ရာသီအကုန်မှာ ယူနိုက်တက်ကို ရော်နယ်ဒို ပြန်ရောက်လာတော့မယ်လို့ သတင်းထွက်ပေါ်

Photo Credit

Photo Credit

စပိန်မှာထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယခုရာသီအကုန်မှာ အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။

Photo Credit

အခုမှ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရော်နယ်ဒို ပြောင်းရွှေ့လာတာ ၁နှစ်ကျော်ကျော်ပဲရှိသေးပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း နည်းပြဆာရီနဲ့ Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ရော်နယ်ဒိုတို့ကြား ဆက်ဆံရေးက အကောင်းဆုံးအနေအထားမှာမရှိခဲ့ပါဘူး။

Photo Credit

စပိန်နိုင်ငံသား ဂျာနယ်လစ်လည်းဖြစ်၊ ဘောလုံးရေးရာကျွမ်းကျင်သူလည်းဖြစ်တဲ့ အက်ဒွါဒိုအင်ဒါက ”တကယ်လို့များ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလားမရဘူးဆိုရင် ရော်နယ်ဒိုလည်း အသင်းနဲ့လမ်းခွဲသွားနိုင်ပါတယ်”

Photo Credit

”သူဟာ မတူညီတဲ့ကလပ်အသင်း ၃သင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ဖို့ ဂျူဗင်တပ်စ်ကို ရောက်လာပြီး ကြိုးစားနေတာဖြစ်ပေမယ့် အခြေအနေတွေက ထင်မှတ်ထားတာထက် ပိုမိုရှုပ်ထွေးလာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

ဥရောပမှာ အောင်မြင်မှုရဖို့ ရုန်းကန်နေရတဲ့အပြင် ဂျူဗင်တပ်စ်အသင်းက ကြယ်ပွင့်တိုက်စစ်မှူး ဘာပေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကို ခေါ်ယူဖို့ ကြိုးစားနေတာကလည်း အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုကို အသင်းကနေ ထွက်ခွာစေဖို့ ပိုမိုတွန်းအားပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

Photo Credit

”ဂျူဗင်တပ်စ်က ပေါ့ဂ်ဘာနဲ့ဘာပေ ပြင်သစ်သားနှစ်ယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့ကတော့ ခက်ပါတယ်။ အထူးသဖြင့် ဒုတိယတစ်ယောက်ကိုပါ။ လုပ်ခလစာကန့်သတ်ချက်တွေကြောင့် တကယ်လို့ ဂျူဗင်တပ်စ်သာ သူတို့ကို ခေါ်မယ်ဆိုရင် ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုရဖို့များသွားနိုင်ပါတယ်”လို့ အင်ဒါက ဆက်ပြောပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ၂၀၀၉ နွေရာသီက ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်လာပြီးနောက် ရီးရဲလ်ကစားသမားအဖြစ် ၉နှစ်ကြာကစားခဲ့တုန်းကလည်း နှစ်တိုင်းနီးပါး ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ဖု့ိ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်ကို မပြောင်းခင် တစ်နှစ်အလိုအထိ အဲဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit

ဗြိတိန်သတင်းစာ The Sun ကလည်း တကယ်လို့ ရော်နယ်ဒိုသာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ယူနိုက်တက်က သူ့ရဲ့နောက်ဆုံးနားခိုရာကလပ်ဖြစ်လာနိုင်တယ်လို့ ရေးသားခဲ့ပြီး ရီးရဲလ်ကို ပြန်ပြောင်းဖို့အပြင် အင်တာမိုင်ယာမီ၊ ပီအက်စ်ဂျီနဲ့ တရုတ်စူပါလိဂ်ကလပ်တွေနဲ့လည်း ချိတ်ဆက်မှုတွေရှိနေပါတယ်။

Photo Credit

Zawgyi

ရာသီအကုန္မွာ ယူႏုိက္တက္ကို ေရာ္နယ္ဒို ျပန္ေရာက္လာေတာ့မယ္လုိ႔ သတင္းထြက္ေပၚ

စပိန္မွာထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ယခုရာသီအကုန္မွာ အသင္းေဟာင္းယူႏုိက္တက္ကို ျပန္လည္ေရာက္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အခုမွ ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္ကို ေရာ္နယ္ဒို ေျပာင္းေရႊ႕လာတာ ၁ႏွစ္ေက်ာ္ေက်ာ္ပဲရွိေသးေပမယ့္ ၿပီးခဲ့တဲ့ရက္သတၱပတ္ အနည္းငယ္ အတြင္း နည္းျပဆာရီနဲ႔ Ballon d’Or ဆု ၅ႀကိမ္ရရွိထားတဲ့ေရာ္နယ္ဒိုတုိ႔ၾကား ဆက္ဆံေရးက အေကာင္းဆုံး အေန အထားမွာမရွိခဲ့ပါဘူး။

