ရာသီစလု့ိ ၃ပုံ ၁ပုံတောင်မရှိသေးချိန်မှာ ဂိုး ၃၀ပါဝင်ပတ်သက်ထားပြီးဖြစ်တဲ့စတာလင်း

Photo Credit

Photo Credit

အင်္ဂလန်တိုက်စစ်မှူး ရာဟမ်စတာလင်းဟာ လက်ရွေးစင်အသင်းဖော် ဂျိုးလ်ဂိုးမက်ဇ်နဲ့ အချင်းများခဲ့မှုကြောင့် မွန်တီနီဂရိုအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ကိုဆိုဗိုအသင်းနဲ့ပွဲစဉ်မှာတော့ စတာလင်းတစ်ယောက် အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

Photo Credit

အဆိုပါပွဲစဉ်မှာ စီးတီးတိုက်စစ်မှူးက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းဖော်တွေဖြစ်တဲ့ ဟယ်ရီဝင့်ခ်၊ ကိန်း၊ မားကပ်စ်ရက်ဖို့ဒ်နဲ့ မေဆင့်မောင့်တို့က အသီးသီးဂိုးတွေသွင်းယူခဲ့ကြပြီး ကိုဆိုဗိုအသင်းကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်ပြီးဆုံးချိန်မှာလည်း နည်းပြ ဂါရတ်ဆောက်ဂိတ်က စတာလင်းရဲ့ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ထပ်မံ သဘောတွေ့နေခဲ့ပါတယ်။

Photo Credit

ဆောက်ဂိတ်က စိန့်ဂျော့ချ်ပါ့ခ်မှာ အသင်းရဲ့ အောင်မြင်မှုတွေကို အမှတ်ရနေတော့မှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းက ကိုဆိုဗိုနဲ့ပွဲစဉ်မှာ စံချိန်တွေ ချိုးဖျက်နိုင်ခဲ့ပြီး ယူရို ၂၀၂၀ ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်သလို ထိုနေ့က ကိုဆိုဗိုပရိသတ်တွေကလည်း အင်္ဂလန်အသင်းကို အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

Photo Credit

ဒီလို မှတ်တမ်းတွေ ရေးထိုးမယ်ဆိုရင် စတာလင်းရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ထည့်ပြောကြရမှာပါလိ့ု ဆောက်ဂိတ်က ပြောပါတယ်။ ၂၀၁၈-၁၉ ရာသီမှာ စတာလင်းလောက် ကောင်းမွန်တဲ့ကစားသမားကို ရှာဖို့ ခက်ခဲပါတယ်။

Photo Credit

သူက ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ကာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၂ကြိမ်ဆက် ကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အခု ၂၀၁၉-၂၀ ရာသီရဲ့ လေးလလောက်အတွင်းမှာပဲ သူက ကြောက်စရာကောင်းတဲ့ ကစားသမား ဖြစ်နေပြန်ပါပြီ။

Photo Credit

တနင်္ဂနွေနေ့ပွဲစဉ် ပရီစတီနာမှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ဂိုးကို သူပဲ ဖန်တီးပေးခဲ့တာပါ။ စတာလင်းက ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ၃၂ ပွဲကစားပြီး သွင်းဂိုးရော ဂိုးဖန်တီးမှု အကြိမ် ၃၀ လုပ်ဆောင်ထားခဲ့ပြီ ဖြစ်ပါတယ်။
စတာလင်ရဲ့ ၂၀၁၉-၂၀ ရာသီ စွမ်းဆောင်မှုများ

