ရီးရဲလ်ရခဲ့တဲ့ပထမဂိုးမတိုင်ခင် ဒိုင်လူကြီးပေါင်ကြားထဲကနေ ဘောလုံးဆွဲထုတ်ခဲ့တဲ့ဟာဇတ်

photo-sport bible

photo-social media

အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ ရီးရဲလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်ရခဲ့တဲ့ပထမဂိုးမတိုင်ခင် တောင်ပံကစားသမားအီဒင်ဟာဇတ်ရဲ့တစ်ကိုယ်တော်အစွမ်းက ကွင်းလယ်ဒိုင်လူကြီးဆက်စပ်ခဲ့လို့ ဆိုရှယ်မီဒီယာထက်မှာ လူပြောများသွားပါတယ်။ အဲဒီပွဲမှာ ရီးရဲလ်ဟာ ပွဲချိန်အများစုမှာ ခြေစွမ်းသာလွန်ခဲ့သလို မိနစ် ၈၀ လောက်အထိ ၂ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ပီအက်စ်ဂျီကို ၂ ဂိုးဆက်တိုက်ခွင့်ပြုခဲ့ရလို့ နိုင်ရမယ့်ပွဲတစ်ပွဲကို သရေနဲ့သာ ကျေနပ်လိုက်ရပါတယ်။

photo-gettyimages

အဲဒီပွဲက ရီးရဲလ်ရခဲ့တဲ့ ပထမဂိုးဟာ အပေးအယူအချိတ်အဆက်တွေနဲ့ သွင်းသွားခဲ့တာဖြစ်လို့ အတော်လေးကောင်းမွန်လှပါတယ်။ ဒါပေမဲ့ အဲဒီဂိုးမှာ ကွင်းလယ်စက်ဝိုင်းနားက ဟာဇတ်ရဲ့တစ်ကိုယ်တော်အစွမ်းဟာ အဓိကကျခဲ့ပါတယ်။ ဟာဇတ်ဟာ ကိုယ့်ကွင်းဘက်ခြမ်းမှာပဲ ပီအက်စ်ဂျီကစားသမားနှစ်ယောက်ကို လှည့်စားပြီး ဖြစ်ချင်တော့ အဲဒီလိုလှည့်စားအပြီး သူ့လမ်းကြောင်းထဲမှာ ဒိုင်လူကြီးက ရှိနေလို့ ဒိုင်လူကြီးရဲ့ပေါင်ခြားထဲကနေ ဘောလုံးဆွဲထုတ်သွားကာ ညာတောင်ပံဘက်ကိုဘောလုံးပေးလိုက်ပြီး အဲဒီကနေ အဆင့်ဆင့်နဲ့ ဘင်ဇီမာဂိုးရသွားခဲ့တာပါ။

၂၈ နှစ်အရွယ် အဲဒီဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ဒုတိယပိုင်းရောက်တော့ ဒဏ်ရာရပြီး ကွင်းထဲကနေ ထွက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီပွဲကြီးပွဲကောင်းမှာ သူ့ရဲ့လုပ်နိုင်စွမ်းကိုတော့ ချန်ခဲ့နိုင်ပါတယ်။ ဟာဇတ်ဟာ ဂိုးမသွင်းပေမယ့်လည်း နောက်ပိုင်းကစားခဲ့တဲ့ ရီးရဲလ်ရဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရာသီအစကနဲ့မတူတော့ဘဲ နောက်ပွဲတွေမှာ သူ့ရဲ့အရင်ခြေစွမ်းကို တဖြည်းဖြည်းပြန်ရလာခဲ့တာပါ။

[Zawgyi]

ရီးရဲလ္ရခဲ့တဲ့ပထမဂိုးမတိုင္ခင္ ဒိုင္လူႀကီးေပါင္ၾကားထဲကေန ေဘာလုံးဆြဲထုတ္ခဲ့တဲ့ဟာဇတ္

အျပန္အလွန္သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့တဲ့ ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီတို႔ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္္မွာ ရီးရဲလ္ရခဲ့တဲ့ပထမဂိုးမတိုင္ခင္ ေတာင္ပံကစားသမားအီဒင္ဟာဇတ္ရဲ႕တစ္ကိုယ္ေတာ္အစြမ္းက ကြငး္လယ္ဒိုင္လူႀကီးဆက္စပ္ခ့ဲလုိ႔ ဆုိရွယ္မီဒီယာထက္မွာ လူေျပာမ်ားသြားပါတယ္။ အဲဒီပြဲမွာ ရီးရဲလ္ဟာ ပြဲခ်ိန္အမ်ားစုမွာ ေျခစြမ္းသာလြန္ခဲ့သလို မိနစ္ ၈၀ ေလာက္အထိ ၂ ဂိုးျပတ္နဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာ ပီအက္စ္ဂ်ီကို ၂ ဂိုးဆက္တုိက္ခြင့္ျပဳခဲ့ရလုိ႔ ႏိုင္ရမယ့္ပြဲတစ္ပြဲကို သေရနဲ႔သာ ေက်နပ္လိုက္ရပါတယ္။

အဲဒီပြဲက ရီးရဲလ္ရခဲ့တဲ့ ပထမဂိုးဟာ အေပးအယူအခ်ိတ္အဆက္ေတြနဲ႔ သြငး္သြားခဲ့တာျဖစ္လုိ႔ အေတာ္ေလးေကာင္းမြန္လွပါတယ္။ ဒါေပမဲ့ အဲဒီဂိုးမွာ ကြင္းလယ္စက္၀ိုင္းနားက ဟာဇတ္ရဲ႕တစ္ကိုယ္ေတာ္အစြမ္းဟာ အဓိကက်ခဲ့ပါတယ္။ ဟာဇတ္ဟာ ကိုယ့္ကြင္းဘက္ျခမ္းမွာပဲ ပီအက္စ္ဂ်ီကစားသမားႏွစ္ေယာက္ကို လွည့္စားၿပီး ျဖစ္ခ်င္ေတာ့ အဲဒီလုိလွည့္စားအၿပီး သူ႔လမ္းေၾကာင္းထဲမွာ ဒုိင္လူႀကီးက ရွိေနလို႔ ဒိုင္လူႀကီးရဲ႕ေပါင္ျခားထဲကေန ေဘာလုံးဆြဲထုတ္သြားကာ ညာေတာင္ပံဘက္ကိုေဘာလုံးေပးလိုက္ၿပီး အဲဒီကေန အဆင့္ဆင့္နဲ႔ ဘင္ဇီမာဂိုးရသြားခဲ့တာပါ။

၂၈ ႏွစ္အရြယ္ အဲဒီဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာ ဒုတိယပိုင္းေရာက္ေတာ့ ဒဏ္ရာရၿပီး ကြင္းထဲကေန ထြက္သြားခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီပြဲႀကီးပြဲေကာင္းမွာ သူ႔ရဲ႕လုပ္ႏိုင္စြမး္ကိုေတာ့ ခ်န္ခဲ့ႏိုင္ပါတယ္။ ဟာဇတ္ဟာ ဂိုးမသြင္းေပမယ့္လည္း ေနာက္ပိုင္းကစားခဲ့တဲ့ ရီးရဲလ္ရဲ႕ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ရာသီအစကနဲ႔မတူေတာ့ဘဲ ေနာက္ပြဲေတြမွာ သူ႔ရဲ႕အရင္ေျခစြမး္ကို တျဖည္းျဖည္းျပန္ရလာခဲ့တာပါ။