ယူရိုပါလိဂ်ခြေစွမ်းကို ပရီးမီးယားလိဂ်ဆီယူဆောင်ရမယ်လို့ ဆိုးလ်ရှားဖွင့်ဟ

PC; Internet

အိုးလ်ထရက်ဖို့ဒ်မှာ ပါတီဇန်ဘဲလ်ဂရိတ်ကို ၃ဂိုးပြတ်အနိုင်ရပြီးတဲ့နောက် မန်ယူနည်းပြဆိုးလ်ရှားက အခုယူရိုပါလိဂ်ပုံစံကောင်းကို ပရီးမီးယားလိဂ်ဆီယူဆောင်သွားရမယ်လို့ ပြောဆိုလိုက်ပါတယ်။ဂရင်းဝုဒ်၊မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့ ပထမဆုံးအကြိမ်အတူပွဲထွက်ခြင်းနဲ့အတူ မန်ယူဟာ ဒီကစားသမားတွေရဲ့သွင်းဂိုးတွေကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရပြီး ၂ပွဲကျန်အနေအထားမှာပဲ နောက်တစ်ဆင့်တက်ဖို့ သေချာစေခဲ့ပါတယ်။

PC ; Internet

ပွဲချိန်အစောပိုင်းမှာ အခွင့်အရေးတွေရပေမယ့် အဆုံးသတ်မသေချာတာကြောင့် မချင့်မရဲဖြစ်ရတာ၊ပွဲပြီးဖို့ ၁၅မိနစ်အလိုမှာ တွမ်မီနေးဒဏ်ရာရသွားတာ စတဲ့အစွန်းအထင်းလေးတွေရှိခဲ့ပေမယ့် ဂိုးမပေးခဲ့ရသလို ၃ဂိုးရခဲ့တာကြောင့် နော်ဝေသားနည်းပြကျေနပ်နေပါတယ်။ဒီပွဲကပုံစံကောင်းကို နိုင်ပွဲ ၃ပွဲသာရပြီး အမှတ်ပေးဇယား အဆင့်-၁၀ နေရာမှာရပ်တည်နေရတဲ့ ပရီးမီးယားလိဂ်ဆီယူဆောင်သွားရမယ်လို့လည်း တောင်းဆိုလိုက်တာပါ။

PC ; Internet

“ ဒါဟာ တိုးတက်ဖို့အတွက် လမ်းကြောင်းတစ်ခုဖြစ်သလို အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ဒီနှစ်မှာ ကျွန်တော်တို့ဟာ ခံစစ်အတွက်အာရုံစိုက်ခဲ့ပြီး တောင့်တင်းတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ သွင်းဂိုးတွေ၊ဖန်တီးမှုတွေ၊ကစားသမားတွေရဲ့မျက်နှာပေါ်က အပြုံးတွေကို ကျွန်တော်တို့ မြင်ချင်တာလောက်ပါပဲ။အသင်းရဲ့ဒီညခြေစွမ်းကတော့ အရည်အသွေးမြင့်ပြီး အရမ်းကောင်းခဲ့ပါတယ်။ဂိုးတွေဒီထက်ပိုပြီး ရသင့်ခဲ့ပေမယ့် ဂိုးမပေးခဲ့ရလို့ကျေနပ်ပါတယ်။ဒါဟာ ဂိုးသမားနဲ့ခံစစ်ကစားသမားတွေရဲ့ယုံကြည်မှုအတွက် အမြဲတမ်းအရေးကြီးပါတယ်။

PC ; Internet

နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တာကြောင့်လည်း ပျော်ရွှင်ကျေနပ်မိပါတယ် ” လို့ ဆိုးလ်ရှားက ပြောဆိုသွားပါတယ်။ပထမပိုင်းမှာ အခွင့်အရေးတွေဖြုန်းတီးခဲ့ပေမယ့် ဒုတိယပိုင်းစပြီးမကြာခင်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကလည်း အသင်းရဲ့ခြေစွမ်းကိုကျေနပ်ကြောင်းနဲ့တိုးတက်လာဖို့အတွက် ကြီးမားတဲ့အပေါင်းလက္ခဏာတစ်ရပ်လို့ ဖွင့်ဟသွားပါတယ်။

(zawgyi)