ချန်ပီယံလိဂ် – ၅ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ်

ပရီးမီးယားလိဂ် – ၇ ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ်

နေးရှင်းလိဂ် – ၂ ဂိုး

ကွန်မြူနတီဒိုင်း – ၁ ဂိုး

ချစ်ကြည်ရေးပွဲစဉ် – ၂ ဂိုး

ယူရိုခြေစစ်ပွဲ – ၈ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်

လိဂ်ဖလား – ၁ ဂိုး

Photo Credit

Zawgyi

ရာသီစလု႔ိ ၃ပုံ ၁ပုံေတာင္မရွိေသးခ်ိန္မွာ ဂိုး ၃၀ပါ၀င္ပတ္သက္ထားၿပီးျဖစ္တဲ့စတာလင္း

အဂၤလန္တိုက္စစ္မွဴး ရာဟမ္စတာလင္းဟာ လက္ေရြးစင္အသင္းေဖာ္ ဂ်ိဳးလ္ဂိုးမက္ဇ္နဲ႔ အခ်င္းမ်ားခဲ့မႈေၾကာင့္ မြန္တီနီဂရို အသင္း နဲ႔ပြဲစဥ္မွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။ ကိုဆိုဗိုအသင္းနဲ႔ပြဲစဥ္မွာေတာ့ စတာလင္း တစ္ေယာက္ အဂၤလန္အသင္း လူစာရင္းမွာ ျပန္လည္ပါဝင္လာခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ စီးတီးတိုက္စစ္မွဴးက ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ အသင္းေဖာ္ေတြျဖစ္တဲ့ ဟယ္ရီဝင့္ခ္၊ ကိန္း၊ မားကပ္စ္ရက္ဖို႔ဒ္နဲ႔ ေမဆင့္ေမာင့္တို႔က အသီးသီး ဂိုးေတြသြင္းယူခဲ့ၾကၿပီး ကိုဆိုဗိုအသင္းကို ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရိွခဲ့ပါတယ္။

ထိုပြဲစဥ္ၿပီးဆံုးခ်ိန္မွာလည္း နညး္ျပ ဂါရတ္ေဆာက္ဂိတ္က စတာလင္း ရဲ႕ ေကာင္းမြန္တဲ့ေျခစြမ္းေတြကို ထပ္မံ သေဘာ ေတြ႔ေနခဲ့ပါတယ္။ ေဆာက္ဂိတ္က စိန္႔ေဂ်ာ့ခ်္ပါ့ခ္မွာ အသင္းရဲ႕ ေအာင္ျမင္မႈေတြကို အမွတ္ရေနေတာ့မွာ ျဖစ္ပါတယ္။ ဟယ္ရီကိန္းက ကိုဆုိဗိုနဲ႔ပြဲစဥ္မွာ စံခ်ိန္ေတြခ်ိဳးဖ်က္ႏိုင္ခဲ့ျပီး ယူရို ၂၀၂၀ ပြဲထြက္လူစာရင္းမွာ ပါဝင္လာႏိုင္သလို ထိုေန႔က ကိုဆိုဗိုပရိသတ္ေတြကလည္း အဂၤလန္အသင္းကို အားရဝမ္းသာ ႀကိဳဆိုခဲ့ၾကပါတယ္။

ဒီလို မွတ္တမ္းေတြ ေရးထိုးမယ္ဆိုရင္ စတာလင္းရဲ႕ စြမ္းေဆာင္ရည္ေတြကိုလည္း ထည့္ေျပာၾကရမွာပါလိ႔ု ေဆာက္ဂိတ္ က ေျပာပါတယ္။ ၂၀၁၈-၁၉ ရာသီမွာ စတာလင္းေလာက္ ေကာင္းမြန္တဲ့ကစားသမားကို ရွာဖို႔ ခက္ခဲပါတယ္။ သူက ပရီးမီးယားလိဂ္သြင္းဂိုး ၁၇ ဂိုးသြင္းယူၿပီး ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ကာ မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္ဖလား ၂ႀကိမ္ဆက္ ကိုင္ေျမွာက္ႏိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။ အခု ၂၀၁၉-၂၀ ရာသီရဲ႕ ေလးလေလာက္အတြင္းမွာပဲ သူက ေၾကာက္စရာေကာင္းတဲ့ ကစားသမား ျဖစ္ေနျပန္ပါၿပီ။

တနဂၤေႏြေန႔ပြဲစဥ္ ပရီစတီနာမွာလည္း ရက္ရွ္ဖို႔ဒ္ရဲ႕ဂိုးကို သူပဲ ဖန္တီးေပးခဲ့တာပါ။ စတာလင္းက ကလပ္အသင္းမွာေရာ ႏိုင္ငံအသင္းမွာပါ ၃၂ ပြဲကစားၿပီး သြင္းဂိုးေရာ ဂိုးဖန္တီးမႈ အႀကိမ္ ၃၀ လုပ္ေဆာင္ထားခဲ့ၿပီ ျဖစ္ပါတယ္။
စတာလင္ရဲ႕ ၂၀၁၉-၂၀ ရာသီ စြမ္းေဆာင္မႈမ်ား

ခ်န္ပီယံလိဂ္ – ၅ ဂိုး ၊ ဂိုးဖန္တီးမႈ ၂ ႀကိမ္

ပရီးမီးယားလိဂ္ – ၇ ဂိုး ၊ ဂိုးဖန္တီးမႈ ၁ ႀကိမ္

ေနးရွင္းလိဂ္ – ၂ ဂိုး

ကြန္ျမဴနတီဒိုင္း – ၁ ဂိုး

ခ်စ္ၾကည္ေရးပြဲစဥ္ – ၂ ဂိုး

ယူ႐ိုေျခစစ္ပြဲ – ၈ ဂိုး၊ ဂိုးဖန္တီးမႈ ၁ ၾကိမ္

လိဂ္ဖလား – ၁ ဂိုး