယ္။ ၿပီးခဲ့တ့ဲေႏြရာသီကလည္း ရီးရဲလ္က ေခၚယူဖို႔ စိတ္၀င္စားခဲ့ၿပီး လက္ေတြ႕မွာျဖစ္မလာေပမယ့္ မၾကာခင္အေျပာင္းအလဲေတြျဖစ္လာႏိုင္ပါတယ္။
Calciomercato သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ ကမၻာ့ဖလားဆုရွင္ ဘာေပကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၄၃သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း သိရၿပီး ပီအက္စ္ဂ်ီဘက္ကလည္း ျမင့္မားလြန္းတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔မဟုတ္ရင္ လက္သင့္ခံစဥ္းစားမွာမဟုတ္ေၾကာင္း သိရပါတယ္။
အသက္ ၂၀အရြယ္ရွိ ဘာေပဟာ ၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္နည္းျပဇီဒန္းရဲ႕အလုိရွိစာရင္းမွာ ထိပ္ဆုံးနားကေန ပါ၀င္ခဲ့ေပမယ့္ အသင္းက ဂါရတ္ေဘးလ္၊ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္နဲ႔ အစၥကို အစရွိတဲ့နာမည္ႀကီးကစားသမားေတြကို ေရာင္းမထုတ္ႏိုင္ခ့ဲတာေၾကာင့္ ဘာေပကိုလည္း ေခၚယူဖို႔ အဆင္မေျပျဖစ္ခဲ့ရပါတယ္။
ခ်န္ပီယံလိဂ္ခ်န္ပီယံ ၁၃ႀကိမ္ရရွိထားတဲ့ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက တုိက္စစ္ပိုင္းအတြက္ ဟာဇက္နဲ႔ ဂ်ိဳဗစ္တို႔ကို ေခၚယူခဲ့သလို ဘရာဇီးလူငယ္တုိက္စစ္မွဴး ႐ိုဒရီဂိုကိုလည္း ဆန္းတို႔စ္အသင္းကေန ေခၚယူခဲ့ပါတယ္။
ရီးရဲလ္ဟာ ဒီရာသီမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရေပမယ့္ ဘုတ္အဖြဲ႕၀င္ေတြကေတာ့ ဘာေပကို ေခၚယူႏိုင္ေရးအတြက္ ဇီဒန္းကို လုံေလာက္တဲ့ရန္ပုံေငြ ထုတ္ေပးဖြယ္ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးအျဖစ္ ပီအက္စ္ဂ်ီအသင္းက ဘာစီလုိနာတုိက္စစ္မွဴး ေနမာကို ေပါင္ ၁၉၈သန္းနဲ႔ေခၚယူခ့ဲတာျဖစ္ပါတယ္။