ရပ်ရ်ှဖို့ဒ် ရဲ့အောင်ပွဲခံတဲ့ပုံစံဟာ စိတ်ပူစရာရှိသလား?

photo internet

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ် 4 ဖြစ်တဲ့ မန်ယူနဲ့ ပါတီဇန်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ 3 ဂိုး၊ဂိုးမရှိနဲ့အနိုင်ရပြီး ပရိသတ်တွေကျေနပ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဂရင်းဝုဒ် ၊ မာစီယဲလ်၊ ရပ်ရ်ှဖို့ဒ် တို့က ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဂိုးပြတ်နိုင်ပွဲကြောင့် မန်ယူအသင်းဟာ 32အသင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။

photo internet

အဲဒီပွဲစဉ်မှာ ရပ်ရှ်ဖို့ဒ်ဟာ 49မိနစ်ဝန်းကျင်မှာ တတိယမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးတဲ့အခါမှာတော့ အောင်ပွဲခံတဲ့အနေနဲ့ မြက်ခင်းစိမ်းပေါ်ဖြေးဖြေးလေးပြေးပြီး ဒူးနဲ့လျှောတိုက်ကာ၊တစ်ပတ်မြေလိမ့်ကျွမ်းထိုးခဲ့ပါတယ်။ ကျွမ်းထိုးတာဟာ ခပ်ဖြေးဖြေးဖြစ်ပေမယ့် ခေါင်း၊ဇက်သုံးတာကြောင့် အန္တရာယ်နည်းနည်းရှိတဲ့ အောင်ပွဲခံပုံစံလို့ ဆိုသူတွေက ဆိုကြပါတယ်။

photo internet

ဘောလုံးသမားတွေအတွက်အောင်ပွဲခံတဲ့ပုံစံအချို့ဟာ တစ်ခါတလေမှာအန္တရာယ်ရှိနိုင်ပါတယ်။ မြက်ခင်းပေါ်ဒူးနဲ့လျှောတိုက်အောင်ပွဲခံတာဟာ အခန့်မသင့်ရင် ဒဏ်ရာရနိုင်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အချို့ပွဲတွေမှာ ဒူးနဲ့လျှောတိုက်အောင်ပွဲခံခဲ့တာကြောင့် နည်းပြဆိုးလ်ရှားရဲ့အောင်ပွဲခံတဲ့ပုံစံနဲ့တူကြောင်း ပြောဆိုမှုတွေရှိ ပါတယ်။

photo internet

နည်းပြဆိုးလ်ရှားတစ်ယောက်လည်း ဒူးနဲ့လျှောတိုက်အောင်ပွဲခံခဲ့တာကြောင့် ဒူးဒဏ်ရာရရှိဖူးသလို၊ ဆိုးလ်ရှားပုံစံ အောင်ပွဲခံခဲ့တဲ့ ရပ်ရှ်ဖို့ဒ်တစ်ယောက်ဟာလည်း ကာရာဗိုဖလားပြိုင်ပွဲ၊ ချဲလ်ဆီးနဲ့ပွဲစဉ်တုန်းကလည်း ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ “ဂိုးသွင်းပြီးလို့အောင်ပွဲခံတဲ့အခါ ဘယ်ပုံစံနဲ့အောင်ပွဲမခံရဘူးလို့ ကျွန်တော်သူတို့ကိုမပြော ထားပါဘူး။ ကြိုက်တဲ့ပုံစံနဲ့သူတို့လွတ်လွတ် လပ်လပ်အောင်ပွဲခံနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဂိုးသွင်းဖို့ဟာခက်ပါ တယ်။ အခုသွင်းလိုက်တဲ့ဂိုးဟာ သူတို့အတွက် နောက်ဆုံးသွင်းဂိုးလည်းဖြစ်သွားနိုင်လို့ပါ”လို့နည်းပြဆိုးလ်ရှားကတော့ အသင်းသားတွေအောင်ပွဲခံတဲ့ပုံစံအပေါ်လွတ်လပ်မှုပေးထားကြောင်းပြောဆိုထားဖူးပါတယ်။

photo internet

ဒါပေမယ့်ကစားသမားတွေအနေနဲ့ အောင်ပွဲခံတဲ့ပုံစံလုပ်တဲ့အခါ မိမိအတွက်မထိခိုက်အောင်တော့ဆင်ခြင် သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘောလုံးသမားတွေအတွက် ကိုယ်ခန္ဓာမထိခိုက်ဖို့ဟာအရမ်းအရေးကြီး လို့ဖြစ်ပြီး၊ အပျော်လွန်တာရဲ့နောက်မှာ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်လို့ဖြစ်ပါတယ်။ အခုအချိန်မှာတော့မန်ယူအသင်း ဟာ ပရိသတ်တွေကျေနပ်အောင်ကစားပြနိုင်တဲ့အနေအထားရှိနေပါတယ်။ ဆက်လက်ပြီးလည်း အားနည်းချက်တွေပြင်ပြီးတော့ အောင်ပွဲတွေဆက်ရနိုင်ဖို့ ပရိသတ်တွေကမျှော်လင့်နေပါတယ်။

photo internet

(Zawgyi Version)

ရပ္ရ္ွဖို႔ဒ္ ရဲ႕ေအာင္ပြဲခံတဲ့ပုံစံဟာ စိတ္ပူစရာရိွသလား?

မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူရိုပါလိဂ္အုပ္စုပြဲစဥ္ 4 ျဖစ္တဲ့ မန္ယူနဲ႔ ပါတီဇန္အသင္းတို႔ရဲ႕ပြဲစဥ္မွာ မန္ယူအသင္းဟာ 3 ဂိုး၊ဂိုးမရိွနဲ႔အႏိုင္ရၿပီး ပရိသတ္ေတြေက်နပ္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ဂရင္းဝုဒ္ ၊ မာစီယဲလ္၊ ရပ္ရ္ွဖို႔ဒ္ တို႔က ဂိုးေတြသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲဒီလို ဂိုးျပတ္ႏိုင္ပြဲေၾကာင့္ မန္ယူအသင္းဟာ 32အသင္း ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါၿပီ။

အဲဒီပြဲစဥ္မွာ ရပ္ရွ္ဖို႔ဒ္ဟာ 49မိနစ္၀န္းက်င္မွာ တတိယေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂိုးသြင္းယူၿပီးတဲ့အခါမွာေတာ့ ေအာင္ပြဲခံတဲ့အေနနဲ႔ ျမက္ခင္းစိမ္းေပၚေျဖးေျဖးေလးေျပးၿပီး ဒူးနဲ႔ေလွ်ာတုိက္ကာ၊တစ္ပတ္ေျမလိမ့္ကၽြမ္းထိုးခဲ့ပါတယ္။ ကၽြမ္းထိုးတာဟာ ခပ္ေျဖးေျဖးျဖစ္ေပမယ့္ ေခါင္း၊ဇက္သုံးတာေၾကာင့္ အႏၱရာယ္နည္းနည္းရိွတဲ့ ေအာင္ပြဲခံပုံစံလုိ႔ ဆိုသူေတြက ဆုိၾကပါတယ္။

ေဘာလုံးသမားေတြအတြက္ေအာင္ပြဲခံတဲ့ပုံစံအခ်ဳိ႕ဟာ တစ္ခါတေလမွာအႏၱရာယ္ရိွႏိုင္ပါတယ္။ ျမက္ခင္းေပၚဒူးနဲ႔ေလွ်ာတိုက္ေအာင္ပြဲခံတာဟာ အခန္႔မသင့္ရင္ ဒဏ္ရာရႏိုင္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ အခ်ဳိ႕ပြဲေတြမွာ ဒူးနဲ႔ေလွ်ာတိုက္ေအာင္ပြဲခံခဲ့တာေၾကာင့္ နည္းျပဆိုးလ္ရွားရဲ႕ေအာင္ပြဲခံတဲ့ပုံစံနဲ႔တူေၾကာင္း ေျပာဆိုမႈေတြရိွပါတယ္။

နည္းျပဆိုးလ္ရွားတစ္ေယာက္လည္း ဒူးနဲ႔ေလွ်ာတိုက္ေအာင္ပြဲခံခဲ့တာေၾကာင့္ ဒူးဒဏ္ရာရရိွဖူးသလို၊ ဆိုးလ္ရွားပုံစံ ေအာင္ပြဲခံခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္တစ္ေယာက္ဟာလည္း ကာရာဗိုဖလားၿပိဳင္ပြဲ၊ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္တုန္းကလည္း ဒူးဒဏ္ရာရရိွခဲ့ပါတယ္။ “ဂိုးသြင္းၿပီးလို႔ေအာင္ပြဲခံတဲ့အခါ ဘယ္ပုံစံနဲ႔ေအာင္ပြဲမခံရဘူးလို႔ ကၽြန္ေတာ္သူတို႔ကိုမေျပာထားပါဘူး။ ႀကိဳက္တဲ့ပုံစံနဲ႔သူတို႔လြတ္လြတ္ လပ္လပ္ေအာင္ပြဲခံႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဂိုးသြင္းဖို႔ဟာခက္ပါတယ္။ အခုသြင္းလိုက္တဲ့ဂိုးဟာ သူတို႔အတြက္ ေနာက္ဆုံးသြင္းဂိုးလည္းျဖစ္သြားႏိုင္လို႔ပါ”လို႔နည္းျပဆုိးလ္ရွားကေတာ့ အသင္းသားေတြေအာင္ပြဲခံတဲ့ပုံစံအေပၚလြတ္လပ္မႈေပးထားေၾကာင္းေျပာဆိုထားဖူးပါတယ္။

ဒါေပမယ့္ကစားသမားေတြအေနနဲ႔ ေအာင္ပြဲခံတဲ့ပုံစံလုပ္တဲ့အခါ မိမိအတြက္မထိခုိက္ေအာင္ေတာ့ဆင္ျခင္ သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေဘာလုံးသမားေတြအတြက္ ကိုယ္ခႏၶာမထိခုိက္ဖို႔ဟာအရမ္းအေရးႀကီး လို႔ျဖစ္ၿပီး၊ အေပ်ာ္လြန္တာရဲ႕ေနာက္မွာ ဆုိးက်ဳိးေတြျဖစ္ေပၚႏိုင္လို႔ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့မန္ယူအသင္း ဟာ ပရိသတ္ေတြေက်နပ္ေအာင္ကစားျပႏိုင္တဲ့အေနအထားရိွေနပါတယ္။ ဆက္လက္ၿပီးလည္း အားနည္းခ်က္ေတြျပင္ၿပီးေတာ့ ေအာင္ပြဲေတြဆက္ရႏိုင္ဖို႔ ပရိသတ္ေတြကေမွ်ာ္လင့္ေနပါတယ္။