စပိန္ႏုိင္ငံသား ဂ်ာနယ္လစ္လည္းျဖစ္၊ ေဘာလုံးေရးရာကၽြမ္းက်င္သူလည္းျဖစ္တဲ့ အက္ဒြါဒိုအင္ဒါက ”တကယ္လုိ႔မ်ား ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အသင္း ခ်န္ပီယံလိဂ္ဖလားမရဘူးဆုိရင္ ေရာ္နယ္ဒိုလည္း အသင္းနဲ႔လမ္းခြဲသြားႏိုင္ပါတယ္”
”သူဟာ မတူညီတဲ့ကလပ္အသင္း ၃သင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ႏုိင္ဖို႔ ဂ်ဴဗင္တပ္စ္ကို ေရာက္လာၿပီး ႀကိဳးစားေနတာျဖစ္ေပမယ့္ အေျခအေနေတြက ထင္မွတ္ထားတာထက္ ပိုမို႐ႈပ္ေထြးလာပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။
ဥေရာပမွာ ေအာင္ျမင္မႈရဖုိ႔ ႐ုန္းကန္ေနရတဲ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းက ၾကယ္ပြင့္တုိက္စစ္မွဴး ဘာေပနဲ႔ ကြင္းလယ္လူ ေပါ့ဂ္ဘာတို႔ကို ေခၚယူဖို႔ ႀကိဳးစားေနတာကလည္း အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုကို အသင္းကေန ထြက္ခြာေစဖုိ႔ ပိုမိုတြန္းအားေပးေနတယ္လုိ႔ သူက ဆက္ေျပာပါတယ္။

”ဂ်ဴဗင္တပ္စ္က ေပါ့ဂ္ဘာနဲ႔ဘာေပ ျပင္သစ္သားႏွစ္ေယာက္ကို ေခၚယူဖို႔ စိတ္၀င္စားေနၿပီး ေခၚယူႏုိင္ဖို႔ကေတာ့ ခက္ပါ တယ္။ အထူးသျဖင့္ ဒုတိယတစ္ေယာက္ကိုပါ။ လုပ္ခလစာကန္႔သတ္ခ်က္ေတြေၾကာင့္ တကယ္လုိ႔ ဂ်ဴဗင္တပ္စ္သာ သူတုိ႔ကို ေခၚမယ္ဆုိရင္ ေရာ္နယ္ဒုိကို ထြက္ခြာခြင့္ျပဳရဖုိ႔မ်ားသြားႏိုင္ပါတယ္”လုိ႔ အင္ဒါက ဆက္ေျပာပါတယ္။ ေရာ္နယ္ဒို ဟာ ၂၀၀၉ ေႏြရာသီက ယူႏိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ကို ေရာက္လာၿပီးေနာက္ ရီးရဲလ္ကစားသမား အျဖစ္ ၉ႏွစ္ ၾကာ ကစားခဲ့တုန္းကလည္း ႏွစ္တုိင္းနီးပါး ယူႏုိက္တက္ကို ျပန္လည္ေျပာင္းေရႊ႕ဖု႔ိ သတင္းေတြထြက္ေပၚခဲ့သူျဖစ္ၿပီး ဂ်ဴဗင္တပ္စ္ကို မေျပာင္းခင္ တစ္ႏွစ္အလုိအထိ အဲဒီလုိသတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ျဗိတိန္သတင္းစာ The Sun ကလည္း တကယ္လုိ႔ ေရာ္နယ္ဒိုသာ ဂ်ဴဗင္တပ္စ္ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့မယ္ဆုိရင္ ယူႏုိက္တက္က သူ႕ရဲ႕ ေနာက္ဆုံး နားခုိရာကလပ္ျဖစ္လာႏုိင္တယ္လုိ႔ ေရးသားခဲ့ၿပီး ရီးရဲလ္ကို ျပန္ေျပာင္းဖို႔အျပင္ အင္တာမိုင္ယာမီ၊ ပီအက္စ္ဂ်ီနဲ႔ တ႐ုတ္စူပါလိဂ္ကလပ္ေတြနဲ႔လည္း ခ်ိတ္ဆက္မႈေတြရွိေနပါတယ္။