အိုးလ္ထရက္ဖို႔ဒ္မွာ ပါတီဇန္ဘဲလ္ဂရိတ္ကို ၃ဂိုးျပတ္အႏိုင္ရၿပီးတဲ့ေနာက္ မန္ယူနည္းျပဆိုးလ္ရွားက အခုယူရိုပါလိဂ္ပံုစံေကာင္းကို ပရီးမီးယားလိဂ္ဆီယူေဆာင္သြားရမယ္လို႔ ေျပာဆိုလိုက္ပါတယ္။ဂရင္း၀ုဒ္၊မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္တို႔ ပထမဆံုးအႀကိမ္အတူပြဲထြက္ျခင္းနဲ႔အတူ မန္ယူဟာ ဒီကစားသမားေတြရဲ႕သြင္းဂိုးေတြေၾကာင့္ အိမ္ကြင္းမွာ ႏိုင္ပြဲရၿပီး ၂ပြဲက်န္အေနအထားမွာပဲ ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာေစခဲ့ပါတယ္။ပြဲခ်ိန္အေစာပိုင္းမွာ အခြင့္အေရးေတြရေပမယ့္ အဆံုးသတ္မေသခ်ာတာေၾကာင့္ မခ်င့္မရဲျဖစ္ရတာ၊ပြဲၿပီးဖို႔ ၁၅မိနစ္အလိုမွာ တြမ္မီေနးဒဏ္ရာရသြားတာ စတဲ့အစြန္းအထင္းေလးေတြရွိခဲ့ေပမယ့္ ဂိုးမေပးခဲ့ရသလို ၃ဂိုးရခဲ့တာေၾကာင့္ ေနာ္ေ၀သားနည္းျပေက်နပ္ေနပါတယ္။ဒီပြဲကပံုစံေကာင္းကို ႏိုင္ပြဲ ၃ပြဲသာရၿပီး အမွတ္ေပးဇယား အဆင့္-၁၀ ေနရာမွာရပ္တည္ေနရတဲ့ ပရီးမီးယားလိဂ္ဆီယူေဆာင္သြားရမယ္လို႔လည္း ေတာင္းဆိုလိုက္တာပါ။“ ဒါဟာ တိုးတက္ဖို႔အတြက္ လမ္းေၾကာင္းတစ္ခုျဖစ္သလို အေျခခံအုတ္ျမစ္လည္းျဖစ္ပါတယ္။ဒီႏွစ္မွာ ကၽြန္ေတာ္တို႔ဟာ ခံစစ္အတြက္အာရံုစိုက္ခဲ့ၿပီး ေတာင့္တင္းတဲ့အေနအထားျဖစ္ခဲ့ပါတယ္။ပရီးမီးယားလိဂ္မွာ သြင္းဂိုးေတြ၊ဖန္တီးမႈေတြ၊ကစားသမားေတြရဲ႕မ်က္ႏွာေပၚက အၿပံဳးေတြကို ကၽြန္ေတာ္တို႔ ျမင္ခ်င္တာေလာက္ပါပဲ။အသင္းရဲ႕ဒီညေျခစြမ္းကေတာ့ အရည္အေသြးျမင့္ၿပီး အရမ္းေကာင္းခဲ့ပါတယ္။ဂိုးေတြဒီထက္ပိုၿပီး ရသင့္ခဲ့ေပမယ့္ ဂိုးမေပးခဲ့ရလို႔ေက်နပ္ပါတယ္။ဒါဟာ ဂိုးသမားနဲ႔ခံစစ္ကစားသမားေတြရဲ႕ယံုၾကည္မႈအတြက္ အၿမဲတမ္းအေရးႀကီးပါတယ္။ေနာက္တစ္ဆင့္တက္လွမ္းႏိုင္ခဲ့တာေၾကာင့္လည္း ေပ်ာ္ရႊင္ေက်နပ္မိပါတယ္ ” လို႔ ဆိုးလ္ရွားက ေျပာဆိုသြားပါတယ္။ပထမပိုင္းမွာ အခြင့္အေရးေတြျဖဳန္းတီးခဲ့ေပမယ့္ ဒုတိယပိုင္းစၿပီးမၾကာခင္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မွဴးရက္ရွ္ဖို႔ဒ္ကလည္း အသင္းရဲ႕ေျခစြမ္းကိုေက်နပ္ေၾကာင္းနဲ႔တိုးတက္လာဖို႔အတြက္ ႀကီးမားတဲ့အေပါင္းလကၡဏာတစ္ရပ္လို႔ ဖြင့္ဟသြားပါတယ္။