ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ဖေးဘရိတ်အသင်းတွေထဲမှာ ဂျာမနီမပါဝင်ကြောင်း ခရူးစ် ဖွင့်ဟ

Photo Credit

Photo Credit

ဂျာမနီအသင်းကွင်းလယ်လူ တိုနီခရူးစ်က မိမိတို့အသင်းမှာ အတွေ့အကြုံပိုင်းအားနည်းကြောင်းနဲ့ ချန်ပီယံဖြစ်ရေးအခွင့်အရေးကို ပယ်ချတာမျိုးမဟုတ်ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းထဲမပါဝင်ကြောင်း ပြောကြားလိုက်ပါတယ်။

Photo Credit

ဂျာမနီအသင်းဟာ စနေညက မိုချင်ဂလက်ဘတ်မှာ ဘီလာရုစ်ကို ၄-၀ ဂိုးနဲ့အနိုင်ယူကာ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲမှာ စံချိန်တင်ပါဝင်မှုအဖြစ် ၁၃ကြိမ်မြောက်ခြေစစ်ပွဲအောင်မြင်သွားပါတယ်။ အဲဒီပွဲမှာ ဂျာမနီအသင်း ဂိုးပြတ်အနိုင်ရခဲ့တာမှန်ပေမယ့် ဂိုးသမားနူအာ ၃ကြိမ်အထိ လက်စွမ်းပြကာကွယ်ခဲ့ရပြီး အဲဒီအထဲမှာ ပင်နယ်တီကာကွယ်မှုလည်း ပါဝင်ခဲ့ပါတယ်။

Photo Credit

ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်ဖွယ်ရလဒ်တွေနဲ့ စောစီးစွာထွက်ခဲ့ရပြီးနောက် ဝါရင့်ကစားသမားတွေရဲ့နေရာမှာ လူငယ်အများစုကို အစားထိုးခဲ့ပြီး ဘီလာရုစ်နဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ ခရူးစ်က လူငယ်အများစုကို အခြေခံထားတဲ့မိမိတို့အသင်းအနေနဲ့ လုပ်ဆောင်စရာအများအပြားကျန်ရှိနေသေးကြောင်း ဆိုပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းဟာ အခုချိန်အထိ အတွေ့အကြုံပိုင်းလိုအပ်ချက်တွေရှိနေပါသေးတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက ကောင်းသထက်ပိုကောင်းလာပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ထိပ်တန်းဖေးဘရိတ်အသင်းတစ်သင်းအဖြစ် ကိုယ့်အသင်းကို မသတ်မှတ်ထားပါဘူး”လို့ ရီးရဲလ်ကွင်းလယ်လူ ခရူးစ်က ပြောပါတယ်။

Photo Credit

ခရူးစ်နဲ့ နူအာတို့လိုပဲ ဂျင်တာလည်း အဲဒီနိုင်ပွဲမှာ အရေးပါခဲ့ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယနဲ့ တတိယဂိုးတွေအတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီး ကလပ်အသင်းရဲ့အိမ်ကွင်းမှာ အကောင်းဆုံးပုံစံပြသခဲ့ပါတယ်။

Photo Credit

”ဗဟိုနောက်ခံလူတစ်ဦးအနေနဲ့ ဒီလိုဂိုးမျိုးသွင်းယူနိုင်ခဲ့တာက ဘောလုံးလောကမှာ မဖြစ်နိုင်စရာဘာမှမရှိဘူးဆိုတာ သက်သေပြနေတာပါပဲ။ နူအာပြောသလိုပဲ ၂၉ပွဲကစားပြီးချိန်မှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အချိန်ပဲလိုအပ်ခဲ့တာပါ”လို့ ဂျင်တာက ပြောပါတယ်။

Photo Credit

Zawgyi

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအတြက္ ေဖးဘရိတ္အသင္းေတြထဲမွာ ဂ်ာမနီမပါ၀င္ေၾကာင္း ခ႐ူးစ္ ဖြင့္ဟ

