ရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလို့ နေမာဖွင့်ဟ

PC ; Internet

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ဘာနေဗျူးမှာ ကစားရမယ့် ရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားရန်အဆင်သင့်ဖြစ်နေပြီလို့ ဖွင့်ဟလိုက်ကြောင်း Dailymail ကဖော်ပြလိုက်ပါတယ်။နေမာဟာ တံကောက်ကြောဒဏ်ရာကြောင့် ကာလအတန်ကြာအနားယူနေခဲ့ရသူဖြစ်ပြီး နိုင်ငံတကာရက်သတ္တပတ်အတွင်းကစားခဲ့တဲ့ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေမှာလည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

PC ; Internet

ဒါပေမဲ့ မက်ဒရစ်မြို့မှာကျင်းပနေတဲ့ Davis Cup တင်းနစ်ပြိုင်ပွဲကိုသွားရောက်ကြည့်ရှူနေစဉ်ကာလအတွင်း မီဒီယာတွေနဲ့တွေ့ဆုံမှုမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း နေမာကထုတ်ဖော်ပြောကြားလိုက်တာပါ။ “ ရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင် ကစားဖို့အတွက် လုံလောက်တဲ့ကြံ့ခိုင်မှုရှိနေပြီလို့ခံစားရပါတယ်” လို့ မက်ဒရစ်အခြေစိုက်မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ နေမာကဖြေကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အနာဂါတ်နဲ့ ပတ်သတ်တဲ့ ဆက်လက်မေးမြန်းမှုတွေကိုတော့ ပီအက်စ်ဂျီကနေထွက်ခွာမယ်ဆိုတဲ့ လေသံမျိုးထွက်လာခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေကြားဖို့ ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။

PC ; Internet

နေမာဟာ မကြာခဏဆိုသလို စပိန်ကိုလာရောက်နေတာကြောင့် သူ့အနေနဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ ယူဆမှုတွေရှိနေပါတယ်။ဘာကာကစားသမားတွေကလည်း ဘရာဇီးတိုက်စစ်မှူးကိုပြန်ခေါ်နိုင်ရေးအတွက် လိုအပ်တဲ့အကူအညီတွေ အသင်းကိုပေးသွားဖို့အထိ စီစဉ်ထားတယ်လို့ သတင်းတွေထွက်နေပါတယ်။

PC ; Internet

ပီအက်စ်ဂျီအသင်းကလည်း နေမာရဲ့နေရာမှာ အစားထိုးရေးအတွက် ကစားသမားသစ်ရှာဖွေနေတယ်လို့ သတင်းထွက်နေပြီး နောက်ဆုံးသတင်းတွေအရ ဒေါ့တ်မန်လူငယ်ကြယ်ပွင့်ဆန်ချိုကို ချိတ်ဆက်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ နေမာကို လိုင်လီနဲ့ကစားမယ့် လီဂူးပွဲစဉ်လူစာရင်းမှာ ပြန်လည်ထည့်သွင်းသွားဖို့ရှိနေပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာက ဘာေနဗ်ဴးမွာ ကစားရမယ့္ ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ပါ၀င္ကစားရန္အဆင္သင့္ျဖစ္ေနၿပီလို႔ ဖြင့္ဟလိုက္ေၾကာင္း Dailymail ကေဖာ္ျပလိုက္ပါတယ္။ေနမာဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ကာလအတန္ၾကာအနားယူေနခဲ့ရသူျဖစ္ျပီး ႏိုင္ငံတကာရက္သတၱပတ္အတြင္းကစားခဲ့တဲ့ ဘရာဇီးလက္ေရြးစင္အသင္းရဲ႕ ပြဲစဥ္ေတြမွာလည္း ပါ၀င္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ဒါေပမဲ့ မက္ဒရစ္ၿမိဳ႔မွာက်င္းပေနတဲ့ Davis Cup တင္းနစ္ျပိဳင္ပြဲကိုသြားေရာက္ၾကည့္ရွဴေနစဥ္ကာလအတြင္း မီဒီယာေတြနဲ႔ေတြ႔ဆံုမႈမွာေတာ့ ၾကံ့ခိုင္မႈျပည့္၀ေနျပီျဖစ္ေၾကာင္း ေနမာကထုတ္ေဖာ္ေျပာၾကားလိုက္တာပါ။ “ ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ပြဲစဥ္မွာပါ၀င္ ကစားဖို႔အတြက္ လံုေလာက္တဲ့ၾကံ့ခိုင္မႈရွိေနျပီလို႔ခံစားရပါတယ္” လို႔ မက္ဒရစ္အေျခစိုက္မီဒီယာေတြနဲ႔ ေတြ႔ဆံုမႈမွာ ေနမာကေျဖၾကားသြားခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕အနာဂါတ္နဲ႔ ပတ္သတ္တဲ့ ဆက္လက္ေမးျမန္းမႈေတြကိုေတာ့ ပီအက္စ္ဂ်ီကေနထြက္ခြာမယ္ဆိုတဲ့ ေလသံမ်ိဳးထြက္လာျခင္းမရွိဘဲ တည္တည္ျငိမ္ျငိမ္နဲ႔ပဲ ေျဖၾကားဖို႔ ျငင္းဆန္ခဲ့ေၾကာင္းသိရပါတယ္။ ေနမာဟာ မၾကာခဏဆိုသလို စပိန္ကိုလာေရာက္ေနတာေၾကာင့္ သူ႔အေနနဲ႔ ဘာစီလိုနာကို ျပန္လည္ေျပာင္းေရႊ႔ဖို႔ ၾကိဳးစားေနတယ္လို႔ ယူဆမႈေတြရွိေနပါတယ္။ဘာကာကစားသမားေတြကလည္း ဘရာဇီးတိုက္စစ္မွဴးကိုျပန္ေခၚႏိုင္ေရးအတြက္ လိုအပ္တဲ့အကူအညီေတြ အသင္းကိုေပးသြားဖို႔အထိ စီစဥ္ထားတယ္လို႔ သတင္းေတြထြက္ေနပါတယ္။ ပီအက္စ္ဂ်ီအသင္းကလည္း ေနမာရဲ႕ေနရာမွာ အစားထိုးေရးအတြက္ ကစားသမားသစ္ရွာေဖြေနတယ္လို႔ သတင္းထြက္ေနျပီး ေနာက္ဆံုးသတင္းေတြအရ ေဒါ့တ္မန္လူငယ္ၾကယ္ပြင့္ဆန္ခ်ိဳကို ခ်ိတ္ဆက္ေနတယ္လို႔သိရပါတယ္။လက္ရွိအခ်ိန္မွာ ၾကံ့ခိုင္မႈျပည့္၀ေနျပီျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ေနမာကို လိုင္လီနဲ႔ကစားမယ့္ လီဂူးပြဲစဥ္လူစာရင္းမွာ ျပန္လည္ထည့္သြင္းသြားဖို႔ရွိေနပါတယ္။