ဂ်ာမနီအသင္းကြင္းလယ္လူ တိုနီခ႐ူးစ္က မိမိတုိ႔အသင္းမွာ အေတြ႕အႀကံဳပုိင္းအားနည္းေၾကာင္းနဲ႔ ခ်န္ပီယံျဖစ္ေရးအခြင့္အေရးကို ပယ္ခ်တာမ်ိဳးမဟုတ္ေပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုစိန္ေခၚႏုိင္တဲ့အသင္းထဲမပါ၀င္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။
ဂ်ာမနီအသင္းဟာ စေနညက မိုခ်င္ဂလက္ဘတ္မွာ ဘီလာ႐ုစ္ကုိ ၄-၀ ဂိုးနဲ႔အႏိုင္ယူကာ ယူ႐ိုခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ စံခ်ိန္တင္ပါ၀င္မႈအျဖစ္ ၁၃ႀကိမ္ေျမာက္ေျခစစ္ပဲြေအာင္ျမင္သြားပါတယ္။ အဲဒီပြဲမွာ ဂ်ာမနီအသင္း ဂိုးျပတ္အႏုိင္ရခဲ့တာမွန္ေပမယ့္ ဂိုးသမားႏူအာ ၃ႀကိမ္အထိ လက္စြမ္းျပကာကြယ္ခဲ့ရၿပီး အဲဒီအထဲမွာ ပင္နယ္တီကာကြယ္မႈလည္း ပါ၀င္ခဲ့ပါတယ္။
ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လိုဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပဲြမွာ စိတ္ပ်က္ဖြယ္ရလဒ္ေတြနဲ႔ ေစာစီးစြာထြက္ခဲ့ရၿပီးေနာက္ ၀ါရင့္ကစားသမားေတြရဲ႕ေနရာမွာ လူငယ္အမ်ားစုကို အစားထိုးခဲ့ၿပီး ဘီလာ႐ုစ္နဲ႔ပဲြမွာ ၂ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ခ႐ူးစ္က လူငယ္အမ်ားစုကို အေျခခံထားတဲ့မိမိတို႔အသင္းအေနနဲ႔ လုပ္ေဆာင္စရာအမ်ားအျပားက်န္ရွိေနေသးေၾကာင္း ဆုိပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္းဟာ အခုခ်ိန္အထိ အေတြ႕အႀကံဳပုိင္းလုိအပ္ခ်က္ေတြရွိေနပါေသးတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနက ေကာင္းသထက္ပိုေကာင္းလာပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ေျပာရရင္ ထိပ္တန္းေဖးဘရိတ္အသင္းတစ္သင္းအျဖစ္ ကိုယ့္အသင္းကို မသတ္မွတ္ထားပါဘူး”လုိ႔ ရီးရဲလ္ကြင္းလယ္လူ ခ႐ူးစ္က ေျပာပါတယ္။
ခ႐ူးစ္နဲ႔ ႏူအာတုိ႔လုိပဲ ဂ်င္တာလည္း အဲဒီႏိုင္ပြဲမွာ အေရးပါခဲ့ၿပီး ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့သလုိ ဒုတိယနဲ႔ တတိယဂိုးေတြအတြက္လည္း ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ၿပီး ကလပ္အသင္းရဲ႕အိမ္ကြင္းမွာ အေကာင္းဆုံးပုံစံျပသခဲ့ပါတယ္။
”ဗဟိုေနာက္ခံလူတစ္ဦးအေနနဲ႔ ဒီလုိဂုိးမ်ိဳးသြင္းယူႏုိင္ခဲ့တာက ေဘာလုံးေလာကမွာ မျဖစ္ႏိုင္စရာဘာမွမရွိဘူးဆုိတာ သက္ေသျပေနတာပါပဲ။ ႏူအာေျပာသလုိပဲ ၂၉ပြဲကစားၿပီးခ်ိန္မွာ ပထမဆုံးဂိုးသြင္းယူႏုိင္ခဲ့ၿပီး အခ်ိန္ပဲလိုအပ္ခဲ့တာပါ”လုိ႔ ဂ်င္တာက ေျပာပါတယ္။